သံမဏိလူသား

zaw winApril 24, 20141min1756

ကမ္ဘာတခွင်မှာ စာတင်မဲ့ သံမဏိလူသား
မင်းတို့ရဲ့အမြင်မှာ ငါဟာတယောက်ထဲပေမဲ့
ထားခဲ့တဲ့ ငါ့ကိုယ်ပွားများ၊
ငါ့သွေး တစက်စက် ကျလေတိုင်း
ငါ့ချွေး တစက်စက် ကျလေတိုင်း
တိုးပွားလာတဲ့ ငါ့ရဲ့စိတ်ဓါတ်အင်အား
ငါ့တိုင်းပြည် ငါ့လူမျိုးအတွက်
ကျားရဲတကောင်လို တိုက်ရင်းသေသွားမယ်၊
ဟံသာဝတီဝင်းတင်ဟာ
အချောင်မခိုတဲ့ တကောင်ဗိုလ်ဆိုတာ
မင်းတို့သိသွားစေရမယ်။

မင်းသုတ
02း00A.M
24.4.2014

6 comments

  • alinsett (gazette)

    April 24, 2014 at 4:25 pm

    အချောင်မခိုတဲ့
    တကောင်ဗိုလ်တဲ့လား. . . . .

    ကွယ်. . . .

  • မဟာရာဇာ အံစာတုံး

    April 24, 2014 at 11:10 pm

    ဟုတ်ပါတယ် …
    တကယ့် သံမဏိ လူသားကြီးပါပဲ …
    လေးစားဖို့ကောင်းတဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦးပါ …

  • Wow

    April 25, 2014 at 2:02 pm

    ကဗျာလေး မျှဝေပေးတာ ကျေးဇူးပါ… 🙂

  • TNA

    April 25, 2014 at 8:27 pm

    တကယ့်ကိုလေးစားထိုက်တဲ့ စံပြတွေထဲကတယောက်ပါပဲ

  • ခင် ခ

    April 25, 2014 at 10:59 pm

    ၈၈ အရေးတော်ပုံအလွန်ကာလမှာ မိမိခံယူချက်အတိုင်း နောက်ဆုံးထွက်သက်ထိ ဆုတ်ကိုင်သွားကြသော သူရဲကောင်းများထဲမှာ တစ်ယောက်အဖြစ် အလေးပြုလိုက်တယ် အဘရေ။

  • ဘာရယ်မဟုတ်
    ဟိုနေ့ကတင်ရန်ကုန်ကအဖြတ် ဆရာကြီးဦးဝင်းတင်ဇာပနယာဉ်တန်းနဲ့တိုးလို့ စိတ်မကောင်းဖြစ်ရပါသေးတယ်။
    😥

Leave a Reply