ဝေစုခွဲဖို့ အကြပ်အတည်းနဲ့ဆုံတဲ့အခါ
ဘဝဟာ
တီ​ကောင်​လို
မြေကြီးထဲ
ခေါင်းမြီးခြုံ အိပ်​နေချင် တယ်​။
အောက်​စီဂျင် လည်း
ဂြိုဟ်​တုတစ်​လုံးရဲ့ခန္ဓာကိုယ်​ထဲမှာ
အလှ​မွေးငါးလို
စိတ်​မပါလက်​မပါ ကူးခတ်လို့။
ဘဝချင်းအတူတူပါ
ခွေးတစ်​ကောင်​က
ရေသန့်ဗူးခွံ​ကောက်​တဲ့လူတစ်​​ယောက်ကို
ကား​ပေါ်က​နေ
ဘာလို့စိုက်​ကြည့်​​နေတာလဲ။
အေး​လေ
ရေနည်းလာတဲ့အခါ
ငါး​တွေဟာ
ဂြိုဟ်​တုကြီးထဲကဘဝကို
အားကျပါးကျဖြစ်လို့။
ကိုစစ်

ko six

About ko six

ko six has written 106 post in this Website..

ဘဝဆိုတာ အပိုင်းနှစ်ပိုင်းနဲ့ရွေ့နေတဲ့ ဂေါက်သီး။ ရယူမှာလား။ ပေးဆပ်မှာလား။ အဲ နှစ်ခုစလုံးတော့ကြုံရမယ်။ ဘယ်ဟာကို အရင်ကြုံချင်လဲဆိုတာမှာ လူတော်လူညံ့ကွဲကုန်တာ။ CJ # 1122014