Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မန်းလေး စားသောက်ဆိုင် နေရာလိပ်စာ လမ်းညွန် (တတိယ ဗားရှင်းးး Credit to Original Uploader))

ဇီဇီMarch 13, 20144min124240

 ပြောထားဖူးပါတယ်နော့။
မန်းလေး စားသောက်ဆိုင် လမ်းညွန်ကို တတိယဗားရှင်းထိ တွေ့ထားပြီးပြီ ဆိုတာ။

:mrgreenn:
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ပထမ ဗားရှင်း –  ကေဇီ ကိုယ်တိုင်စား (အဲလေ) ကိုယ်တိုင်ရေးက ဒီမှာ  

မန္တလေး စားညွှန် by KZ

 

 

http://www.myanmargazette.net/152798

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒုတိယဗားရှင်း – ကေဇီမောင်လေးရဲ့ သူငယ်ချင်းရေးတာက ဒီမှာ

မန္တလေးမြို့ကအစားအသောက်တွေ by Hein Zaw Nyo

 

 

http://www.myanmargazette.net/173313

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ခု တတိယဗားရှင်းကိုတော့ ဆိုက် တော်တော်များများမှာ တွေ့တယ်။ မူရင်းဘယ်သူရေးတုန်းတော့ သေချာ ဂဂနန မသိဘူးဗျ။
အဖြစ်နိုင်ဆုံး ဆိုက် က ယူလာတယ်။
ဒီက  (http://moemaka.blogspot.sg/2012/05/mandalay-food-guide-informal-guide.html?m=0) ယူလာတာ။

မန်းလေး စားသောက်ဆိုင် နေရာလိပ်စာ လမ်းညွန် on Thursday, 17 May 2012 at 18:09 ·
by ChoZin De Earthzprinzezz on Thursday, May 3, 2012 at 4:57pm

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အဲဒီတော့ ပိုင်ရှင် အစစ်များ ဖတ်မိရင်၊ ပိုင်ရှင် အစစ်ကို သိတဲ့ သူများ ဖတ်မိရင် ပြောပြပေးပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မန်းလေး စားသောက်ဆိုင် နေရာလိပ်စာ လမ်းညွန်

မုန့်တီမန်းလေးမြို့ကို ရောက်ပြီဆို ဘာစားမလဲ မောင်ရေခဲ ဟု အစချီမေးလျှင် လူတိုင်းနီးနီး တရာမှာ ၉၉ က မန်းလေး မုန့်တီ ကို တောင့်တ ကြတာပင်၊ ဒီမှာ ရှင်းစရာ ရှိလာပြီ – မန်းလေးမုန့်တီတွင် နန်းကြီး၊ နန်းလတ်၊ နန်းသေး ၊ နန်းပြား ဟု ကွာခြားပေသည်၊ ရန်ကုန်မှာ ရောင်းသော နန်းကြီးသုတ်ဆိုသည်မှာ မန်းလေးတွင် နန်းလတ်ဟုခေါ်သော လက်သန်းလုံးမရှိတရှိ မုန့်တီ သာဖြစ်သည်၊ နန်းကြီးအစစ်ကား လက်မခန့် တုတ်ကာ တီကောင်နှင့်တူသဖြင့် တော်ရုံလူ မစားရဲသော မုန့်တီဖတ်တုတ်တုတ်ကြီးများ ဖြစ်သည်၊ နန်းသေးကား မုန့်ဟင်းခါးဖတ် ဖြစ်ကာ နန်းပြားမှာ ခေါက်ဆွဲပြားသုတ်ကို ခေါ်တာပင်.

မန်းလေးမုန့်တီမှာ ပဲမှုန့်များများ ဆီချက် အသားများများနှင့် ဖြစ်ပြီး သူ့ကို တွဲစားရန် ဆိုင်က ကြက်သွန်နီနှင့် သံပုရာသီးပေးတတ်ပေသည်၊

မန်းလေးမုန့်တီမှာ နာမည်ကြီးတာကတော့ ၃၁ လမ်း ၈၄x၈၅ ကြားက စိုးစိုးမုန့်တီပင်၊ ရန်ကုန်က နာမည်ကြီးတွေ လာရင် လာစားကြရင်း နာမည်ကြီးတယ် ထင်တာပါပဲ၊ ကျနော်ကတော့ သိပ်မကြိုက်။ စိုးစိုးက အီသည်။ မုန့်တီဖတ်ကလဲ နည်းနည်း ချဉ် သည်၊

သူ့ အောက်ဖက်တပြ မလွန်မုန့်တီတန်းက ဒေါ်သန်းမြက ပိုစားကောင်းသလိုုပင်၊

ဂေါဝိန်ဆိပ်နားက မုန့်တီကလည်း စားကောင်းတာပင်၊ ဒါပေမယ့် သူက မနက် နည်းနည်းနောက်ကျရင် ကုန်ပြီ၊

မုန့်တီကို သိပ်လဲ ဈေးမကြီးပဲ သိပ်လဲ မအီတဲ့ ခိုတောင်နဲ့ မုန့်တီကြား စပ်ကြားလေး စားချင်ရင်တော့ ဗောဓိကုန်းထဲက Dynasty လက်ဖက်ရည်ဆိုင်ရှေ့က ဆိုင်သေးသေးလေးရှိသည်၊

ဘုရားကြီးအာနန္ခာစောင်းတန်းက ကြီးတော်ခွေးကတော့ မုန့်တီ မရောင်းတော့ဘူး ထင်ပါတယ်၊ တခါသွားတော့ ထမင်းပဲ ရောင်းတော့တယ် ဆိုလား…….

ခိုတောင်မုန့်တီ

များသောအားဖြင့် ခိုတောင်မုန့်တီသည်တွေမှာ တရွာတည်းက ဖြစ်ကြသည်၊ မန်းလေး လမ်းမတွေပေါ်မှာ ညနေ ၂ နာရိမှ ၅ နာရီကြား လှည့်ရောင်းတတ်သည်၊

မနက်ဖက် စားချင်ရင်ဖြင့် ၈၁ လမ်း ၃၀x၃၁ကြား နေရှင်နယ် ကျောင်းရှေ့မှာ ရှိသည်၊ ( သူကလဲ နာမည်ကြီးဗျ… ဂျာနယ်ထဲတောင် ပါလိုက်သေး )

ခိုတောင်မုန့်တီမှာ မန်းလေးမုန့်တီနှင့်မတူ။ အသားမပါ ၊ ဆီချက် ပဲမှုန့်သိပ်မများပဲ။ ပဲသီး ဂေါ်ဖီ ထည့်သုတ်ထားခြင်းဖြစ်ကာ ဗယာကြော်ထည့်သုပ်လို့လည်း ရပေသည်၊ မန်းလေး မုန့်တီလောက် မအီ၊ အဲ့လောက်လဲ ဈေးမကြီးသောကြောင့် ပိုစားကောင်းသည်၊

မြီးရှည်

မန်းလေးမြီးရှည်နဲ့ ရှမ်းမြီးရှည်နဲ့ လုံးလုံးလဲ မတူ ပြားပြားလဲ မတူပါ၊ မန်းလေးမြီးရှည်သည်တွေကို ရှာချင်ရင် လွယ်လွယ်လေးပင်။ လမ်းဘေးမှာ တပုံစံတည်း အထမ်းလေးတွေနဲ့ ရောင်းတတ်ကြတာပင်။ (အဲ့သည်အထမ်းမပါရင် မြီးရှည် မစစ် .. မှတ်ကြသားကြလော့)

မန်းလေး မြီးရှည်စားပြီးရင် ဟင်းရည်ကို စားထားတဲ့ ပန်းကန်လုံးထဲ ထည့်သောက်ရသည်၊ ( အဲ့လိုမသောက် သစ္စာဖောက်ပဲ )

မန်းလေး မြီးရှည် တွင် နာမည်ကျော်ကတော့ ဗထူးကွင်းမြီးရှည်ပင်၊ ဒါပေမယ့် ကျနော်ကတော့ နည်းနည်းပေါ့လို့ မကြိုက်၊ ကျနော့်အကြိုက်က ရတနာပုံဈေး အရှေ့ဘက်က ဇော်ကြီးမြီးရှည်.. သူက ပိုပြီး လေးလေးပင်ပင်ရှိသည်၊

ပြီးတော့ ၃၃ လမ်းမှာ စိန်ဝင်းမြီးရှည်၊ လမ်းလည်ဘုရားနားက မြီးရည်ဆိုင် ၊ ၈၂ လမ်းက မန်ကျည်းရိပ်နှင့် ၁၉ လမ်း မြီးရှည်ကတော့ ဝက်အူတွေ ကလီစာတွေနှင့်ပါ ရနိုင်သည်၊ (ဒါပေမယ့် ၂ နာရီလောက်မှ ဖွင့်သည်)

လမ်း ၈ဝ တိုင်းကျော်ကတော့ မြီးရှည်အပြင် အခေါက်ကင် အသားကင်သုပ် ထမင်းပေါင်း ကြက်ခြေထောက် ဆီချက်ပါရသည်၊

ရှမ်းအစားအစာ

အနှီ ကျွန်ုတို့နေထိုင်ရာ မန်းလေးမြို့သည်ကား ရှမ်းပြည်နယ်၏ တရုတ်မြို့တော် ဖြစ်သောကြောင့် အဲလေ မွှားလို့ ရှမ်းပြည် တရုတ်ပြည်တို့နှင့် နီးသောကြောင့် ရှမ်းစာ အလွန် ပေါလေသည်၊ မနက်မိုးလင်းသည်နှင့် တပြလျှင် ရှမ်းခေါက်ဆွဲဆိုင် တဆိုင်အနည်းဆုံး တွေ့ရပေမည်။ နေ့လယ်စာ ညနေစာအတွက်လည်း ရှမ်းထမင်းပုံစားဆိုင်များတွင် မြောက်ပိုင်းရှမ်းတို့၏ လက်ရာအား ငွေကျပ်တထောင်နှင့် သုံးဆောင်နိုင်ပေ၏ ။

ရှမ်းခေါက်ဆွဲ

ရှမ်းခေါက်ဆွဲဆိုင်တွေကတော့ ပေါလွန်းများလွန်းလှသဖြင့် နည်းနည်းပဲညွှန်းတော့မည်၊ ၇၄လမ်း ၃၄x၃၅ ကြားမှာ ရွှေမူဆယ်ရှိကာ အချိုအရသာ ကြိုက်သူတွေနှင့် သင့်တော်၏ ၊ သည်ဆိုင်တွင် ဆန်ချိုအေးလဲ ရသည်၊

လမ်း ၈ဝ မြကေခိုင်ဘေးကဆိုင်ကတော့ မနက်ဆိုလျှင် ကားတွေ တန်းစီနေတာပင်၊

ညဘက် ရှမ်းခေါက်ဆွဲ မြေအိုးမြီးရှည် စားချင်ရင်တော့ ၇၆လမ်း ၃၄x၃၅ ကြားက ညဈေးတန်းကို ပင် ညွှန်ရမည်ပင်၊

ညဈေးတန်းမှ လားရှီုးဆိုင်တွင် ရှမ်းတို့ဟူးပျော့ ။ ဝက်ခြေထောက်ခေါက်ဆွဲ ကောင်းသည်၊

အမဲလုံးခေါက်ဆွဲဆိုလျှင်တော့ ၃၅ လမ်း ၆၉x၇ဝ ကြား က ဆိုင်က တော်တော်ကောင်းသည် ၊ ဆန်စီး အညိုနဲ့ ပိုကောင်းသည်၊ ( သူ့ဆိုင်ဘေးမှာ အိုးဆိုင် ရှိတယ်ဗျ )

ရှမ်းထမင်း

မန်းလေးတွင် ပုံစား ရှမ်းထမင်းဆိုင်များမှာ ကျောင်းသားကျောင်းသူများ ရုံးဝန်ထမ်းများအတွက် အားထားရာပင်၊ ပိုက်ဆံ ၈၀၀။ ၁၀၀ဝ ဖြင့် ထမင်းတနပ်ကို ဟင်းသုံးမျိုး ဖြင့် စားနိုင်သည်၊

ဆေးကျောင်းတဝိုက်မှာတော့ လင်းလင်း၊ အေးချမ်းမြေ စသည့်ဆိုင်များရှိပြီး။ လမ်း ၇ဝ ၂၉x၃ဝ ကြားတွင်လည်း ရှမ်းထမင်းဆိုင်များ အတန်းလိုက် ရှိသည် ၊
ရေစစ်ကန်နားက ဝင်းစံပါယ်ကတော့ ထမင်းမရပေမယ့် အခြား ရှမ်းအစားအစာ ငါးထမင်း ။ ဟင်းထုပ်။ ငါးဒုက္ခ ရသည်၊ ဆမ်ဆိုင်းမြီးရှည် ။ သဘောင်္သီးထောင်း စားကောင်းသည်။.

မြန်မာထမင်း

မြန်မာထမင်းစားချင်သူများအတွက် ၂ရ လမ်းတွင် တူးတူး ရှိသည်၊ ( ဒါပေမယ့် တူးတူးက ဝက် ၊ အမဲမရ … ပြီးတော့ ဟင်းအမျိုး သိပ်မစုံ .. အရသာလည်း နည်းနည်း ပေါ့ပြီး အချိုကဲသလိုပင်) ၊ အေးမေတ္တာကတော့ ဟင်းပိုစုံသည် ( ဝက်သားဆိုလျှင်ပင် ဝက်သားနီချက် ။ အိုးကြီးချက်၊ ဟင်းလေးချက်။ ဝက်ပုန်းရည် ) အစုံရသည်၊

ကျနော်တို့ အကြိုက်ဆုံးကတော့ မိန်းပေါက်နား မြောင်းကြီးဘေးက မြမဉ္ဖူပင်၊ သူက ဆိုင်လေးကသာ သေးသေးကုပ်ကုပ် ဈေးကတော့မသေး ၊

 

ဒံပေါက်

မန်းလေးမှာ ဒံပေါက်ဆိုရင် ၂၆ လမ်း ကျုံးဘေးမှာ ဒေါ်သန်းမူ ရှိပါတယ်၊ မြို့မရုံနဲ့ မျက်စောင်းထိုးမှာ သင်း ရှိပါတယ်။

၈၃လမ်း ၂၈x၂၉ ကြားမှာ ပေါ်ပီ အဲလေ သင်္ဂဟ ဒံပေါက် ရှိပါတယ်။

ကေမီမွန်ဒံပေါက်စားချင်ရင်တော့ အလှူအိမ်သာ တွေ့အောင် လိုက်ရှာကြပါ။

ကျုုံးမြောက်ဘက် ဂေါက်ကွင်းသွားတဲ့လမ်းမကြီးကနေ အနောက်ဘက်ကို ဖဲ့ဆင်းပြီုး မြောင်းလေးကို ကျော်လိုက်ရင် လမ်းဘေးမှာ ဒံပေါက်ဆိုင်လေး တဆိုင်ရှိပါတယ်။ မနက်အစောကြီးရောင်းတာပါ၊ ၈ နာရီလောက်ဆို ကုန်ပါပြီ။ ဒံပေါက် ။ ပဲထမင်း ။ အုန်းထမင်းရပါတယ်။ တပွဲမှ ၂၀ဝ ရယ် ကြက်သားထည့်မှ ၇၀ဝ …. စားလို့လဲကောင်းပါတယ်၊

 

 

အသုပ်စုံ

မူလလက်ဟောင်း အသုပ်စုံသည်တွေမှာ တောင်းအကြီးကြီးကို ရွက်ပြီး အထဲတွင် ငှက်ပျောရွက်နဲ့ အကန့်လေးတွေ ကန့်ထားပြီး ကြာဇံ၊ ထမင်း၊ ကြွက်နားရွက်၊ ပူစီနံ၊ အာလူး၊ ငါးဖယ် မှအစ ကွိစိ ကွစိ အမျိုးပေါင်းများစွာ ပါတာပင်၊

အသုပ်စုံစားချင်လျှင် လမ်းပေါ်မှာလာတဲ့ ဈေးသည်ကို ထိုင်စောင့်လျှင်စောင့် မစောင့်နိုင်လျှင်တော့ ဈေးချိုထိ သွားရမှာပင် ၊ ဈေးချို အနောက်ဘက် ကိုင်းတန်းဈေးထဲမှာ ဆိုင်ကြီးနှင့် အသုပ်စုံသည် တသည် ရှိသည်၊ ဈေးချိုတောင်ဘက်က အသည်ကတော့ တခါက ကျနော့်ကို တပွဲ ၁၅၀ဝ ယူလွှတ်လိုက်သည်၊ ( ရက်စက်ပါပေ့ )

ကန်တော်ကြီးက မိုးကောင်းအသုပ်ဆိုင်ကတော့ ဆိတ်သားခြောက်သုပ် ကောင်းသည်၊ ချဉ်ချဉ်စပ်စပ်လေး ၊ တခြားအသုပ်တွေလဲ မဆိုးပါ . ဒါပေမယ့် သူက ထမင်းဆီဆမ်းဆိုလျှင် ဘာလချောင်ကြော်ပေးပြီး ထမင်းသုပ်မှာလျှင်ကြ မပေး၊ ( ကျနော်ကတော့ မရရအောင် ဇွတ်တောင်းတာပဲ )

၇၆ လမ်း ၃၃ လမ်းနားက အခြောက်ကြီး ၂ ယောက်ရဲ့ အသုပ်လဲ စားကောင်းတာပင်၊

ဆေးကျောင်းက လူတွေကတော့ စံအေးက လက်ဖက်သုပ် ရှောက်သီးသုပ်နှင့် အသက်ဆက်ကြတာများသည်၊
လမ်း ၈ဝ လှကလေးစိန် ထိုးမုန့်ဆိုင်ရှေ့က ထမင်းသုပ်ကတော့ အမဲ အချင်း ဝမ်းတွင်းသားနှင့် ရသည်၊ စားကောင်းသည်။

၂၆လမ်း ကျုံးထိပ် Happy Palace နှင့် မျက်နှာချင်းဆိုင်မှာ အရီးတောင်းဆိုင် ရှိသည်.။

 

ထိုးမုန့်

လူအများက လွယ်လွယ်နှင့် ထိုးမုန့် ခေါ်သော်လည်း အမှန်မှာကား ထိုခေါင်းစဉ်အောက်တွင် မာစကပ်၊ အိတုံ၊ ဒိုဒိုး ၊ဆနွင်းမကင်း၊ ရွှေကြည်၊ လမုန့် စသဖြင့် အမျိုးပေါင်းများစွာ ပါသည့်အပြင် တမျိုးစီတွင် မလိုင်၊ သီးစုံ ဆိုပြီး ထပ်ခွဲသေး၏။ ထို့ကြောင့် ဘာဝယ်ရမှန်း မသိလျှင် ထိုးမုန့်ဆိုင်တွင် အမြည်းစားပြီးမှ ကြိုက်ရာရွေးဝယ်နိုင်ပေသည်၊ ( ကျနော်ကတော့ ဘယ်သူ ထိုးမုန့်ဝယ်ဝယ် အမြည်းလိုက်စားတယ် )….

ထမနဲ

တခြားမှတော့ တမနဲ နှမ်းမနဲကို ပြာသို တပို့တွဲမှ ထိုးပေမယ့်၊ မန်းလေးက ဒေါ်ရှိကတော့ တနှစ်ပတ်လုံး ထိုးလေသတည်း၊ ( သာဓု … သာဓု .. သာဓု )

 

ကြာဇံကြော်၊ ခေါက်ဆွဲကြော် ၊ ငါးရေခွံကြော်

မန်းလေးမှာ ဒန်အိုးအကြီးကြီး ရွက်လာတဲ့ အသည်မြင်ရင် ဗေဒင်မမေးနဲ့ ကြာဇံကြော်၊ ခေါက်ဆွဲကြော် သည် ပင်၊ သည် အသည်တွေဆီမှာ ရတာ နောက်တမျိုးကတော့ ငါးရေခွံကြော်ပါ၊ ငါးဖယ် အရေခွွံကို ကြွပ်နေအောင်ကြော်ထားပြီး မန်းကျည်းမှည့် အချဉ်ရည်နဲ့ တို့စားလဲ ရသလို ၊ ငရုတ်ဆီင်္ အချဉ်ရည် ဘာညာသရကာ ထည့်ပြီးလည်း သုပ်ရောင်းသည်၊

ဝက်သားတုတ်ထိုး

မန်းလေး ဝက်သားတုတ်ထိုးက ရန်ကုန်နဲ့ မတူ။ ရန်ကုန်တုတ်ထိုးကား င်္ဆီများ၏၊ ဆီကြော်နှင့်တူ၏၊ တုတ်ထိုးဗန်းထဲက အရည်ကို ခပ်သောက်ဖို့ မကြိုးစားနှင့်။ ဆီတွေ သာဖြစ်ကာ ဘာမှ အရသာမရှိ၊ မန်းလေးတုတ်ထိုးကား ဟင်းရည်ထဲတွင် ပြုတ်ထားတာနှင့်တူပြီး တုတ်ထိုးဟင်းရည်ကို ကြက်သွန်ဖြူ ငရုတ်သီး ဓါးပြားရိုက်လေးထည့် သံပုရာရည်လေး ညှစ်သောက် ၊ ဒါမှ မဟုတ် ထမင်းဆီဆမ်းနှင့် ဆမ်းစား ( ရှလွတ် ) အရသာ ရှိလေသည်၊
တုတ်ထိုးဆိုင်များတွင် ကြာဇံကြော် ကော်ပြန့်ကြော် ဖက်ထုပ်ကြော်များပါ ရတတ်သည်၊

၃၄လမ်း B.N ဗားမား မျက်နှာချင်းဆိုင်တွင် တွတ်ပီ ဝက်သားတုတ်ထိုးရှိသည်။ တုတ်ထိုးအပြင် ကြာဇံကြော် နှင့် ကော်ပြန့်လဲရသည်၊ သူ့ကော်ပြန့်က အထဲမှာ ဝက်သား အစာသွပ်ထားသဖြင့် အသားလိပ်လိုမျိုးဖြစ်ကာ စားကောင်းသည်၊ ဒါပေမယ့် ဟင်းရည်ကနည်းနည်းပေါ့သည်၊ ( တုတ်ကြီးကြားရင် ဓါးနဲ့လိုက်ခံရဥိးမယ် )

လမ်း ၃ဝ ၆၉ ေထောင့်မှာ တုတ်ထိုးတဆိုင်ရှိသည် သူလည်းမဆိုး၊ လမ်း ၇ဝ ၃၂ထောင့် အာကာမင်း လက်ဖက်ရည်ဆိုင်ရှေ့က တုတ်ထိုးကတော့ ကြံမဆိုင် ဟင်းရည်နှင့်ဖြစ်သည်၊ လမ်း၃ဝ ၈၁x၈၂ကြားကဆိုင်လဲ စားသူများသည်၊

ရတနာပုံဈေး KD ကြယ်သီးဆိုင်ရှေ့က ဆိုင်ကတော့ ဈေးမီးလောင်ပြီး ဘယ်ရွှေ့သွားလဲ မသိ၊ သူ့ညီမတွေကတော့ ၁၄ ကျောင်းရှေ့မှာ ထွက်သည်၊

၁၆ ကျောင်းရှေ့က မြင့်လွင်လည်း နာမည် ကြီးသည်၊ ဒါပေမယ့် ဈေးကြီး သလိုုပဲ၊

ဗောဓိကုန်းဘက်က ၆၉လမ်းကို အကွေ့ဘက်မှာ once more တို့လို တုတ်ထိုးဆိုင်လေးတွေလည်းရှိသည်၊

ကော်ပြန့်ကြော်လမ်း ၈ဝ ၃၈ လမ်းထောင့်က ကော်ပြန့်ကြော်ဆိုင်က အချဉ်ကောင်းသည်၊ ငါးဖယ်ကော်ပြန့် ၊ ငုံးဥကော်ပြန့်။ သီးစုံ ။ အာလူး အစုံရသည်၊

၆၉ လမ်း ၂ရလမ်းထောင့်က ဆိုင်ကတော့ ကော်ပြန့် အပြင် အကြော်စုံပါရသည်၊

 

ဖက်ထုပ်ကြော်

လမ်း၈ဝ လမ်း ၃ဝ ဖူဂျီစတိုးဘေးက ဖက်ထုပ့်ကြော်ကစားကောင်းသည်၊ ဒါပေမယ့် ဆိုင်ရှင် တရုတ်မယားက ကပ်စီးနည်း .. အချဉ်တောင်းလျှင် ပေးချင်သလိုလို မပေးချင်သလိုလိုနဲ့၊

၃၂ လမ်း ၈၂ x ၈၃ ကြားမှာလည်း တဆိုင်ရှိသည်၊ ဗထူးကွင်းထောင့်က သားသတ်လွတ် ဖက်ထုပ်ကြော်ဆိုင်လေးကတော့ ရှိမှ ရှိသေးရဲ့လားမသိ၊ တပွဲမှ ၃၀ဝ ရယ်၊

၃ရလမ်း စန္ခာမေနှင့် မျက်စောင်းထုးိ Cafe House က ဖက်ထုပ်ကြော်ကတော့ တပွဲဆို တပွဲ အီဆောင့်နေတာပင်၊

 

ဖက်ထုပ်ပေါင်း

ဖက်ထုပ်ပေါင်းကတော့ စနွာမေကိုပဲ ညွှန်းရမည်၊ ဖက်ထုပ်ပေါင်းအပြင် ဖက်ထုပ်ကြော်၊ ဆာတေး၊ အသားလိပ်ကြော် တွေလဲ ရသည်၊ ဒီတခေါက်သွားစားတော့ သိပ်မကောင်းတော့။ ဖက်ထုပ်ပေါင်းကလဲ မာဂေါက်ဂေါက်… ဆာတေးကလဲ အချဉ်ရည်က ကျဲတဲတဲနဲ့။

အာပူလျှာပူ

အာပူလျှာပူ တွင် ကျနော်တို့လက်စွဲက နန်းရှေ့ တရားရုုံးချုပ်ရှေ့နေရုုံးနားက အာပူလျှာပူဆိုင်ပင်၊ သူ့ဆိုင်က ပဲသီးများများနှင့် ငါးဖယ်သုပ် စပ်စပ်ကိုလဲ ကြိုက်ကြသည်၊

နောက်တဆိုင်ကတော့ အောင်တော်မူ ဘုရားနားက ရွှေအိ ထင်တယ် နာမည်က အာပူဆိုင်၊ ကယ်လီ church နားက အာပူလျှာပူဆို်င်ကတော့ တခြား ထမင်းသုပ် လက်ဖက်သုပ် ရှောက်သီးသုပ်တွေပါ ရသည်၊

လက်ဖက်ရည်ဆိုင်

မန်းလေးက လက်ဖက်ရည်ဆိုင် ဆိုသည်မှာ လက်ဖက်ရည် ကော်ဖီ. ပလာတာ ထပ်တရာ နံပြားကစလို့ မုန့်တီ မုန့်ဟင်းခါး မြီးရှည် မှသည် ထမင်းဆီဆမ်း . ထမင်းဟင်း အထိ အစုံရသည်၊

မန်းလေးတွင် အကြီးဆုံး လက်ဖက်ရည်ဆိုင် အုပ်စုမှာ မင်းသီဟ နှင့် ယူနီစံ ဖြစ်ပေလိမ့်မည်။ ရွှေပြည်မိုးကလဲ နေရာတကာ တွေ့လာရတာပင်၊. လမ်း၈ဝမှ ၇၃ ကို ရွှေ့သွားသည့် ပါဝါ လက်ကီး ဆိုင်ကို အစက ကျနော်က ရှဝါ လက်ကီး ချည်းပဲ ဖတ်မိသည်၊.

အောင်တော်မူဘုရားနားက cafe blue ကတော့ ညဘက်ဆို တော်တော်စည်သည်၊ ထူးထူးဆန်းဆန်း အဲ့သည်ဆိုင်မှာ ကြျွေမုန့် ရသည်၊( မုန့်ဗိုင်းတောင့်လို့လဲ ခေါ်တယ် ဗျ )

ဆေးကျောင်းနားက ဆိုလျှင်တော့ အချစ်ရွာ ရှိသည်၊ 3 color ရှိသည်၊ ဆေးကျောင်းသက် ရင့်သော ကျောင်းသားတချို့ ထိုင်တတ်သည့် မမေ့နိုင်ရှိသည်။ မမေ့နိုင်ကတော့ မိန်းကလေး ထိုင်တာတော်တော်နည်းသည်၊ ဆေးကျောင်းတောင်ဘက် ဆိုင်ကယ် အပ်တဲ့ကွင်းထဲမှာတော့ Banyan Groove ရှိသည်၊

မိန်းဘက်ထဲဆိုလျှင် Friend ရှိသည် ။ ပန်းကမ္ဘာရှိသည်၊ Dynasty ကတော့ တော်တော်ချောင်ကျသော ဆိုင်ဖြစ်ပေမယ့် လက်ဖက်ရည်ကောင်းသလို ချက်ခုံ၊ ကာတွန်းစာအုပ်တွေပါ ရှိလို့ လူစည်သည်၊

ညလုံးပေါက်ဖွင့်တဲ့ လက်ဖက်ရည်ဆိုင်ဆိုလျှင် ၃၅ လမ်းက ကီးမားတင်ဝင်း . ၃၅ လမ်း နှင့် ၂၆ လမ်းက ကရဝိတ်။ လမ်း ၃ဝ အမျိုးသမီးဆေးရုံကြီးနားက ယူနီစံ။ ၇၄ လမ်း ၃၃ လမ်းထောင့်က လှိုင်းတို့ ရှိသည်၊

 

အအေးဆိုင်

လမ်း၈ဝ ဖားသားလဖုန်းကျောင်းရှေ့မှ ဖောင်တော်သီတွင် အအေးနှင့် သဘောင်္သီးထောင်း ကြက်ညှပ် ရသည်၊ အဲ့သည်ဆိုင်မှာ ကျနော်အကြိုက်ဆုံးက နို့အေးပါ၊

ကျုံးရှေ့ဘက်မှာ ညဘက်ဆိုလျှင် အစိမ်းရောင် နယ်မြေ ရှိသည်၊

Breeze ကတော့ လမ်း၇ဝ ၃၂x၃၃ ကြားတွင် ရှိပြီး ကောက်ညှင်းပေါင်းနှင့် အကြော်စုံပါရသည်၊ ဆေးကျောင်းတဝိုက်တွင်လည်း အအေးလှည်းလေးတွေ တော်တော်များသည်၊

ကျနော့် ကျောင်းတက်တုန်းက ကျနော်တို့ တဖွဲ့ရဲ့ ရုံးချုပ်က အချစ်ရွာရှေ့မှ ဦးလေးကြီးဆိုင်တွင် ဖြစ်သည်၊ ဦးလေးကြီးဆိုင်က ကော်ဖီအေးကတော့ ကျနော့် အသဲစွဲပင် တရက် ကို ၃ ခွက်လောက်သောက်ဖြစ်သည် ( star buck ထက်တောင်ကြိုက်သေးတယ် ) …. ပြီးတော့ ဦးလေးကြီးဆိုင်က ကျောင်းထဲ အဝင်အထွက်ကော လမ်းမပေါ်ကော အချစ်ရွာထဲပါ မြင်ရလို့ အကွက်အကွင်းကောင်းသည်၊ ( အချင်းချင်းတွေဆိုတော့ ကပ်ကြော်ငြာပေးတာ )

 

ကော်ဖီဆိုင်

ကော်ဖီဆိုင်များတွင် လမ်း ၈ဝ ၂၅ ထောင့်က V Cafe က အရင်ကတော့ စားဖိုမှူးတော်တော်ကောင်းသည် .. အခုတော့ ပြောင်းသွားပြီလားမသိ ( အမဲသား ဘာဂါ တော်တော့်ကို ကောင်းသည် )

ကျုံးရှေ့က Cafe City ကတော့ နေ့လယ်ဘက် ညဘက်ဆို လူများပြီး ဆူလွန်းလို့ မထိုင်ဖြစ်တာ တော်တော်ကြာပြီ၊

JJ ကတော့ အစားအသောက်လဲ မဆိုး .. ခုနေရာ အသစ်ပြောင်းပြီးတော့ မရောက်ဖြစ်တော့ ။။။

BBB က တော့ Mixed Grill ကြိုက်သည်၊

cafe melody က ဆိုင်ကျဉ်းပြီး ထိုင်လို့မကောင်း။ ၇၈လမ်းပေါ်က Riverar က အောက်ထပ်မြေအောက်ခန်းက ခြင်ကိုက်သည်။ ပြီးတော့ သူ့ဆိုင်က ဆီသိပ်မသန့်။

လမ်း ၈ဝ မှာ နဂိုက ဖွင့်သည့် Cafe Jin က unplugged ဝိုင်းလေးက အဆိုတော် ၂ ယောက်က တော်တော့်ကို အသံကောင်းသည်၊ အရင်က ညဘက်ဆို ကျနော်နှင့် ထက်ကြီး ၂ ယောက် ကော်ဖီတခွက်မှာပြီး သီချင်းသွားနားထောင်ကြသည်၊ အခုတော့ ဆိုင်ပိတ်သွားပြီ…

၂ရ လမ်း လမ်း ၇ဝ ထောင့်က Koffee Korner ကတော့ ဒီနောက်ပိုင်း ထိုင်ဖြစ်သည်။ အဲ့သည်ဆိုင်မှာ ကျနော်တို့ အကြိုက်က Chicken Basket .. spaghetti bolognise နှင့် JD coffee ဖြစ်သည်။ ( ကိုသူရအောင် ဖျော်တဲ့ JD coffee က ပိုသောက်ကောင်းတယ်ဗျ )

Dim Sum ဒင်ဆမ်းဆိုရင်တော့ အိုရီရမ်တယ် တခုပဲ စားကောင်းသလိုပင်။ ကျနော်ကတော့ JJ က ဒင်ဆမ်းလဲ သိပ်မကြိုက်။ ကျန်တဲ့ဆိုင်တွေကော အကုန် နည်းနည်း အရသာက ချဉ်သလိုပင် ။ ဘာကွာလဲမသိ.

 

ဘီယာဆိုင်

ထိုင်လို့ နည်းနည်းကောင်းတဲ့ ဆိုင်ပဲ ညွှန်တော့မယ်၊

၃၅ လမ်းက Beer Rain ကတော့ သုံးထပ်မှာ အောက်ဆုံးထပ်က ဒီတိုင်းဝိုင်းလေးတွေ .. အလယ်ထပ်က ကော်ဖီဆိုင် ခပ်ဆန်ဆန် အဲကွန်းခန်းနဲ့ အပေါ်ဆုံးထပ်က လဟာပြင် ကြိုက်တာ ထိုင်ရုံပင်၊ အဲ့ဒိဆိုင်မှာ ကောင်းတာကတော့ ငါးအရိုးလွတ်။ မှိုကန်စွန်းနဲ့ ။ ဝက်ပေါင်ခြောက်သုပ်ပါ၊

အဲ့ဒါနဲ့ မျက်စောင်းထိုးလောက်မှာ ရွှေကောင်းကောင်းရှိသည်၊

လမ်း ၃ဝ အကင်တန်းမှာတော့ ကျနော်တို့ ကိုသူရိန်တို့ ထိုင်တတ်သည့် အမြဲကောင်း ရှိသည်၊ အဲ့သည်ဆိုင်က ခရုဟင်း ကောင်းသည်၊

ကျုံးအရှေ့ဘက်မှာဆို ကျယ်ကျယ်ဝန်းဝန်းနဲ့ Paradise ရှိသည်၊ အင်းဝ ကတော့ မိန်းကလေး ထိုင်လို့ သိပ်မကောင်းလို့ ထင်သည်၊

၇၃ လမ်း ၂ရ နှင့် ၂၈ မှာ ဝင်းဝင်းရှိသည်၊ သူက စည်ဘီယာမရ။ ပုလင်းပဲရသည် ဒါပေမယ့် ကျနော်က သူ့ဆိုင်က မာလာဟင်း ကြိုက်သည်၊

သိပံလမ်းဘက်မှာဆို Jasmin Garden ရှိသည်၊ သူ့ဆိုင်က ငါးမျှစ်ချဉ်စားကောင်းသည်၊ ( နည်းနည်းတော့ သံပုရာသီးလေး ညှစ်လိုက် ဆားထည့်လိုက်နဲ့ ပြင်ယူရတယ်)

ကုတင် ၃၀ဝ ဆေးရုံနားမှာ ရွှေဆည်းဆာ ရှိသည်၊ အရင် ကတော့ အာလူးကြော်ကောင်းသည် ( အခုတော့ အကြော်ဆရာ ပြောင်းသွားပြီ ထင်တယ် )

၆၁လမ်းမှာ M Bar ရှိသည်။ ပါတီ လုပ်ချင်သူများ အတွက်တော့ သင့်တော်သည်၊

ကန်တော်ကြီးမှာဆို ဝင်းဝင်းရှိသည်၊ ကျယ်ကျယ်လွင့်လွင့်သောက်ချင်လျှင် ကောင်းကောင်းရှိသည်၊၊ ဒဏ္ဍာရီ ရှိသည်၊

ဆခွံနှင့် ရှမ်းအရက် ကြိုက်တတ်လျှင် ရတနာပုံဈေး အရှေ့ဘက်မှာ သျှမ်းသျှမ်းတောက် ရှိသည်၊

ဈေး တောင်ဘက်က 115 ကတော့ အရက်သမားဝါရင့်ကြိးတွေ ဆိုင်ထင်တာပဲ။ အဲ့ဒီဆိုင်က ဂျင်သောက်ကောင်းသည်၊

 

ထန်းရည်

မန်းလေးတွင် အဓိက ထန်းရည်ရသည့် ၃ နေရာက အိမ်ရှေ့မင်းထန်းတော ။ ရန်ကင်းတောင် ထန်းတောနှင့် ဦးပိန်က ထန်းတောပင်၊

ဦးပိန်က ထန်းတောမှာ ထန်းရည်စစ်စစ် မရနိုင် ။ ဒါပေမယ့် ကြွက်ကြော်သုပ်ရသည်၊ ( ဒါကလဲ ရတနာပုံတက္ကသိုလ် ဘက်က ဆိုင်တွေ မှာပဲ ရတာနော် …. ဟိုဘက်က ဆိုင်တွေ မှာ မရဘူး ) ဆိတ်သားကို ငရုတ်သီး ကြက်သွန်ဖြူ ပင်စိမ်းရွက် နဲ့ ရောထောင်းပြီး ရှောက်သီးညှစ်ထားသည့် ဆိတ်သားထောင်း စပ်စပ် ။. ငါးကြော်။ ပြောင်းဖူးကြော် စားကောင်းသည်။

ရန်ကင်းတောင် ထန်းတောကလည်း ထန်းရည်အစစ် မရတော့။ ပြီးတော့ လူအရမ်းများလာသည်၊ တဲတွေ မှာ အမြဲတမ်းလူအပြည့် ။ တခါ အရင် ထန်းတော မရောက်ခင် မှာ ဆိုင်အသစ် တဆိုင် ထပ်ဖွင့်ထားသေးသည်း

ရန်ကင်းတောင်နဲ့ ဆေးဝါး ကြားက လမ်းတောင်ဘက် အခြမ်း လယ်ကွင်းထဲမှာ တော့ ထန်းတဲလေး တတဲ ရှိသည်၊ အဲ့သည်မှာတော့ ထရည်ပုစွန်ဆိတ်ခုန်လေးနဲ့ ကြွက်ကြော်လေးရသည်၊ လယ်ကွင်းဘေး လေတဖြူးဖြူးနဲ့ ဇိမ်ပဲ ။

ရေတံခွန်တောင်သွားသည့်လမ်းမှာလဲ ထန်းရည်ရပြီဆိုသည့် ဆိုင်းဘုတ်နှင့် ထန်းတဲလေး တခု ရှိသည်။ ဒါပေမယ့် သူက နည်းနည်း ညစ်ပတ်သည်၊

 

မနက်စာ ထမင်းကြော်

မနက် ထမင်းကြော်စားချင်သည့်သူများအတွက် ၃၅ လမ်း ၇၉ လမ်း နဝရတ်ရိပ်သာထဲတွင် နံနက်ခင်း ရှိသည်၊

၇၁လမ်း ၂ရ လမ်းထောင့်က မူလတန်းကျောင်းဝင်းလေးထဲမှာ လည်း ထမင်းကြော်ဆိုင်တဆိုင် ရှိသည်။ သူက အသားကြော် အရံ မျိုးစုံနှင့်ရသည်၊

သူနှင့်မျက်စောင်းထိုးက အိမ်ဆိုင်လေးကတော့ ထမင်းကြော်တပွဲကို ခေါက်ဆွဲကြော်နဲ့လဲ စပ်လို့ရသည် ကြာဇံကြော်နဲ့လဲ စပ်လို့ရသည်၊

 

ညနေစာ ထမင်းကြော်

ညနေဘက်ဆိုလျှင်တော့ ၇ရ လမ်း တောက်လျှောက်တွင် အာစင်နယ် ရွှေမန်းမေ အစရှိသော လှည်းတွေနှင့် ထမင်းကြော်ဆိုင်တွေရှိသည်၊ ကြက် ဝက် ဆိတ် ငါး အကြော်မျိုးစုံ နှင့် ထမင်းကြော်ကို ငံပြာရည်ဆီသတ် . ငပိထောင်း ၊ တို့စရာ၊ ချဉ်ရည်နှင့် မြိန်မြိန်ကြီးစားနိုင်သည်၊

ဆီချက်ခေါက်ဆွဲ

မန်းလေးမှာ ကျနော်အကြိုက်ဆုံးကတော့ ရှိန်းဆီချက်ပင်။ ဒါပေမယ့် စားရတာ စိတ်မရှည် ။ အဲ့သည် ဘွားတော်က ဆီချက်လေး တမျှင်ကို ပန်းကန်ထဲထည့်လိုက် ပြန်ဖယ်လိုက် ပြန်ထည့်လိုက်နှင့် တော်တော်နဲ့ မပြီး။

၂၈ လမ်း က ဒေါ်စင်းယုံ က ဆီချက် ထမင်းပေါင်း ဆန်ပြုတ်လဲ ကောင်းတာပင်၊

လမ်း ၈ဝ ပေါ်က မင်းဟိန်နဲ့ ရုံးစိန်က တော့ ပါဆယ် ထုပ်စားတာ ပိုအဆင်ပြေသည်၊

ဂျုုံယို၊ သာကူယို၊ နွားနို့ခဲ၊ နွားနို့ထမင်း ၊ ငှက်ပျောပေါင်း

ဒန်အိုးသေးသေးလေးတွေ ပလုံစီနေသော ထိုအသည်တွင် ဂျုံယို၊သာကူယို၊ နွားနို့ခဲ ၊ နွားနို့ထမင်း၊ ငှက်ပျောပေါင်း မှ စကာ မလို်င် ၊ နွားနီု့အထိ ပါတတ်သည်၊၊

နွားနို့ဟင်း

အပေါ်မှာ နွားနို့ထမင်း ညွှန်းပြီးပြီ ဆိုတော့ နွားနို့ဟင်းကို်လည်း ညွှန်းရပေမည်၊ နွားနို့ဟင်းမှာ ပူပူ ချိုချိုမွှေးမွှေး ဖြစ်ပြီး မလိုင်ဖတ်များများနှင့် မနက်ပိုင်း စားလို့တော့ အကောင်းသားပင်၊ ကျုံးတောင်ဘက် ၇၈ x၇၉ ကြားတွင် နွားနို့ဟင်းသည်တွေ မနက် ၊ ည ရှိသည်၊ ( နေ့လည်တော့ မရှိဘူး )

ပုရစ်ကြော်

ပုရစ်ကြော်ကတော့ ရာသီစာဖြစ်သဖြင့် မိုးအကုန် ဆောင်းအကူးမှာသာ ရတတ်သည်၊ ရန်ကုန်မှာ ရောင်းတဲ့ ပုရစ်ကြော်ကတော့ ဘုရားစူး ပုရစ်ကြော်ပင် ၊ ( အမျှင်မဖြတ် အတောင်မဖြတ် ခြေမဖြတ် ချီးမထုတ် ပဲ ဒီတိုင်းကြော်ရောင်းသတဲ့ အရပ်ကတို့ရဲ့ )။ သန့်စင်ပြီးသား ပုရစ်ကို ကြက်သွန်ဖြူ ဂျင်းနိုင်နိုင်နဲ့ ကြော်ထားသည်မှာ ကျွပ်ရွ မွှေးပျံ့ ကာ ထမင်းဆီဆမ်းနဲ့ စားစား ဒီတိုင်းမြည်းမြည်း အရသာ ရှိတာပင်၊

ဘုရားပွဲ မုန့်များ

မန်းလေးကို ဆောင်းရာသီမှာ သွားလျှင်တော့ မြို့တွင်းရှီ လမ်းတွေမှာ တလမ်းမဟုတ် တလမ်း ဘုရားပွဲနှင့် တွေ့ရမှာပင်၊ ဘုရားပွဲများတွင် မြန်မာမုန့် မုန့်ပေါင်း၊ မုန့်အုပ်ကလေး ၊ မုန့်ဆီကြော်၊ မုန့်ပစ်သလက်၊ ခဲလံချောင်း၊ မုန့်ဆပ်သဖူး ၊ အမဲအူပြုတ် အစရှိသည်တို့ကို မြည်းစမ်းနိုင်ပေသည်၊

 

ဟိုဆိုင် ဒီဆိုင်

ဒါကတော့ ဘယ်စာရင်းထဲ ထည့်လို့ ထည့်ရမှန်းမသိတဲ့ ဆိုင်တွေပင်။

ဆုံနေကြ ကတော့ ၃၄လမ်း နဝရတ်ရိပ်သာ မြောက်ဘက်အပေါက်က ဆိုင်လေးပင် ။ ဘာကောင်းလဲဆိုတော့ ဘာမှ မကောင်း။ ဒါလဲ ထိုင်ကြတာပါပဲ။ လက်ဖက်ထမင်းကို လက်ဖက်အသား ကြမ်းကြမ်းနှင့် ခပ်စပ်စပ်လေး ရသည်၊

၆၉လမ်း ၃၅ လမ်းထောင့်က တက်နေဝင်းက ငါးသံပုရာကောင်းသည်။ အဲ့ဆိုင်နှင့် မျက်စောင်းထိုးလောက်တွင် ဂဏန်းချက် ဂဏန်းမဆလာကောင်းသည့်ဆို်င်ရှိသည်၊ စီချွမ်းဆိုလားပဲ နာမည် မမှတ်မိ၊

နန်းရှေ့က မေတ္တာရိပ်ကတော့ နံရိုးပေါင်းခေါက်ဆွဲမဆိုး၊

လမ်း၇ဝ ၂ရလမ်းထောင့်က မူလတန်းကျောင်းပေါက်မှာ နေ့လည်ကျောင်းဆင်းချိန်ဆို ရှမ်းညီအစ်မ ၂ ယောက် တိုးဟူးသုပ်။ ရှမ်းခေါက်ဆွဲ ။ တို့ဟူးနွေးရောင်းသည်၊ သူတို့ဆိုင်က တို့ဟူးသုပ်က ရှမ်းလက်ရာ ချိုချဉ်စပ်လေး စားကောင်းသည်၊

၇ရလမ်း ၃၂x၃၃ ကြားက Yangon food villa ကတော့ စားစရာ စုံစုံရသည်၊ အဲ့ဒီဆိုင်က ဝက်စတူးက ဝက်သား သုံးထပ်သားကို ကြားထဲမှာ နံရိုးနုလေးတွေနဲ့ စားကောင်းသည်၊ ကင်မ်ချီ ထမင်းကြော်တို့ ဘာတို့လဲ ရသည်။

အမျိုသမီးဆေးရုံကြီး တောင်ဘက် လမ်းကြား ထဲက ခို့ခို့ရို့ကတော့ ဖက်ဖယ်ထမင်း ။ ငါးထမင်းပေါင်း ၊ အုမ်းရိုက်စ် စားကောင်းသည်၊

၂ရလမ်း ၈၀x၈၁ ကြားက မတင့် ဖက်ထုပ်ပြုတ်ဆိုင်ကတော့ ညနေဘက်မှ ဖွင့်သည်၊

ရေခဲမုန့်
မန်းလေးမှာ ရေခဲမုန့် နာမည်ကြီးတာကတော့ ကုံးထက်ပါ… ကြက်ဆီထမင်းလဲ နာမည်ကြိးပါတယ်.. သူ့ရေခဲမုန့်က အုန်းသီးနံ့လေး နည်းနည်းသင်းပါတယ်…..
ဟိုရှေးကတည်းက နာမည်ကျော်တာကတော့ နိုင်လွန်ပါ. .. ခရီးသွားလမ်းညွှန်တွေထဲမှာထိပါတဲ့အတွက် နိုင်ငံခြားသားတွေ တကူးတက လာစား တတ်ပါတယ်….
ညဘက်မှ ရေခဲမုန့် စားချင်တယ်ဆိုရင်တော့ ၂၆လမ်း ၈၃ ထောင့်က အဇစ်က ရေခဲမုန့် ၊ မလိုင် ၊ ကူးဖီးလ် စပယ်ရှယ် လစ်ပါ
၇၆လမ်း ၂ရ x ၂၈ ကြားက ရွှေသုခကတော့ တခါတလေ ဆားပေါက်ပြီး ငန်လို့ ကျနော်က သိပ်မကြိုက်ပါဘူး
လမ်း ၈ဝ ပေါ်က ရွှေနိုင်လွန်ကလည်း ရေခဲမုန့်သားမာပါတယ်
ရေခဲမုန့်ကို ကတော့လေးနဲ့ စက်ကညှစ်တဲ့ အခွေ အခွေလေး စားချင်ရင် ဝင်းလိုက်နဲ့ မြို့မရုံမှာရှိပါတယ်… တခါတလေ နှစ်ရောင်စပ်ရပါတယ်…….
၃၃ လမ်းက ပွိုင့်နေကြာစေ့ ဆိုင်မှာလဲ ရေခဲမုန့်ရပါတယ်………

ပေါက်စီ
မန်းလေး ပေါက်စီဆိုတာနဲ့ အားလုံး မန်းမြို့တော်ကို ပြေးမြင်ကြမှာပါ (နန္ခာလှိုင်တော့ မမြင်ကြနဲ့ပေါ့ဗျာ )
အဲ့လို ပေါက်စီမျိုူးကို မစားချင်ပါဘူး ပါးပါးလွှာလွှာနဲ့ ခုနှစ်လွှာကိုမှ စားချင်ပါတယ်ဆိုသူတွေ အတွက် မြို့ဂုဏ်ရောင် ရုပ်ရှင်ရုံနဲ့ မျက်နှာချင်းဆိုင် ၈၃ လမ်းပေါ်မှာ ရုံးစိန် ပေါက်စီ ဆိုင် ရှိပါတယ်။ သူက ပေါက်စီ တမျိုးတည်းပဲ သီးသန့်ရောင်းပြီး အလွန်ဆုံး မနက် ၈ နာရီ ၉ နာရီ အထိပဲ ရောင်းပါတယ်၊ ၃၃ လမ်း ၈၂ x ၈၃ ကြားက ရှမ်းခေါက်ဆွဲဆိုင်မှာလည်း ခုနှစ်လွှာနဲ့ ကြက်သား ကောက်ညှင်းထုပ် ရတတ်ပေမယ့် အခုတော့ ပိတ်သွားပီ ထင်ပါတယ်၊
ပေါက်စီ ပိစိကွေး သေးသေးလေးတွေ စားချင်တယ် ဆိုရင် တော့ ၆၄ လမ်း တရုတ်ကျောင်းရှေ့က မုန့်ဈေးတန်းမှာ ပေါက်စီဆိုင်ရှိပါတယ်၊
ဒါကတော့ ထပ်မံ အကြံပြုထားတဲ့ ဆိုင်တွေပါ……

Aung Khant Phyo ၏ အဖြည့်
နန်းရှေ ့ဈေးထဲက မနက်ပိုင်းမှဖွင့်တဲ့ အန်တီစန်းလွင်ရဲ ့မုန် ့တီဆိုင်လေးကို ညွှန်းချင်ပါတယ်.. နံနက်အစောကြီး သုံးလေးနာရီလောက်ကတည်းက မင်းကွန်းဘက်ကမ်းရွာကနေပြီးတော့ မန္တလေးမြို ့အရှေ ့ပြင်လို ့ခေါ်တဲ့ နန်းရှေ ့ ၁၉လမ်းဈေးထဲအထိ လာရောင်းတဲ့ အန်တီစန်းလွင်ရဲ ့လက်ရာကတော့ ဈေးနှုန်းချိုသာပေမယ့် လက်ရာကတော့ ညီမချိုကြီးပြောခဲ့တဲ့ဆိုင်လက်ရာတွေထက် မသာရင်နေမယ် မလျော့ပါဘူး မန္တလေးကိုချစ်တဲ့ အန်တီစန်းလွင်ကတော့ မိုးရွာရွာ နေပူပူ နန်းရှေ ့လက်လုပ်လက်စားများအတွက် နံနက်စာ အားဖြည့်ပေးနေသူတစ်ယောက်မို ့လို ကျွန်တော်ကတော့ ပုဂ္ဂိုလ်ရေးအရရော လက်ရာအနေနဲ ့ရော ချစ်လို ့အမြဲသွားအားပေးမိပါတယ်…ကဲ နန်းကြီးနဲ ့မုန့်တီဘာကွာလို ့လဲကွ လို ့မေးချင်သူတွေ သွားပြီးအားပေးသင့်ပါတယ်….

Wunna Zaw ၏ အဖြည့်
နဲနဲထပ်ဖြည့်ပေးလိုက်ဦးမယ်ဗျာ..

မုန့်တီဆိုရင် ၈၉လမ်း ပြည်ကျော်ဈေးနားက ဒေါ်လှကျော့ မုန့်တီလည်း ကောင်းသဗျ၊ စိုးစိုးမုန့်တီလို ဟန်တွေပန်တွေမများဘူး ဆိုင်အပြင်အဆင်လဲမရှိဘူး အရသာတော့အတော်ကောင်းတယ်။ သူ့ဆိုင်မှာ ညနေဘက်ရောင်းတဲ့ အကြော်စုံလည်းကောင်းတယ်ဗျ..။ ၃၈လမ်း ၈၂-၈၃ကြားမှာလဲတဆိုင်ကောင်းတာရှိသေးတယ်။ ၂၆လမ်း နဲ့ ကမ်းနားလမ်းထောင့်နားက မုန့်တီဆိုင်ကတော့ အမဲအကြောနဲ့သုပ်တာ နာမည်ကြီးတယ်..။

ခိုတောင်မုန့်တီကတော့ ခုနောက်ပိုင်း ကြုံသလို အိမ်ရှေ့လာတဲ့ အသည်မှာပဲဝယ်စားတာများတယ်။ ငယ်ငယ်ကစားဖူးတဲ့ ဈေးချို ၂၈လမ်း သံဖြူတန်းမှာ အဖွားကြီးတယောက်ရောင်းတဲ့ ခိုတောင်လောက်တော့ ဘယ်ဟာမှမမှီဘူး..။ခုတော့လဲ အဲ့ဒီအမေကြီးမရှိရှာလောက်တော့ဘူး..။

မြီးရှည်ဆိုရင်တော့ ၁၆လမ်းကမြီးရှည်ကိုအကြိုက်ဆုံးပဲ ဝက်ကလီစာအစုံပါတဲ့အပြင် သူ့ဆိုင်မှာပဲရှိတဲ့ ဝက်သားစုံကို ဒညင်းသီးနဲ့သုပ်တဲ့ အသုပ်ကတော့ မပါမဖြစ်ပဲ။ သူ့ဆိုင်က မနက်စာအနေနဲ့စားလို့မရဘူး ၁၁နာရီလောက်မှဖွင့်တယ်။ ၈၂လမ်းမကျည်းရိပ်က စားလို့တော့မဆိုးပါဘူး ဒါပေမဲ့ နည်းနည်း ညစ်ပတ်သလားလို့..။ ဗထူးကွင်းမြီးရှည်တို့ ၃၄ x ၈၄ ထောင့်က စိန်မြင့်မြီးရှည်တို့လည်း ကောင်းကြပါတယ်..။

ရှမ်းခေါက်ဆွဲကတော့ မန်းလေးမှာ လက်ညိုးထိုးမလွဲလောက်နီးနီး ပေါတယ်..။ သူဟာနဲ့သူတော့ စားလို့ အဆင်ပြေတာချည်းပါပဲ..။

ဆီချက်ခေါက်ဆွဲဆိုရင်တော့ လမ်း၈ဝ ဒေါ်ရွှေက ကျွန်တော်တို့ရဲ့ overdose ဖြစ်ခဲ့တဲ့ညတွေအတွက် မနက်တိုင်းပြေးရတဲ့ ဖြေဆေးပေါ့ဗျာ..။ သူဆိုင်က ကြက်ပေါင်းနဲ့ ဆီချက်ခေါက်ဆွဲလေး ဆွဲလိုက်ရင် ညကများခဲ့သမျှ အေးဆေးပြန်ဖြစ်သွားရော..။ ညနေဆိုရင်တော့ ၃၂ x ၈၄ ထောင့်က လှည်းကြီးနဲ့ရောင်းတဲ့ အောင်သိန်းမှာ ဆန်ပြားဆီချက်သွားစားဗျာ..။ ၇၉လမ်း ၃၃-၃၄ကြား နမ့်ခမ်းက အမဲကြော/လုံး ဆီချက်လမ်းမိုက်တယ်..၊ အဲ့ဒီဆိုင်မှာ အမဲကြော်ကိုမွှပြီး ငရုပ်သီးစိမ်းနဲ့ကြက်သွန်ဖြူထောင်းထားတာကိုဖြူး ဆီလေးဆမ်း သံပရာရည်ချဉ်ချဉ်လေးနဲ့ သုပ်ပေးတာလဲလွှတ်ကောင်းတယ်..။

ချစ်တီးထမင်းက ၈၁လမ်းက ပန်းချယ်ရီမှာကောင်းသဗျ။

မနက်စောစောစာဆိုရင် ထမင်းဆီဆမ်း၊ အုန်းထမင်း၊ ဆီထမင်း နဲ့ ဒံပေါက်တွေကို ဆိတ်သားကြော်ကြွပ်ကြွပ်လေးနဲ့တွဲရောင်းတဲ့ ၃၃x၈၄ ထောင့်ကဆိုင်ရှိတယ်။ မင်းသီဟတို့ ရွှေပြည်မိုးတို့ တော့(ပ)ချိုက်(စ)တို့သွားရင်တော့ အစုံရတာပေါ့ စားလိုလဲကောင်းပါ့..။ လက်ဖက်ရည်ဆိုင်ထဲမှာ ဆိုင်လို့ကောင်းတာကလွဲရင် ကျန်တာ မကောင်းတာက မိန်းနားက Friend (လှညွန့်တွေ့ရင် ငါကိုဆဲလိမ့်မယ်.. :D). လူစုလို့ ထိုင်လို့ကောင်းတယ် အစားအသောက်လည်း ဒီလောက်မကောင်းဘူး ညစ်လည်ညစ်ပတ်တယ်:D..(လှညွန့်ရေ ဆောရီး..)../

ခုတော့ သတိရသမျှ အာသီသရှိသမျှ ရေးလိုက်တယ်
နောက်သတိရမှထပ်ဖြည့်တာပေါ့ 😀

Myo Htet Zaw ၏ အဖြည့်
၃၁လမ်း ၇၁၊ ၇၂ ကြားက ရွှေရောင်လင်းဆိုတဲ့ မြန်မာအစားအစာ နံနက်စာဆိုင် လဲ ကောင်းတယ် ။ ဥပုဒ်နေ့ နဲ့ ဆန်းဒေးဆို ကြက်သားခနုံ ရတယ် ။ဒိန်ချဉ်ဆို 76ညဈေးတန်းက ရွှေသတ္တိနို့ပါတီလဲ ကောင်းတယ် ။ ထန်းလျက်နဲ့ ရတယ် ။ 34လမ်း 73 /74 ကြားထဲက ရွှေအိုးလဲ ကောင်းတယ် ။

Aung Ko Ko Han ၏ အဖြည့်

မြန်မာဟင်းနဲ့ပါတ်သက်ရင် မိန်းပေါက်နားလေးမှာ မိသာစုထမင်းဆိုင်ရှိသေးတယ်
နောက် အေးမေတ္တာလည်း မဆိုးပါဘူး

Ei Mon Thinn Kyu ၏ အဖြည့်
မချိုကြီး …. ကြေးအိုးဆိုင်မပါဘူး … ကြေးအိုးမှာ ၇၄လမ်းပေါ်မှာ အရုဏ်ဦး ကြေးအိုးရှိတယ် အရမ်းကောင်းတယ် …

စန္ဒာမေ ဖက်ထုပ်ပေါင်းဆိုင်မှာလည်း ကြေးအိုးရပေမဲ့ ကျွန်တော်တော့ လုံးဝမကြိုက်ပါ …

ပွစိစိကြီး ဖြစ်နေသလိုပဲ … နောက်တစ်ဆိုင်ကတော့ နန်း…ရှေ့ က Cafe Queen မှာ ဈေးကြီးကြီးနဲ့ ကြေးအိုးကောင်းကောင်းရတယ် … အများကြီးလည်းပါတယ် တစ်ယောက်တည်း စားလို့သိပ်မကုန်တတ်ဘူး ..ရွှေတောင်တန်းကတော့ အရင်ကလည်း နာမည်ကြီး အခုလည်းနာမည်ကြီးပဲ .. တခြားတခြားသော ကြေးအိုးဆိုင်တွေလည်း အများကြီးရှိပါသေးတယ် ကျွန်တော်တော့ ဒီလောက်ပဲ သိပါတယ် 😛

( ကဲ…. စဉ်းစားလို့ မရတော့ဘူး … ကိုယ်ကောင်းတာ သိတဲ့ဆိုင်ရှိရင်လည်း ဖြည့်စွက်ပေးကြပါ )
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကဲ ဒီလောက်ပဲ။
ဒုတိယပို့(စ) မှာ ကရွဲစည်က ဘီယာဆိုင် မေးထားသလားလို့။
ဒီ ပို့(စ) မလာလို့ကတော့ အသိပဲ။  :mrgreenn:

40 comments

  • Mr. MarGa

    March 13, 2014 at 6:34 pm

    ဖတ်သွားပြီ
    မှတ်သွားပြီ
    အဖော်ကောင်းရင် ပတ်စားမည်
    :mrgreen:

    • kyeemite

      March 14, 2014 at 9:12 am

      ကိုယ်မန်းလေးလာလည်ရင် ပတ်စားကြတာပေါ့ သဂျားရေ 😛
      ဟိုတခါလာလည်ရတာ အားမရခဲ့ဘူး…လာအုံးမည်။

  • surmi

    March 13, 2014 at 8:30 pm

    နောက်နှစ် မန်းလေးသွားမယ်
    ဒီပို့စ်တွေ ထဲကလိပ်စာတွေကူးသွားမယ်
    ဒီနှစ်တော့မသွားဖြစ်လိုက်ဘူး

  • ခင် ခ

    March 13, 2014 at 10:37 pm

    ၁၆လမ်း(၈၁လမ်းနဲ့၈၂လမ်းကြား)လမ်းမြောက်ဘက် အထမ်းနဲ့ မြီးရှည်ဆိုင်လည်း ဝက်သားစားသူတွေအတွက် အရသာကောင်းဆိုင်ပါဘဲ။ ဝက်သား ကလီစာ ကြိုက်ရာနဲ့ရသလို ဒညင်းသီးပါကြိုက်ရင်ထည့်သုတ်ပေးတဲ့ဆိုင်ပါဘဲ။ လူကတော့ မစဲဘဲဗျို့

  • ခင် ခ

    March 13, 2014 at 10:44 pm

    ရှမ်းပုံစား ထမင်းဆိုင်တန်းလို့တောင်ပြောလို့ရတဲ့နေရာကတော ၃၃လမ်း (၇၂လမ်းနဲ့၇၃လမ်းကြား)ပါဘဲ နေ့လည်ဆို ထမင်းလာစားတဲ့ဆိုင်ကယ်တွေ ၃၃လမ်း အပြည့်နီးပါးဘဲဗျ

  • ခင် ခ

    March 13, 2014 at 10:52 pm

    တွတ်ပီဝက်သားဒုတ်ထိုးက အခု ၃၃ လမ်း (၈၄လမ်းနဲ့ ၈၅လမ်းကြား) လမ်းမြောက်ဖက်ခြမ်း မှာပြောင်းဖွင့်ထားသလို မကျီးရိပ်မြီးရှည်ကလည်း ၈၃လမ်း (၃၂လမ်းနဲ့၃၃လမ်းကြား)ကိုရောက်သွားပြီ။

  • ခင် ခ

    March 13, 2014 at 11:07 pm

    I Bar ဆိုတဲ့ဆိုင်မှာ မနက်ပိုင်း ၁၁ နာရီထိ ဒင်ဆမ်းရပြီး အရသာလဲကောင်းပါတယ် ၆၅လမ်း(၂၆လမ်းနဲ့၂ရလမ်းကြား)မှာပါ။

    • ဘရန်းဒက် ကေဇီ

      March 14, 2014 at 12:59 pm

      ကိုကြီးခရေ။
      ဖြည့်ပေးတဲ့ လိပ်စာတွေအတွက် ကျေးဇူးကြီးကြီးတင်ပါတယ်

      😀

  • snow smile

    March 14, 2014 at 6:27 am

    စား စ ရာ ဆိုင် တွေ စုံ လင် လှ ပါ လား
    မှတ် ထား ပြီး လာ စား မယ်

    • ဘရန်းဒက် ကေဇီ

      March 14, 2014 at 1:00 pm

      လေးပေါက်ကြီး ကျွမ်းတယ် မမ။
      လိုက်ကျွေးခိုင်းပစ်။
      ဟိဟိ

      :mrgreenn:

      • snow smile

        March 14, 2014 at 1:09 pm

        ဒို ့နှစ် ယောက် ပေါင်း ပြီး
        နှိပ် စက် လိုက် ကြ စို ့

      • အ ချွန ် နဲ ့ မ သည် လား

        နှစ် ယောက် ပေါင်း လာ ခဲ့ စမ်း ဘာ
        တော် ဘာ ဘီ ချင့် လို့ ပြော လောက် အောင် လိုက် ကျွေး ဘ ာ မည်

  • မဟာရာဇာ အံစာတုံး

    March 14, 2014 at 9:19 am

    နောက်တစ်ခေါက် မန်းလေး ရောက်တဲ့အခါ
    မန်းလေးသား၊သူ တွေကို နှိပ်စက်ရဦးမည် …

    ဟိုအကောင် သဂျားးး
    မန်းကီး စုထား … :mrgreenn:

  • Mr. MarGa

    March 14, 2014 at 9:39 am

    သဂျား ဆိုတဲ့အသံပဲံ ကြားရသလိုလို :mrgreenn:

  • ဘရန်းဒက် ကေဇီ

    March 14, 2014 at 10:12 am

    နေမဲ့ ရက်နဲ့
    စားမဲ့ အစားကို
    ကျွေးမဲ့ ဒကာအပါ
    သွားမဲ့ အချိန်ရော
    မီနူးဆွဲထားလိုက်လေ။

    တဂျား မျက်ခုံးလှုပ်အောင်..

    😀

  • Foreign Resident

    March 14, 2014 at 12:42 pm

    နွားနို့ဟင်း ဆိုတာ ဘာလဲဟင် ။

    • ဘရန်းဒက် ကေဇီ

      March 14, 2014 at 12:56 pm

      ဗျာ။
      အဲလာကျနော် မပြောတတ်ဘူး ဘဖော။
      ဘယ်လိုချက်တုန်းမသိဘူးးး
      စားပဲ စားတတ်တယ်။
      ချိုစိမ့် အီအီ နဲ့ နွားနို့ အရသာပါတာပဲ မှတ်မိတယ်။
      နို့ဟင်းမလိုင်လို့လည်း ခေါ်သေးတယ်

      😀

  • black chaw

    March 14, 2014 at 12:44 pm

    ဘရန်းဒက် ကေဇီ ရဲ့
    လမ်းညွှန်ကို ဝင်လေ့လာသွားတယ် ဆိုတဲ့အကြောင်း…
    လေးလေးစားစား ပြောခဲ့ပါတယ်ဗျာ…။
    😀

    • ဘရန်းဒက် ကေဇီ

      March 14, 2014 at 12:58 pm

      လေ့လာပြီးရင် သများလာတဲ့အခါ မန်းလေးထိ မုန့်လိုက်ကျွေးပါ။

      :mrgreenn:

  • ရွှေတိုက်စိုး

    March 14, 2014 at 1:59 pm

    ဦးပိန်က ထန်းတောမှ ထန်းရည်အစစ်ရတဲ့ဆိုင် ကျွန်တော်သိသည်…. သများကိုခေါ်ရင်လိုက်ပို.မည်…
    ဆိုင်နံမယ်ကတော့ အဖွားကြီးဆိုင် ပဲ.. သရက်ပင်တွေအောက်မှာ ဖျာခင်းသောက်လို.ရသည်… တောအစစ်လဲရသည်… ကိုရီးယားလိုဆို ဆိုဂျူပေါ့.. အေ့…………..

    • ဘရန်းဒက် ကေဇီ

      March 14, 2014 at 2:08 pm

      သများ ကို သများသွားရင် ခေါ်ပါ့မယ်။
      သူများတွေကိုတော့ သများကို သများ ခေါ်သွားကြောင်း မပြောနဲ့နော်။

      😀

      • ရွှေတိုက်စိုး

        March 14, 2014 at 4:15 pm

        အို သများအုပ်ထိန်းသူကိုတော့ပြောခဲ့ရမှာပေါ့အေ.. တော်ကြာ သများကို သများက ထန်းရည်မူးပြီး ဟိုဒင်းပြုမှဖြင့် ရေတိမ်နစ်ရချည်ရဲ.အေ.. အို မရဘူးပြောမှာဘဲ ပြောမှာဘဲ..

        • ဘရန်းဒက် ကေဇီ

          March 14, 2014 at 4:21 pm

          “ကိုယ် မူးလို့ မှားသွားတာပါကွယ် ”

          ….ဆိုတဲ့ လူမျိုးများမှတ်လို့လားးးး။

          မမူးလဲ မှားတတ်တယ်။

          ဖိနပ်တွေ။

          :mrgreen:

  • TNA

    March 14, 2014 at 6:58 pm

    မန်းလေးကိုတော့ မကျွမ်းလို့ မန်းလေးရောက်ရင် မြို့ခံများမှ မှတ်သားထားပြီးလိုက်ကျွေးစေလိုဘာဂျောင်း :-
    D

    • ဘရန်းဒက် ကေဇီ

      March 15, 2014 at 5:36 pm

      မြို့ခံတို့ မြို့ခံတို့။
      အနော့ ယောက်ခမွကို စောင့်ရှောက်လိုက်ကြပါ။
      😀

  • Ma Ma

    March 14, 2014 at 9:05 pm

    ဘရန်းဒက်ကေဇီနဲ့တွေ့မှပဲ
    မန်းလေးရဲ့ ဘရန်းကို …
    မန်းလေးသား စကားးးး ကို
    မန်းလေးသား အစားးးး လို့ ပြောင်းရမလို ဖြစ်နေပြီ။ :mrgreen:

    • ဘရန်းဒက် ကေဇီ

      March 15, 2014 at 5:34 pm

      စကားလည်း များတယ်။
      အစားလည်းစားတယ်။
      အကြွားလည်း ထားတယ်။

      :mrgreen:

  • MAUNG

    March 15, 2014 at 4:10 pm

    ဆန်ချိုအေး ရော 😛

    • ဘရန်းဒက် ကေဇီ

      March 15, 2014 at 5:33 pm

      မောင်။
      ဘာကိုမေးတာလဲ။
      ဆန်ချိုအေးကို မသိတာလားးး
      ဆန်နဲ့ဖောက်ထားတဲ့အချိုရည်မျိုးပဲ။
      ဆန်စေ့လေးတွေရောပါတယ်။
      ဝမ်းအေးတယ်။
      🙂

      • MAUNG

        March 15, 2014 at 6:24 pm

        ဆန်ချိုအေး ဆိုင်ကောင်းကောင်း လေးသိရင် ညွန်ခိုင်းတာ 😀

        • ဘရန်းဒက် ကေဇီ

          March 15, 2014 at 6:29 pm

          ပို့(စ) ၃ ခုလုံးကိုသေချာဖတ်။
          ပါတယ်။
          ရွှေမူဆယ် က အကောင်းဆုံးပဲ။\

          😀

  • kai

    March 15, 2014 at 4:18 pm

    ရန်ကုန်သားတွေဘာလို့.. အဲလို.. ရန်ကုန်စားညွှန်.. ဝါးတီးစာမရေးသလည်း.. တွေးလို့မရ..။
    ဧကန်တတော့.. ဧကန်….တ..။ :mrgreen:

    • ဘရန်းဒက် ကေဇီ

      March 15, 2014 at 5:32 pm

      ဟုတ်တယ်။
      ဧကန်ဒ အစား ဝါသနာအိုးတွေ နည်းလို့လားးးး
      ဒါမှမဟုတ် ညွန်းစရာ များလို့ လားးး
      ညွှန်းစရာ မရှိလို့များလားးးးး

      ဟိ။
      ရန်စအူးမှ။

      :mrgreen:

      • MAUNG

        March 15, 2014 at 6:27 pm

        စာဆို ရှိတယ်လေ ဗျာ

        ရန်ကုန်သား အကြွား ..
        မန်းလေး သား အစား …တဲ့ ဟီဟိ

        မောင်(မန်းလေး ကိုချစ်တဲ့ ရန်ကုန်သား)

  • ရဲစည်

    March 17, 2014 at 11:25 am

    မန်းလေး ရောက်ရင် ဘယ်နာမည်ကြီး နာမည်ရဆိုင်မှာ မရောက်ဖြစ် အဓိကအကြောင်းက အစားသိပ်မစားလို့။ ဗိုက်နည်းနည်းပြည့်ရင်ပီးရော တွေ့တာစားလိုက်တာပဲ။

    သို့ပေသိ တခုတ်တရ သွားတတ်တဲ့ နေရာတွေတော့ ရှိတယ်။
    ၁၆ကျောင်းက ၂နှစ်တက်ခဲ့ဖူးတာမို့ အလွမ်းပြေသွားရင်း မြင့်လွင်မှာ ဒုတ်ထိုးစားတယ်။

    ဈေးချိုက ကြာဇံကြော်နဲ့ ငါးရေခွံကြော် ကြိုက်တယ်။ သွားစားတယ်။

    ထန်းရည်အစစ်ကတော့ မတ္တရာသွားတဲ့လမ်းမှာ တစ်ဆိုင်၊ ရန်ကင်းတောင်သွားတဲ့လမ်းမှာ တစ်ဆိုင်ရှိတယ်။ တနေ့အရင်သွား မနက်ဖြန်မနက် ဘယ်အချိန်လာမယ် ကြိုပြော ပီးရင်တော့ ထန်းပင်လက်ညှိုးထိုးပီး တနေကုန်ထိုင်သောက်တယ်။ အနည်းဆုံး ၁၄/၅ မြူတော့ကုန်တယ်။

    ဘီယာဆိုင်က ကပေတို့နဲ့ဆို ထိုင်ဖြစ်တယ်။ နိုမို့ဆို မထိုင်ပါ။ ကြိုက်လည်းမကြိုက်ပါ။

    အဓိကကတော့ အရက်ပါပဲ။ အရက်ကတော့ တံဆိပ်အစုံသောက်တယ်။ တေ့စ်ကြိုက်ရင် ဝယ်ရလွယ်ရင် စွဲသောက်တယ်။၁ဝခါလောက်အဲ့တံဆိပ်သောက်ပီးရင် နောက်တခုပြောင်းတယ်။ အရက်သောက်ရင် ဆူတဲ့နေရာမသောက်ချင်ဘူး။ အဓိကအမြည်းကတော့ အသီးအရွက်၊ အချဉ်တခုခုနဲ့ ဆေးပေါ့လိပ်ပဲ။ အခု လောလောဆယ် ရာသီပေါ်မရမ်းသီးအစိမ် ဆေးပေါ့လိပ်နဲ့ Singleton အရက်အရမ်း ခိုက်နေတယ်။ ဒီမှာဝယ်ရခက်နေလို့ စလုံးမှာရှိရင်ပို့ပေး

    :mrgreen:

    • ဘရန်းဒက် ကေဇီ

      March 17, 2014 at 11:50 am

      ကြားတောင်မကြားဖူးဘူးးး
      ရှာလိုက်မယ်။
      လူကြုံရင်ပေးလိုက်မယ်။
      ရော့ ကရင်လုံချည်
      ရော့ အရက်ပဲ။
      ဟိဟိ

      :mrgreen:

Leave a Reply