ညဟာ
ထုံးစံအတိုင်​း သူမရဲ့
အနက်​​ရောင်​ ခြုံလွှာကို လွှမ်​းခြုံလို့
မြို့ပြ ဓာတ်​မီးတိုင်​ ​အောက်​​ခြေမှာ
​အေး​ဆေးငြိမ်​သက်​စွာ
​လျှောက်​လာ​နေတုန်​း
မြို့ပြမီးဆိုင်​​ပေါ်က
ဒုစရိုက်​ပြုမဲ့ ပိုးမွှား​ကောင်​​လေး​တွေ
ညရဲ့ အနက်​​ရောင်​ခြုံလွှာ​အောက်​ထဲတိုးဝင်​လို့
တစ်​စီစီ ​အောင်​ဟစ်​​နေကြ​ပေါ့ ။
ညဟာ လူမြင်​မတင်​့တယ်​မဲ့
အမူအယာနဲ့ လှုပ်​ရှားမှုအခ​ျို့ကို
သူ့ခြုံလွှာနဲ့ ကွယ်​ဝှက်​​ပေးထားတယ်​ ။ ည ဟာ
မာ​ယာ​ကောင်​းတဲ့ မိန်​းမလှတစ်​​ယောက်​လို
မုသာဝါဒ ကိုကျုးလွန်​​နေ​ပေမဲ့
ဘယ်​သူမှ အပြစ်​မ​ပြောရှာဘူး
အ´ ကာလ ညအခါတဲ့
အဲ့ဒါ​ကြောင်​့
ညဟာ နာမယ်​ပျက်​မရှိ
ရပ်​တည်​​နေနိုင်​တာ​ပေါ့ ။
ိတစ်​ခါတစ်​ခါ
လ သာတတ်​တဲ့ည​တွေဆို
သာ​နေတဲ့ လ ကို
မြူ​တွေ တိမ်​​တွေနဲ့ ဖုန်​းကွယ်​ပစ်​
ည စနစ်​ကိုကျင်​့သုံး​နေပြန်​တယ်​ ။
အဲ့ ​နောက်​တစ်​​နေ့ကျ​တော့
သူမဟုတ်​သလို
လူ​တွေထဲ​ခြေရာ​ဖျောက်​ပီး
ညကို​ရောက်​ဖို့ ညက ပြန်​​စောင်​့​နေတာ​ပေါ့ ။

​နေဝန်​းနီ

About naywoon ni

naywoon ni has written 439 post in this Website..

နေ၀န်းတော့ နေ၀န်းပဲ..။ ဒါပေမဲ့ ရဲရဲနီနေတဲ့ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းကထွက်ပေါ်လာကာစ နေ၀န်းနီ........... CJ # 7272010