မြန်မာ ဆိုတာ
မြန်မာ ဆိုတာ
ဖတ်စာအုပ်ထဲမှာ
သမိုင်းစာမျက်နှာတွေမှာ
သူရဲကောင်းတွေအဖြစ်အားကျခဲ့တယ် အပြင် မှာကြုံသမျှ
ဆ င်းရဲနုံခြာတာတွေ မြင်ပြီး
ကရုဏာသက်မိတယ်
မန္တလေးဂေဇက်ထဲမှာတော့ လူတစ်စုကလှောင်ပြောင်နေကြတယ်
We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.
The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ...
Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.
Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.
Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.
Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.
Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.
မြန်မာ ဆိုတာ
ဖတ်စာအုပ်ထဲမှာ
သမိုင်းစာမျက်နှာတွေမှာ
သူရဲကောင်းတွေအဖြစ်အားကျခဲ့တယ် အပြင် မှာကြုံသမျှ
ဆ င်းရဲနုံခြာတာတွေ မြင်ပြီး
ကရုဏာသက်မိတယ်
မန္တလေးဂေဇက်ထဲမှာတော့ လူတစ်စုကလှောင်ပြောင်နေကြတယ်
50 comments
Mr. MarGa
May 10, 2014 at 2:18 pm
မန်းးး ဂဇက်မှာ… ဒီလိုပဲ…. ရှိတယ်….. :mrgreenn:
ဦးကြောင်ကြီး
May 12, 2014 at 12:25 pm
သဂျားမရှိလည်း နို့ဆီရှိလယ်…နင် ညောင်း ဂျောင်း….
မီ မီ
May 10, 2014 at 2:24 pm
မြန်မာမကောင်းကြောင်း များများပြောရမှာလား ရှင်
ဦးကြောင်ကြီး
May 12, 2014 at 12:28 pm
ဟုတ်ပမီမီ… အသားထဲကလောက်ထွက် ဂျောက်ဂျက်ထက် ပိုသရမ်းတဲ့ကောင်တွေ.. မီမီနဲ့ကြောင် ဒီကောင်တွေနဲ့ဝေးရာ ကျွန်းလေးတဂျွန်းမှာ ကြက်ဥ၊နွားနို့၊ဖီးကြမ်း၊ဒိန်ချဉ်၊စွံပလွန်သီးတွေ အပြည့်ယူပြီး သွားပုန်းနေဂျရအောင်..
lu lu
May 10, 2014 at 2:40 pm
ဘယ်လူမျိုးဘယ်နိုင် ငံမှာမဆို အ ကောင်းအဆိုး
အတူတူရှိနေကြတာပါ မ ကောင်းတာလည်းပြောပါ
ပြုပြင် နိုင် ဖို ့ ကောင်းတာကိုလည်းပြောကြပါ ဂုဏ်ယူ
နိုင် ဖို ့မျှမျှတတ ပေါ့ :-)))
ဦးကြောင်ကြီး
May 12, 2014 at 12:24 pm
လုလုလေး မှန်ပါတယ်ကွယ်.. ဦးကြောင် ပိုပိုပြီး ခြစ်ခင်မြတ်နိုးလေးစားမိပါဗီဂေါ…
ခင် ခ
May 10, 2014 at 2:43 pm
မြန်ပီသသော မြန်မာတစ်ဦး မန္တလေးဂဇက် သို့ ဝင်ရောက်လာလေသော်အခါ…………..
ဦးကြောင်ကြီး
May 12, 2014 at 12:22 pm
သူ့ဟာသူ ဝင်ချဉ်ဝင် ထွက်ချဉ်ထွက် ဦးခင်ခနဲ့ ဘာဆိုင်သလဲ.. အဲ့စာရင်းတိုင်းရဦးမှာလား.. ရော့ တဗတ်စာငါးကျပ် အကြွေပြန်မအမ်းနဲ့ …
ROssI
May 10, 2014 at 3:24 pm
သခင်မျိုးဟေ့ ..ဒိုဘာမန်…
အာဝူး..
:harr:
ဦးကြောင်ကြီး
May 12, 2014 at 12:19 pm
အေအန်ယူသဗုံသတ်လို့ တေမည့်ကောင်ဂများ.. ခွေးသိပ်ခါကျလယ်…
ROssI
May 12, 2014 at 1:52 pm
ငဂို အနီကတ် ၂ကတ် ကျွေးထားတာ …ကိုကိုကြောင်နဲ့ သဂျိုင်ခီးပဲ ဖြစ်မယ်..
ဆိုင်ဆိုင်မဆိုင်ဆိုင်ဗျာ…
အချိန်တန်တော့ … ဖလားကို မန်စီးတီးသိမ်းတယ်…
သိဗီလား ..မန်ကျီးသီး အရသာကို …..
ဟိ ဟိ ..ဟ ဟ …
(မည်သို့ပင်ဆိုစေကာမူ ဖလားသည် မန်ချက်စတာမြို့မှာ နားခိုပါ၏)
P.S
ခွက်ဒစ်တူ …အူမလဲ နာအိုးလဲဘ အီမိုးတို နာလိတိုင်း ဆိုတဲ့ ..ကလေးမ
kai
May 10, 2014 at 4:05 pm
ယူအက်စ်မှာ… ရီပါ့ဗလစ်ကန်င်နဲ့ဒီမိုကရက်ပါတီကြီး၂ခု.. . အပြန်အလှန်နှိပ်ကွပ်.. အပြစ်ပြော… ပွင့်လင်းမြင်သာအောင်ဖွင့်လှစ်.. ထောက်ပြကြတယ်..။
အဲဒါကို.. လူတစုက.. လှောင်ပြောင်နေကြတယ်လို့ဆိုရင်..
အဲဒီဆိုချက်ကမှ.. လှောင်ပြောင်တာအစစ်လို့..
ဒီအတွေးတွေကပဲ.. တိုင်းပြည်ကို”ဆွဲချ” … ဖြစ်စေခဲ့တာ..။
ရေတွင်းထဲနေ.. ဝါးလုံးခေါင်းထဲခို…
ဒီလိုနဲ့.. တနေ့သောအခါ… မျက်လုံးများဖွင့်ကြည့်လိုက်သော်..။
ဦးကြောင်ကြီး
May 11, 2014 at 12:34 am
အဲလိုတော့ မပေါသင့် ထင်ပါတယ် ဦးမာမွတ်။ မီမီလေးဂ စေတဏှာနဲ့ ပေါဒါဂို ခီဗျားက ဆယာဂျီးလုပ် နေမယ်ဆိုရင် မေးဗျစေ.. မာမွတ်ခိုင်မ်က ဘာလဲ မြန်တျန့်လား မာမွတ်စ်လား… တခုခုတော့ ပြောဗျာ…။
စားကြွင်း။ မီမီဂို ဆားချဉ်သီ။
kai
May 10, 2014 at 4:09 pm
သိပ်လည်း ဘဝင်မမြင့်ကြပါနဲ့..
ပြည်တွင်းမှာ နေနေတဲ့ သူတော်တော်များများက
ဗိုလ်ချုပ်အောင်ဆန်းလိုလူမျိုးဟာ ကမ္ဘာမှာ မြန်မာမှာပဲ ရှိနေတယ်ထင်ကြတယ်။
ဘာကြောင့်ဆိုတော့ သူတို့ဟာ ဒေါက်တာ ဆွန်ယက်ဆင်၊ ဟိုးဆေးရီးဇော်၊ ဟိုချီမင်း၊ ဂန္ဒီ၊ ချေဂွေဗားရား တို့အကြောင်းမသိကြတော့ နိုင်ငံတိုင်းမှာ ရှိတဲ့ သူရဲကောင်းတွေကို လေးစားရကောင်းမှန်းမသိကြဘူး။
လေယဉ်ပေါ်ကနေ မြန်မာပြည်ကို မမြင်ဘူးတော့
အခုချိန်ထိ Golden Land ဆိုပြီးဘဝင်မမြင်ပါနဲ့။ တောတွေပြုန်းပြီး မီးလောင်ပြင်လိုဖြစ်နေတဲ့ လွင်ပြင်၊ တောင်တန်းတွေကိုမှ သူတို့မမြင်ဘူးကြပဲ။
တမလွန်အတွက် ပြင်ဆင်တဲ့အလေ့အကျင့်တွေ ထုံနေတဲ့ ထမင်းရေ၊ ချောင်းစီးအလှူကြီးမျိုးတွေကိုပဲ မြင်ဖူးပြေီး ဘဝင်မြင့်မနေပါနဲ့။ ကမ္ဘာ့သူဋ္ဌေးသူကြွယ်ကြီးတွေရဲ့ ကိုယ်ကျိူးမဖက် ပရဟိတသက်သက်လှူဒါန်းမှုတွေကို အသိအမှတ်ပြုရကောင်းမှန်းမသိကြဘူး။
Globalization ကိုနားမလည်တော့ ကိုယ့်နိုင်ငံထဲမှာပဲ ကိုယ်နေရင် လုံခြုံပြီလိုထင်ပြီး ဘဝင်မြင့်မနေကြပါနဲ့။ CNN Effect, Al Jazeera Effect ခေါ်တဲ့ ကမ္ဘာအရှေ့ခြမ်းမှာ ဖြစ်နေတာကို အနောက်ခြမ်းကချက်ချင်းသိနိုင်တာကို လက်မခံနိုင်ကြသေးဘူး။
သဘာဝဘေးအန္တရာယ်တွေမကျအောင် သာသနာစောင့်နတ်မင်းကြီးတွေက မြန်မာနိုင်ငံကို ကာကွယ်ပေးထားတယ်လို့ သိပ်ဘဝင်မမြင့်ကြပါနဲ့။ အာရှမှာ ရာသီဥတုဒါဏ်အဆိုးရွားဆုံးခံရတဲ့ နိုင်ငံဆယ်နိုင်ငံမှာ ဒုတိယမြောက် အဆိုးရွားဆုံးဖြစ်နေတာကိုမှ မသိပဲ။
မြန်မာနိုင်ငံမှာငါးပါးသီလထွန်းကားပါတယ် ဆိုပြီး သိပ်ပြီးဘဝင်မမြင့်ပါနဲ့၊ တကယ်တော့ စာအုပ်ထဲမှာပဲ ထွန်းကားပြီး မြန်မာပြည်သူတွေရဲ့ ကိုယ်ကျင့်တရားက မိစ္ဆာဒိဋ္ဌိနိုင်ငံတွေလို့ ခေါ်တဲ့ ဥရောပနိုင်ငံသားတွေစံထားတဲ့ Gentleman ဆိုတဲ့အဆင့်ကိုတောင် မမှီသေးတာကိုမှ မသိကြပဲ။
ထမင်းငတ်ပြီးသေတဲ့မသာ မြန်မာပြည်မှာ မရှိဘူးလို့ ဘဝင်မြင့်မနေကြပါနဲ့။ တောင်သမန်အင်းထဲက ဓါတ်မြေဩဇာအဆိပ်သင့်နေတဲ့ငါးကြော်တွေကိုမစားဖို့ သက်ဆိုင်ရာသံရုံးတွေက သူတို့နိုင်ငံသားတိုးရစ်တွေကို တိုးတိုးတိတ်တိတ်မှာထားတာကိုမှမသိကြပဲ။ ထမင်းငတ်ပြီးမသေပေမယ့် တရုပ်နဲ့ယိုးဒယားကဝင်လာတဲ့ သူတို့နိုင်ငံသားတွေတောင် မစားတဲ့ သွားရေစာတွေကြောင့်သေနေတဲ့ကလေးတွေ၊ ဓါတုအဆိပ်သင့်နေတဲ့ ဟင်းသီး၊ ဟင်းရွက်သားငါးတွေကြောင့် သေနေကြတာတွေ၊ အဟာရငတ်ပြီး သေနေကြတာတွေကိုမှ မသိရှာကြပဲ။
အိမ်ထဲအထိဝင်၊ ခြင်ထောင်ထဲလှန်ကြည့်တဲ့ အထိ ဧည့်စာရင်းစစ်တာကို ကြည့်ပြိး မြန်မာပြည်မှာ တရားဥပဒေစိုးမိုးမှု ရှိတယ်ထင်နေကြတယ်။ ပြည်ပနိုင်ငံတွေမှာ ကိုယ့်အိမ်တံခါးကို ဝါးရမ်းမပါပဲ လာခေါက်ရင်တောင် ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲလို့ရတယ်ဆိုတာကိုမှ မသိပဲ။
ပြည်တွင်းမှာ ကျပ်တည်းကျဉ်းမြောင်းစွာ အမြဲနေရတာတော့အကျင့်ပါနေပြီး လူတိုင်းလည်းငါတို့လို ဒီလိုပဲ ရုန်းကန်နေရတာပဲ၊ ဘယ်သူမှ ထမင်းအလကားလာမကျွေးဘူးဆိုပြီး တဘက်သက် မာနတွေကလည်းကြီးတယ်။
တစ်ခြားနိုင်ငံတချို့မှာ ကလေးတွေရဲ့ ကျောင်းစားရိတ်၊ လူတိုင်းရဲ့ကျန်းမာရေးစောင့်ရှောက်မှု ကို အစိုးရဆီက အလကားရနေတယ်ဆိုတာမှ သူတို့မသိပဲ။
အခုချိန်ထိတောင်တွေဖြိုလို့ကောင်းတုန်း၊ သစ်တွေခုတ်လို့ကောင်းတုန်းပဲ။ ကိုယ့်နိုင်ငံမှာ ကိုယ်လု့ပ်တာ ဘာဖြစ်လည်းဆိုပြီး ရန်တောင် လို နေသေးတယ်။
Butterfly Effect လို့ခေါ်တဲ့ လိပ်ပြာလေးတစ်ကောင် တောင်ပံခတ်ရုံနဲ့ အမေဇုံသစ်တောက သစ်ပင်ကြီးတွေ တဝုန်းဝုန်းလဲပြိုနေတာကိုမှ မသိပဲ။
စမတ်ဖုန်းတွေ၊ မော်တော်ကားတွေ၊ ကွန်ပျူတာဆက်စပ်ပစ္စည်းတွေ ဈေးကွက်ထဲမှာ မြင်တွေ့နေရတော့ မြန်မာနိုင်ငံကြီးခေတ်မှီဖွဲ့ဖြိုးတိုးတက်နေပြီလို့ ထင်နေကြတယ်။ တကယ်တော့ မြန်မာပြည်ကိုပို့တဲ့ ပစ္စည်းကို သူ့တို့နိုင်ငံသားတွေ လုံးဝမသုံးကြတာကိုမှ မသိပဲ။
မြန်မာပြည်က ရှုခင်းတွေသာအလှဆုံးလို့ထင်နေကြတယ်။ ဒါတွေကိုကြည့်ချင်လို့ နိုင်ငံခြားခရီးသွားတွေလာနေတယ်လို့ ထင်နေကြတယ်။
တကယ်တော့ မြန်မာပြည်ထက်အဆပေါင်းများစွာသာတဲ့ ရှုခင်းတွေနိုင်ငံရပ်ခြားမှာ အများကြီးရှိတယ်ဆိုတာမှ မသိပဲ။ သူတို့လာတာဟာကမ္ဘာ မြင်တွေ့ရခဲတဲ့ တတိယဆင်းရဲသားနိုင်ငံက လူတွေရဲ့ ဘဝကို တအံ့တဩကြည့်ဖို့လာတာများတယ် ဆိုတာကို သိမှ မသိပဲ။
သိပ်လည်းဘဝင်မမြင့်ကြနဲ့ဗျာ..ကမ္ဘာမှာ မြန်မာဆိုတာ သေးသေးလေးပါ။ အခုခေတ်က နိုင်ငံကို လာပြီးသိမ်းတဲ့ခေတ်မဟုတ်တော့ဘူး။ သွားသိမ်းစရာမလိုပဲ ကိုယ့်နိုင်ငံက ယူချင်သမျှ ယူလို့ရနေပြီ။
အခု ကိုယ့်လူတို့သုံးနေတဲ့ ဆိုင်ကယ်၊ မော်တော်ကား၊ ကွန်ပျူတာအပါအဝင် အပ်တိုတစ်ချောင်းတောင် ပြည်တွင်းမှာ မလုပ်နိုင်သေးဘူး။ ဒါတွေပြည်တွင်းမှာ များလာတယ်ဆိုတဲ့ အဓိပ္ပါယ်ဟာ မြန်မာပြည်က ကျွန်းသစ်၊ ရေနံ၊ သဘာဝဓါတ်ငွေ့ နဲ့ တခြားသယံဇာတတွေ လျော့သွားပြီးဆိုတဲ့ သဘောပဲ။
ိသိပ်လည်း ဘဝင်မမြင့်ကြပါနဲ့။ သယံဇာတတွေကုန်ခန်းစပြုနေတဲ့တိုင်းပြည်၊ ခြစားမှုတွေနဲ့ ယိုယွင်းနေတဲ့ လူမှုအဖွဲ့အစည်း၊ ဆင်းရဲမွဲတေမှုရောဂါစွဲကပ်နေတဲ့ တိုင်းပြည်။ ဒီလိုတိုင်းပြည်ကို ဘယ်နိုင်ငံမှ နာမည်အပျက်ခံပြီး ကိုလိုနီ လုပ်နေစရာမလိုပါဘူး။ တရုပ်တွေနေချင်လည်းရနေတာပဲ။ ကုလားတွေနေချင်လည်းရနေတာပဲ။ တံခါးမရှိ၊ ဓါးမရှိ ဝင်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်းထွက်လို့ရနေတဲ့ တိုင်းပြည်ကို ဘာလို့အလုပ်ရှုပ်ခံပြီး သိမ်းနေမှာလည်း။
ဒါကြောင့် သိပ်လည်း ဘဝင်မြင့်မနေနဲ့။ အချိန်သိပ်မရှိတော့ဘူး။
မြန်မာပြည် လမ်းကြောင်းမှန်ပေါ်ရောက်ဖို့ အတွက် ဖွဲ့စည်းပုံကို ပြင်မယ့် ခေါင်းဆောင်ကို ဝန်းရံကြ၊ သူ့ကို ခိုင်းကြ။ တာဝန်ပေးကြ။ နောက်ဆုံးမြှော်လင့်ချက်က သူပဲရှိတော့တယ်။
ဒီမယ်မိတ်ဆွေ၊ ကိုယ့်လူ ကြည်တာမကြည်တာ၊ သဘောကျတာ၊ မကျတာ ခဏထား၊ ကိုယ့်လူတို့၊ ကျုပ်တို့မှာ ရွေးစရာမကျန်တော့ဘူး၊ ကိုယ်မှာ မြှားတွေ စူးဝင်နေရင် အသက်ဘေးနဲ့ အနီးဆုံးမြှားတံကို အရင်ရှင်းပစ်ရမှာပဲ။ ဒါကြောင့် မျိုးစောင့်သမားအားလုံး၊ မျိုးချစ်သမားအားလုံး၊ အားလုံး..အားလုံး.. ဖွဲ့စည်းပုံပြင်ဖို့ပဲ အာရုံစိုက်ကြ။ ပြီးမှ လွတ်လပ်စွာ ဝိဝါဒကွဲကြ၊ ငြင်းကြ၊ ခုန်ကြ။
(Credit: Kogyimind Mind https://www.facebook.com/kogyimind.mind/posts/418349204976592)
ဦးကြောင်ကြီး
May 12, 2014 at 12:18 pm
ဦးမာမွတ် ခီများလဲ သာမီးဒေါ်လေး ငယ်သေးဒယ်ဆိုပီး သိပ်အထင်ကြီးမနေနဲ့ ကျုပ်ရအောင် ဖန်မယ်…
alinsett (gazette)
May 10, 2014 at 4:17 pm
မြန်မာထဲက မြန်မာတွေပဲကွယ်
မြန်မာပဲပေါ့
ဦးကြောင်ကြီး
May 12, 2014 at 12:16 pm
ခရီးထွက်တုံးက ဓာတ်ပုံထဲမှာ ဘောင်းဘီအုကျပ်နေတဲ့ မျက်နှာပေးအသံနဲ့ လာမညှောင်စမ်းနဲ့ကွာ.. နားကလောဒယ်….
alinsett (gazette)
May 12, 2014 at 1:08 pm
မနှဲလေး ဘဲဥ နင်နေလို့ အော်တဲ့အသံညိုးနဲ့ ရန်လိုက်တွေ ့နေတယ်
အုကြောင် လူဇိုး
:kwi:
ကေဇီ
May 10, 2014 at 4:26 pm
စဉ်းစားကြည့်ရင်တော့ မြန်မာဆိုတာ လက်မထောင်နိုင်ခဲ့တာ ဟိုးဟိုးဟိုး အတိတ်က။
နောက်ပိုင်း ဒီ နိုင်ငံ အခြေအနေကို ဆွဲချနေတဲ့ လူကြီးတွေက
ပါးစပ်က ဘုရားဘုရား (ပြောလိုက်ရင် မြန်မာ့ယဉ်ကျေးမှုက မဆင်းးး)
လက်က ကားယားကားယားး (သူတို့ လုပ်လို့ ဘယ် အခြေအနေထိရောက်နေတာ မျက်မြင်)
ဒါပေမဲ့ အဲလို ဘရိန်းဝပ်(ရှ) လုပ်ခံထားရတဲ့ လူငယ်တွေလည်း မနည်းဘူးးးး
အတိတ်က မြန်မာဆိုတာကို တရားသေဆုပ်ကိုင်ပြီး မာန်တက်နေသရွေ့ ရှေ့မရောက်။
ဒါကို အကြောင်းပြပြီး နောက်ပြန်လှည့်ချင်နေတဲ့ သူတွေကလည်း ရှိတော့ ………
နိုင်ငံထဲမှာ ဘာမှ မသိလို့ ဘာမျိုးဟေ့ ဒို့ဗမာ ဆိုပြီး ထောင်နေတဲ့လက်မ နည်းနည်း အပြင်ရောက်လာတော့ တော်တော်ကျိုးသွားတယ်။ မြန်မာ ဖြစ်ရတာ သိမ်းကြုံးမျက်နှာငယ်ရတာ ကိုယ်တွေ့။
တစ်ကိုယ်စာ ပြန်ရပ်တည်အောင် မနည်းလုပ်ရတယ်။ အနှိမ်မခံချင်လို့။
ဒါမဲ့ ကိုယ့်နိုင်ငံနဲ့လူမျိုးတော့ ချစ်တုန်းပဲ။
ဖျက်စီးနေတဲ့ လူကြီးလူငယ်တွေကလည်း ဒီ နိုင်ငံထဲက ဆိုတော့ ပြောရင်း မြန်မာပြည် မကောင်းကြောင်း ပါသလားတော့မသိ။
ကိုယ်ဖျက်စီးခဲ့တာ မဟုတ်ဘူး လိပ်ပြာလုံရင် မနာကြပါနဲ့။
နှိမ်စေလိုတဲ့ သဘောနဲ့ ပြောတာမဟုတ်ရင် ဘယ်လောက် ဆိုးတဲ့ စကားဖြစ်ဖြစ် အဲဒီ နောက်က စေတနာကို ကြည့်ရမှာပါပဲ။
San Hla Gyi
May 11, 2014 at 5:19 pm
အင်း ဒီမိန်းကလေးက စေတနာတော့ ရှိတယ် ထင်ပါရဲ့။ သိပ်တော့ ရှည်ရှည် မရေးဘူး။ ကြုံရင်တော့ ကူရေးပေးပါ့မယ်ဗျာ။
ကျုပ်က မကေဇီ ထင်တယ်နော် ပြောသွားတာလေး တွေ့တာနဲ့ ကျုပ်တွေ့ဖူးတာလေး ပွားချင်လို့ ဝင်လာတာ။ ဘရိန်းဝှပ်ရှ် အလုပ်ခံထားရတာ လူငယ်တင် ဘယ်ဟုတ်မတုန်းဗျ။ လူကြီးထဲမှာလည်း ရှိတယ်။ ဘရိန်းဝှပ်ရှ် ဖြစ် မဖြစ်က ကျုပ်အကြိုက်ကတော့ သူ ဆင်ခြင်တာတွေ အဓိပ္ပါယ် ရှိ မရှိ ပြောတာတွေ ဟိုတလွဲ ဒီတလွဲ ဖြစ်မဖြစ်နဲ့ ဆုံးဖြတ်တာ ကောင်းတယ်ဗျ။ အဲဒီနည်းနဲ့ သူ့စိတ်ပုံမှန် ဟုတ် မဟုတ် သိနိုင်တယ်။ ကြုံဖူးတာလေး ပြောပြမယ်။ ကျုပ်သိတဲ့ လူကြီးတယောက် (နာမည်တော့ မပြောတော့ဘူးဗျာ) အသက်ကလည်း မငယ်တော့ဘူး။ စာလည်း တအားဖတ်တယ်ဗျ စာအုပ်နဲ့ မျက်နှာ မခွာအောင် ဖတ်တယ် ဆိုပါတော့။ စာအုပ်တွေ စုလိုက်တာလည်း အမယ်လေး ကြောက်စရာ တော်ရုံ စာကြည့်တိုက်တောင် သူ့လောက်စုံမယ် မထင်ဘူး။ လူတွေက အချက်အလက်လိုရင် သူက သူ့စာအုပ်တွေ ရှာပေးတတ်တယ်။ အဲ ဒါပေမယ့် စာသာဖတ်တယ် အဲဒီစာအုပ်တွေထဲက အကြောင်းကို အကျိုးသင့် အကြောင်းသင့် ဆင်ခြင်နိုင်တဲ့ ဉာဏ်ပညာ နည်းရှာတော့ သူပြောတာတွေက ရှေ့တလွဲ နောက်တလွဲ အကုန်ဖြစ်ရှာတယ်ဗျ။ ကျုပ်မှာ တခါတလေ ပျင်းရင် သူပြောတာတွေ စဉ်းစားပြီး ရယ်လိုက်ရတာ အပျင်းကိုပြေရော။ သူကတော့ ကျုပ်ကို ကြုံတုန်းက ပြောဖူးတယ်။ ငါ့တူရယ် ဦးလေးကို ဘယ်လောက်ပြောပြော ဦးလေးက စိတ်မဆိုးတတ်ပါဘူး။ ဦးလေးပြောတာတွေလည်း ငါ့တူ ဉာဏ်မီသလောက် ထောက်ပြပါ ဒါမှ ပျော်ပျော်ပါးပါး ဆွေးနွေးလို့ ရမယ်ပြောလို့ ကျနော် တနေ့တော့ သူပြောတာ လွဲနေတာလေး ထောက်ပြမိတာကို အသားတွေ ဆတ်ဆတ်တုန်ပြီး ကျုပ်ကို ရိုက်မယ်လုပ်တာဗျာ။ ကြောက်စရာကြီးပဲ။ ကံကောင်းလို့ အနားမှာရှိတဲ့ သူ့သမက် အဆွဲမြန်ပေလို့ပေါ့။ သူ့သမက်ကလည်း ဟန်ဆောင်ပန်ဆောင် ဆွဲသာဆွဲတယ် အမှန်တော့ သိပ်ကြည့်မရတာရော အမွေလိုချင်တာရောကြောင့် အဘိုးကြီးကို ရှောစေချင်နေတာ။ နောက်တော့ သူကိုယ်တိုင်ပြောတယ် ကိုစံလှကြီးတဲ့ ခင်ဗျား ဟိုတလောက ကျုပ်ယောက္ခထီးကြီးကို အမှားတွေ ထောက်ပြတာ ကောင်းလိုက်တာဗျာ။ အိမ်လည်း ပြန်ရောက်ရော သူသွေးတွေတတ်ပြီး ဖောက်လာလို့ ကျုပ် ဆေးရုံလိုက်ပို့လိုက်ရတယ်။ ကျုပ်ကတော့ သွားပြီလို့ တွက်ထားတာ။ ပြန်ကျန်းမာလာတယ်ဗျာ။ နောက်ဆို ကြုံရင်များများ လုပ်ပေးစမ်းပါလို့တောင် ပြောသွားသေးတယ်။
ကျနော်က မလုပ်ပါနဲ့ဗျာ ယောက္ခမ ဆိုတာလည်း သဘောထားတတ်ရင် မိဘပါပဲ ဆိုတော့ သူ့သမက်က ခင်ဗျားမသိပါဘူး သိပ်တလွဲလုပ်တဲ့ အဘိုးကြီး သူက ဘရိန်းဝှပ်ရှ် အလုပ်ခံထားရတာဗျတဲ့။ ကောင်းရော။
ကေဇီ
May 11, 2014 at 6:15 pm
အဟီးဟီးးး

ဦးစံလှကြီးနဲ့မှ တွေ့တတ်တယ်။
ကျနော်ကတော့ ဘာမဆို ခံယူချက်ကတယူသန်မဟုတ်ပဲ
အကောင်းရော အဆိုးပါ လက်ခံနိုင်တဲ့ ဦးနှောက်ရော နှလုံးသားရောရှိတဲ့သူကိုပဲ သဘောကျတယ်ဗျ။
အကောင်းရော အဆိုးရောဆီက အမြတ်ရအောင်ယူနိုင်တဲ့ သူမျိုးကပဲ နိုင်ငံကို တိုးတက်အောင်လုပ်နိုင်မယ်လို့ ထင်တာပဲ။။
မြန်မာဟေ့လို့ ဆိုတာနဲ့ မဟာဆီ မဟာသွေး မင်းမျိုးမင်းနွယ်ဆိုပြီး အကောင်းချည်းပဲ မျက်ကန်း ယူဆလို့မရသလို
ဆင်းဆင်းရဲရဲ စိတ်ဓာတ်စုတ်ပြတ်တယ်ဆိုပြီး အဆိုးချည်းပဲ မြင်နေလို့ မရလို့လေ။
၂၀၁၅ စု မရရင်တော့ အနော်တို့ပြည်ကြီး လမ်းဆုံးပြီထင်ပါရဲ့။
စကားမစပ် ဦးစံလှကြီးကို စု အပေါ်သဘောထားနဲ့ ပိုလေးစားခဲ့တာပါ။

ဦးကြောင်ကြီး
May 12, 2014 at 12:13 pm
ကစံလှဂျီးရော ကဇီရော အားနေရင် စင်ကာပူရကျွန်းက ခြင်သေ့ရုပ်ကြီးဖင် သွားနှိုက်နေဂျပါလား.. မီမီလေးကို တဆိတ်လောက် ချမ်းသာပေးပါ.. ပလိစ်…
Iris
May 10, 2014 at 9:45 pm
ဟန်ဆောင်ပန်ဆောင်တွေ လျော့မယ်ဆိုရင်…
တကယ့်လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ကူညီမှုတွေဆိုရင်…
ကိုယ့်တန်ဖိုးနဲ့ ကိုယ့်ရပိုင်ခွင့် ရယ်
သူ့တန်ဖိုးနဲ့ သူ့ရပိုင်ခွင့်တွေကိုလေးစားမယ်ဆိုရယ်…
အခြေခံကျင့်ဝတ်တွေကို လိုက်နာခြင်းဟာ ပုံမှန်ပဲလို့ လက်ခံမယ်ဆိုရင်…(လိုက်နာတဲ့သူတွေကို လူထူးလူဆန်းဆိုပြီး ဂုဏ်ယူမြောက်ပင့်နေခြင်းထက် ကိုယ်တိုင်ကျင့်သုံးနိုင်ဖို့ပါ)
ကိုယ့်ထက်သာ မနာလို ကိုယ့်ထက်လျော့ သနားမလုပ်ကြဘူးဆိုရင်..
ပုရွတ်ဆိတ်သတ်ရမှာ သေမလောက်ငရဲကြောက်ကြပေမဲ့…လူသတ်ဖို့ လက်မရွံ့….
ကဲကဲ…ကျမကိုလည်းဆဲနိုင်ကြပါသည်။
ဦးကြောင်ကြီး
May 12, 2014 at 12:12 pm
လဗြွတ်စ်…
Ma Ma
May 10, 2014 at 10:58 pm
(မန္တလေးဂေဇက်ထဲမှာတော့ လူတစ်စုကလှောင်ပြောင်နေကြတယ်)
ဒီစာကိုဖတ်ပြီး ရွာသက်မငယ်ဘူးလို့ ထင်မိတယ်။
လှောင်ပြောင်တယ်ဆိုတာထက်ကို မှားနေတာတွေကို သိစေမြင်စေ ပြုပြင်စေချင်လို့ မတူတဲ့အတွေးနဲ့ ထောက်ပြပြောဆိုတာလို့ပဲ ယူဆပါတယ်။
ကိုယ့်အနေနဲ့ကတော့ ဒီရွာထဲရောက်ပြီးမှ အတွေးအမြင်တွေ ပြောင်းလဲသွားတာ အများကြီးမို့ မတူတဲ့အတွေးတွေနဲ့ ဒီလိုဝေဖန်တာတွေကို ထောက်ခံပါတယ်။ လက်ခံပါတယ်။
ဦးကြောင်ကြီး
May 12, 2014 at 12:11 pm
အမ်တီမမ ဆရာမလုပ်ပါနဲ့.. ဒါသတ်ပုံစစ်နေတာ မဟုတ်ဝူး.. ကိုယ့်ဟာကိုယ် ပွဲရုံမှာ အမြတ်ကြီးစားနေ..
padonmar
May 11, 2014 at 1:10 am
မီမီရေ
ကိုယ့်အပြစ်ကို ဝေဖန်ထောက်ပြတဲ့သူဟာ ရွှေအိုးညွှန်တဲ့ဆရာပါတဲ့။
ကျမကတော့ ကိုယ့်ကို ဝေဖန်မယ့်သူ၊ထောာက်ပြမယ့်သူ လိုချင်ပါတယ်။
ပို့စ်တခုရေးရင် ဆန့်ကျင်ဖက် အမြင်နဲ့ ရေးပေးမယ့်သူကို မျှော်မိပါတယ်။
ဒီလိုပဲ ကိုယ့်လူမျိုး ကိုယ့်တိုင်းပြည်ကို ဝေဖန်တာကိုလည်း လှောင်ပြောင်တယ်လို့ မမြင်ပါဘူး။
ဆန်ရင်းနာနာဖွပ်တဲ့၊ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတဲ့။
ကိုယ့်အိမ်တွင်းရေး မကောင်းသတင်းပြောရသူမှာ မြန်ရေယှက်ရေ ရှိမယ်လို့ မထင်ပါနဲ့။
ဦးကြောင်ကြီး
May 12, 2014 at 12:09 pm
ဒါကတော့ အာတီဒုံ အမြင်လေဗျာ… ကိုယ်လိုချင်ဒိုင်း သူများကိုလည်း လိုချင်ရမယ် ပြောလို့ ဖြစ်နိုင်ဗမာ..။ ဥမပါဗျာ အာတီဒုံ ဆေးရုံကဆေးတွေ အပြင်ထုတ်ရောင်းစားလို့ မီမီလေး ဈေးကြီးပေးဝယ်သောက်ရတာကြတော့ ဘာမှမပေါလား..
အာဂ
May 11, 2014 at 2:08 am
တားညဏ် မမီ လိုလားမသိ နားမလည်ဘူး
ပထမရေးထားတာ မြန်မာတွေကို သနားမိ တယ်လို့ ပြောထားပြီး မန်းဂဇက် လူတစ်စု က ဘယ်လိုများ မြန်မာတွေကိုလေုာင်ပြောင် နေကြသလဲ ။ မြန်မာ တွေကို မြန်မာဆိုက်ထဲမှာ ဘယ်သူတွေပြောင်တာလဲ ဟင် တကယ်မိသိလို့ မေးတာပါ။
ဦးကြောင်ကြီး
May 12, 2014 at 12:05 pm
မင်းမူးရင် အိပ်နေစမ်းပါ.. မီမီနဲ့နင်နဲ့ တန်လို့လား.. မိုးနဲ့မြေ တရုတ်နဲ့ကလား …
TNA
May 11, 2014 at 3:36 pm
မြန်မာဆိုတာ မြန်မာပါပဲ။ ဟိုးရွှေထီးဆောင်းကာလတွေကို ပြန်တမ်းတပြီး လက်တွေ့မှာဘာမှမသိ ဘာမှမရှိတဲ့ သောက်သုံးမကျတဲ့လူမျိုးတွေ အုပ်ချုပ်နေတဲ့မြန်မာ။
ဦးကြောင်ကြီး
May 12, 2014 at 12:07 pm
အမ်တီသဲက ပိုတောက်တုံးမကျ… မီမီက အကောင်းပြောတဲ့ဟာဂို…
မီ မီ
May 12, 2014 at 10:14 am
ရေများရေနိုင် မီးများမီးနီုင်
အများနှင့်တယောက် ကျွန်မ မှားတယ်ပဲထားလိုက်ပါ
မြန်မာစကား မြန်မာမူးလဲ စာကိုဖတ်ပြီးရေးလိုက်တာပါရှင်
မြန်မာတွေဆင်းရဲနုံခြာမပြည့်စုံတာကို မကူညီပဲနှီမ်တယ်ထင်လို့ပါ
ဦးကြောင်ကြီး
May 12, 2014 at 11:49 am
မီမီလေး တယောက်ထဲ ဟုတ်ပါဗူးကွယ်။ မီမီအနောက်မှာ ဦးကြောင်ရှိနေပါတယ်။
etone
May 12, 2014 at 12:00 pm
တောက်တင်း များများ ပြောပြီး …လေဂျီး မိုးဂျီးနဲ့ … တောက်လုပ် လက်ကြောမတင်းတဲ့ လူမျိုးအများစု စုဝေးရာ …..
ဦးကြောင်ကြီး
May 12, 2014 at 12:03 pm
ဘီယာလက်တသစ်လောက်သောက်ပီး ဝီစကီတလုံးဖိုး မူးတတ်သူများလည်းရှိယာ…
koko
May 12, 2014 at 1:52 pm
ဟုတ်တော့ဟုတ်တယ် ဒီ ဆိုက် က ဆရာတွေတော့များတယ်
တိုင်းပြည်တိုးတက်ဖို့ ဘာတွေလုပ်နေသလဲတော့ သိဘူးသူ
အသုံးမကျဘူးဆိုတာာကြိီးပဲ
မြန်မာပြည်မှာတောသူတောင်သားလူဆင်းရဲများ အသုံးမကျပါဘူး
us us မှ us ပါပဲ
အင်းအမှားတွေဝေဖန်ထောက်ပြတာပေါ့ကောင်းပါတယ်
ဒါပေမယ့် ရင်ထဲကစေတနာ အကယ်ထားဖို့တော့လိုတယ်
မြန်မာပြည် လူဦးရေ ၇ဝ %ကတောသူတောင်သား လူဆင်းရဲတွေပါ
သူတို့ရဲ့ ဘဝတွေ ကိုဘယ်လောက်ကိုယ်တိုင် ဝင်ခံစားဘူးလဲ
တကယ် ကိုယ်ချင်းစာ စေတနာတရား အကယ်ရှိမှ
ိကိုယ်ဟာကိုယ်လဲ အထင်အရမ်းကြီးနေသလိုပဲ
မီ မီ
May 12, 2014 at 2:28 pm
ကျွန်မ ထပ်ပြီး ပေါက်ကွဲလိုက်ပါပြီရှင်
စိတ်ကြိုက်ဝေဖန် အပြစ်တင်ကြပါနော်
San Hla Gyi
May 13, 2014 at 9:25 am
ဘယ်ကလာ စိတ်ကြိုက်ဝေဖန် အပြစ်တင်ရမှာလည်း ငါ့နှမရဲ့။ ဘယ်သူ အပြစ်တင်တင် ကျုပ်ကတော့ အပြစ်မတင်ဘူး။ ညည်း အဲဒီမှာ ကွန်မန့်တွေကို တခုချင်း ဖြေဖို့တော့ လိုနေတယ်။ မကြောက်နဲ့ ရဲရဲဖြေ။ မှားတာတော့ ညည်းမမှား။ ဒါပေမယ့် ညည်းကဗျာက ငိုသလိုလို ဖြစ်နေတယ်။ အဲဒီလို မလုပ်ရဘူး။ သဂျီးခိုင် စတစ်ကီ ပေးတာကို စိတ်ပျော့မသွားနဲ့။ သူ့အကြောင့် ကျုပ်သိပြီးသား။ တကယ့်လူပါး။ သူ့ကို တကယ်ထိမယ့် စာမျိုးဆိုရင် ဘယ်စတစ်ကီ ပေးလိမ့်မလည်း။ ညည်းနဲ့သူက လက်ဝှေ့စကားနဲ့ဆို ဝိတ်တန်းချင်း မတူဘူး။ ငါ့နှမက လိုက်ဖလိုင်းဝိတ်တန်း သဂျီးခိုင်က ဟဲဗီးဝိတ်တန်းမှာ ထိုးနေတဲ့ လူဆိုတော့ ညည်းလက်သီးချက်က သူ့အတွက်ပျော့တယ်။ အဲဒီတော့ သူက သဘောထား ကြီးချင်ယောင်ဆောင်ပြီး စတစ်ကီ ပေးထားတာ။ ဒါပေမယ့် ညည်းအခုထိုးတဲ့ ထိုးကွက်မှာ သူ့ကို့ ညာဖြောင့်လက်သီးတလုံး ထိုးလို့ရတဲ့ နေရာရှိတယ်။ သူ အဲဒီနေရာ လွတ်နေတယ်။ နည်းပြလိုရင်ပြော ကျုပ် နည်းပြ လုပ်ပေးမယ်။
ဦးကြောင်ကြီး
May 13, 2014 at 12:26 pm
ကစံလှဂျီးနှမ မီမီဂို အနော်နဲ့ ရှင်ထိုးခွင့်ပုပါ…
Paing Lay
May 12, 2014 at 4:11 pm
အခုလေးတင် အနော်ဖွဘုတ်မှာ အနော့ကို ကောမန့်တစ်ခုနဲ့အတူ အထွန့်တက်လာသူတစ်ယောက်က ဒီလိုကြောတယ်ဂျ။ ဖြစ်ပုံက ဒီလိုပါ ဒီကောင်တွေက အာဏာရှင်တွေရဲ့ ကစားကွက်မှာ လှလှပပ နစ်မြှောနေတဲ့ မျိုးချစ်သူရဲကောင်းတွေပေါ့ဗျာ။ သူတို့ လွဲနေသမျှကို ဒီ မန်းဂေဇက်ထဲမှာ ရှိသမျှပို့စ်တွေနဲ့ အနော်ကောမန့်ထဲကနေ လင့်ပေးလိုက်တော့။ ငနဲတစ်ကောင်က တစ်စခန်းထပါတယ် “ငါတို့ပြောတာကော အမှန်တရားမဟုတ်လို့လား?” ဘာညာပေါ့။ ပြီးတော့လာသေးတယ် “စာအုပ်ကြီးအတိုင်းလာမလုပ်နဲ့ ကိုယ်ပိုင်အတွေးအခေါ် ရှိဖို့ကြိုးစားလိုက်ဦးတဲ့”။ အနော်ကတော့ ပြန်ရှင်းပြလိုက်ပါတယ် ကိုယ်ပိုင်အတွေးအခေါ် ရှိဖို့ဆိုရင် စာအုပ်စာပေ အကူအညီလည်းလိုသေးတယ်လေ နှမ်းတစ်စေ့ နဲ့တော့ ဆီမဖြစ်ဘူးကွဆိုပြီး ပြန်ကောလိုက်တာ အခု ၁နာရီပြည့်တော့မယ် ငနဲ့က ချက်ချင်း ရှိန်းဆာယာကိုယ်ပျောက်သလို ပျောက်သွားပါလေရော။ တစ်ခုတော့ရှိတယ် တစ်စခန်းထတဲ့ကောင်ကလည်း Status ပိုင်ရှင်မဟုတ်ဘူးဗျ။ သူ့ရဲ့ friends list ထဲက ငနဲတစ်ကောင်ဖစ်နေတယ်။ ကိုရင်စံလှကြီးပြောသလို အနော်ကတော့ စာအုပ်စာပေကို ခြတက်လောက်အောင်လည်း မဖတ်ပါ။ ဒီလိုပါပဲ စာအုပ်ကောင်းတယ်လို့ထင်ရင် ငှားဖတ်ရင်ဖတ် လုံးဝဥဿုံ ကြိုက်သွားပြီဆိုရင် အပြီးအပိုင်ဝယ်၊ နောက်ဆုံး မဖတ်ဖြစ်တော့ရင် စာကြည့်တိုက်ကိုလှူပါတယ်။ ယနေ့ထိလဲ လှူနေဆဲပါ။ အနော်ကတော့ အနော်သိထားတာလေးတွေကို သူငယ်ချင်းတွေကို ကြုံရင်ကြုံသလိုပြောပြတယ် ဝေဖန်မှုတွေကိုလည်း ကြိုဆိုတယ်။ ဆရာတော်အရှင်ဆန္ဒာဓိက ဟောထားတာလေး ကြားဖူးတာရှိပါတယ်။ ဒီလိုပါ
“ရန်ဖြစ်တဲ့သူက လူမိုက်ပဲ
ရန်ဖြစ်တဲ့သူကို တုံ့ပြန်ခြင်းဟာ
သူ့ထက်ပိုပြီး မိုက်မဲတဲ့သူပဲ”
ဘယ်သူ့ကိုမှလည်း မချစ် ဘယ်သူ့ကိုမှလည်း မမုန်း။ ဘယ်သူ့ကိုမှလည်း အထင်မကြီး ဘယ်သူ့ကိုမှလည်း အထင်မသေးတတ်တဲ့ ပိုင်လေး။
San Hla Gyi
May 12, 2014 at 11:01 pm
ကိုပိုင်လေးကလဲဗျာ ကောင်မလေးကို အရှင် ဆန္ဒာဓိက ဆုံးမစကား သွားပြောနေတယ်။ ဒါက သဂျီးဆိုက်ဒ်ဗျ။ သဂျီးဆိုက်ဒ်မှာ အဓိက သဂျီး သဘောထား လိုက်နာမှ ဖြစ်မှာပေါ့ဗျ။ ရန်ဖြစ်တဲ့ ကွဲလွဲတဲ့ သဘောနဲ့ ပက်သက်ပြီး သဂျီး သဘောထားက ဘာလည်းဆိုတာ ခင်ဗျား သိချင်လား။ သိချင်ရင်ပြော ကျုပ် ပြန်ပြောပြမယ်။
Paing Lay
May 13, 2014 at 2:24 pm
အနော်ပြောတဲ့အထဲမှာ ကောင်မလေးလည်း မပါပါဘူးခင်ဗျားးးးးးး။ သူကြီးရေးသားပုံကို နလပိန်းတုံး အတွေးနဲ့ ကြည့်ရမယ်ဆိုရင် သဂျီးကို ကြည့်ရတာ Johny Deep ကြီး ပင်လယ်ဓားပြလို သရုပ်ဆောင်နေတယ်လို့မြင်ပါကြောင်း
nature
May 13, 2014 at 5:22 pm
ဗိုလ်ချ ုပ်နေဝင်းလက်ထက်ကတည်းက မြန်မာနိုင်ငံကို အမျိုးသားရေးစိတ်ဓါက်တွေသွင်းပေးခဲ့တယ်။ စင်္ကာပူနိုင်ငံတိုးတက်တော့ နိုင်ငံလေးကသေးလို့တိုးတက်အောင်လုပ်ဖို့လွယ်လိုု့ပါ။ ယိုးဒယားတိုးတက်တော့ ယိုးဒယားနိုင်ငံကို ပြည့်တန်ဆာနိုင်ငံလို့ထင်အောင် အဆိုးမြင်ဘက်ကနေ ဝါဒဖြန့်ခဲ့တယ်။ အဲဒီတော့ မြန်မာနိုင်ငံ အလိုလိုကောင်းနေတယ်လို့မသိစိတ်ထဲမှာထင်နေမိတယ်။ တိုးတက်တဲ့နိုင်ငံတွေရဲ့ ကောင်းကွက်တွေကိုအတုမယူပဲ ဆိုးကွက်တွေကိုသာကြည့်တတ်ဖို့သင်ကြားပေးခဲ့တယ်။
တလောကအမေရိကန်မှာဘရိတ်စံနစ်ချိ ု့ယွင်းလို့ဆိုလားကားတွေအစီးရေသောင်းနဲ့ချီ ပြန်သိမ်းသံကြားဖူးတယ်။ မြန်မာနိုင်ငံမှာ probox တွေဒီလောက်မီးလောင်တာ ဘာဖြစ်လို့လဲလို့ data လာကောက်တာတွေ အကြံပေးတာတွေတောင်မရှိဘူး။ မြန်မာနိုင်ငံလာရင် လိုအပ်တဲ့အကူအညီပေးမဲ့သူတွေမရှိလို့လား copmlain တက်မဲ့သူမရှိလို့လား ကရုမစိုက်တာလားတော့မသိဘူး။
San Hla Gyi
May 13, 2014 at 6:11 pm
အင်း မမီမီရေ တောင်းပန်တယ် ဆိုတာတော့ မှားတဲ့လူက တောင်းပန်ရတာပဲဗျာ။ ကျုပ် စိတ်ထင် မမီမီက တောင်းပန်ရလောက်အောင် မမှားပါဘူး။ မတောင်းပန်ပါနဲ့။ သဂျီးခိုင်ကိုဆိုရင် ပိုတောင်းပန် မနေနဲ့။ ဘာလို့လည်းဆိုတော့ သူက မှားတာပါ။ သူက တောင်းပန်ရမှာ။ တောင်းပန်တာတောင် စာတစောင် ပေတဖွဲ့နဲ့ ဆောင်းပါးရေးပြီးကို တောင်းပန်ရမှာ။ သူ စော်ကားထားတာက စာတစောင် ပေတဖွဲ့နဲ့ပဲ။ ကဲပါ အားလုံးသိရအောင် ကျနော် တခု ပြန်ပြောပါမယ်။ မမီမီတင်မဟုတ် အားလုံးကို ပြောနေတာပါ။ အခုမှ ဘယ်ကဘယ်လို ရောက်လာမှန်းမသိတဲ့ မ pooch လည်းနားထောင်ပါ။ မ pooch က ကျနော့်အထင်ပေါ့လေ နည်းနည်းများ သမာသမတ် ပိုဖြစ်သလားလို့ပါ။ ကျုပ် ဟိုတုန်းကတည်းက စိတ်ထဲက နည်းနည်း သဘောကျချင်သလို ဖြစ်တဲ့ လူသုံးယောက် ရှိဖူးတယ်။ ကိုပေ မ pooch နဲ့ ကိုကြောင်ကြီးပါ။ ဘာကြောင့်မှန်းမသိ သဘောကျသလို ဖြစ်တယ်။ ဒီနေ့မှ စာရေးတယ်ဆိုတာ လူမမြင်ရလို့ စာထဲက မြင်နေရတဲ့ သဘောထားနဲ့ အပြင်က တကယ့်လူ တထပ်တည်း ကျပါ့မလားဆိုတာ သံသယ ဖြစ်လာတယ်။ ထားတော့လေ လိုရင်း ပြောကြစို့ရဲ့။
သဂျီးခိုင် မှားသလား။ မှားတာပေါ့ အကြီးအကျယ်ကို ခဏ ခဏ မှားတယ်။ အားလုံး ညာဘက် ကော်လံဒေါင့်က စည်းကမ်းချက် နံပါတ် ၆ ကို ဖတ်ကြည့်ပါ။ “လူမျိုးရေး ဘာသာရေး အသားအရောင် ခွဲခြားမုန်းတီးမှု ဖြစ်စေသော စာများ မတင်ရ” တဲ့။ ကဲ ဆက်ကြည့်ရအောင်။
နာနာ(သံတွဲ) ဆိုသူ ရေးတဲ့ မြန်မာ မွတ်စလင် ပြည်သူများအား မုန်းတီးသူများသို့ ဆိုတဲ့ ပို့စ်ထဲမှာ သဂျီးက ဒီလို ပြောတယ်။ “အလှူလုပ်တာတောင် မွတ်စလင်တွေပါ စားလို့ရအောင် ဟာလာဆိုင်က ကြက်သားရှာဝယ်ပြီး အဲဒါနဲ့ ဟင်းချက်ပြီး အလှူလုပ်တယ်။ စေတနာလည်း ရှိတယ်။ ကိုရမ်ကျမ်းမြတ်လည်း လွန်ခဲ့တဲ့ အနှစ် အစိတ်လောက်ကတည်းက မိတ်ဆွေဗလီဆရာဆီက ဌားပြီးဖတ်ဖူးတယ်။ ကိုရမ်က တချို့စာတွေလည်း အလွတ်ကျက်ခဲ့ဖူးတယ်။” ကဲ ဘယ်လောက်အထိ သိမ်မွေ့တဲ့ လေသံလည်းဆိုတာကြည့်။ အသေးစိတ် ဖတ်ချင်ရင် http://myanmargazette.net/117786 ကိုသွား သဂျီးကွန်မန့်က ဒုတိယကွန်မန့်ပဲ။ ရှာရတာ မခက်ဘူး။ ရေးတဲ့ရက်စွဲက April 26 2012 ပါ။
နောက်တခါ ထပ်ပြောတာက ကိုရင်မောင်ရေးတဲ့ ပို့စ်ဖြစ်တဲ့ မြန်မာတွေ ကုလားလို့ ဘာလို့ ခေါ်ကြတာလည်း ဆိုတဲ့ ပို့စ်ထဲမှာ ပြန်ဖတ်ကြည့်။ ဆောင်းပါးရှင်က ကုလားလို့ ခေါ်ရခြင်း အကြောင်းကို တိုတိုလေးရေးတယ်။ ကိုရင်စည်သူက ကွန်မန့်ရေးတယ် “သူတို့ချင်းတောင် ကုလားလို့ ပြန်ခေါ်နေတာပဲ ကုလားကို ကုလားခေါ်တာ မကြိုက်ရင်တော့ ကုလားဆို မဆလာလို့ ခေါ်မယ်”
သဂျီးက အောက်မှာ ကွန်မန့်ပြန်ရေးတယ်။ “ကာယကံရှင်တွေက မကြိုက်ရင် မခေါ်ဖို့ပါပဲ။ မကြိုက်ပါဘူး ဆိုတာကို ခေါ်တာ (ဒါမှမဟုတ်) ခေါ်ဖို့ ကြိုးစား အကြောင်းပြတာဟာ မျှတတဲ့ ဖြစ်တည်မှု မဟုတ်ပါဘူး။ တရားမျှတတာကို ချစ်ရင် ကိုယ်ကလည်း တရားမျှတရပါမယ်။” ကဲ ဘယ်လောက် စကား ချိုသလည်း။ အသေးစိတ် ဖတ်ကြည့်ရင်တော ့http://myanmargazette.net/127811 ကိုသွား သဂျီးကွန်မန့်က ၂၈ ခုမြောက်ကွန်မန့်ပဲ။ ရက်စွဲက Jun 5 2012 ပါ။
ဒါဆို သဂျီးကိုယ်တိုင်ရော ဘယ်လိုနေသလည်း ပြန်ကြည့်ရအောင်။ အရောင်ရင့်မှတ်တမ်း ဖေဖော်ဝါရီ ၂၀၁၄ ပါ။ သဂျီးကိုယ်တိုင်တင်တဲ့ ပို့စ်နော်။ သူရေးတဲ့ ကွန်မန့်က “ကုလား ဟိန္ဒူတွေဟာ နွားသားမစားပေမယ့် နို့နဲ့ နို့ထွက်ပစ္စည်းတွေ စားသုံးကြတာမို့ သူတို့ဘဝ လူနေမှု အတွေးအခေါ် ဉာဏ်ရည်မကျဆင်းပါ။ ကော်ပီကတ် အဲ ကော်ပီနွားမြန်မာတွေကတော့” အဲ အဲဒီကွန်မန့်ကို ပြောချင်တာပါပဲ။ သူကိုယ်တိုင် ရေးတဲ့ ပို့စ်ထဲမှာ နွားမြန်မာတွေလို့ သိမ်းကျုံးခေါ်ပြီး တမျိုးသားလုံးကို နွားနဲ့နှိုင်းပြီး စော်ကားလိုက်ပါတယ်။ အသေးစိတ် ဖတ်ချင်ရင်တော့ http://myanmargazette.net/193357 ကိုသွား အဲဒီမှာ ရှိပါတယ်။ သိပ်မကြာသေးပါဘူး။ ကဲ မမီမီရေ ညည်းတောင်းပန်စရာ မလိုပါဘူး။ သူက တောင်းပန်ရမှာပါ။ အားလုံးရှေ့မှာ မေးပါတယ်။ ကိုယ်တိုင်ကျတော့ သူများ ကုလားလို့ ခေါ်တာကိုတောင် မကြိုက်လို့ မခေါ်ပါနဲ့ ပြောပြီး ကိုယ်ကျတော့ သူများလူမျိုးကို ဘာလို့ နွားလို့ သိမ်းကျုံးပြီး ခေါ်ရတာလည်း။ အလွန်ရိုင်းစိုင်းတဲ့ စော်ကားမှု ဖြစ်ပါတယ်။ ကျုပ်တော့ မြန်မာလူမျိုးဆိုတော့ အဲဒီစကားကို နာပါတယ်။ ကိုယ်တိုင် အဲဒီလို အခေါ်ခံရတာကို နာရကောင်းမှန်း မသိရင်တော့ တကယ့် သူပြောတဲ့ အကောင်လုံးလုံး ဖြစ်မှာပါ။ မမီမီရေ မမီမီလုပ်ရမှာက အဲဒီလို လုပ်တဲ့အတွက် မြန်မာတွေကို သီးသန့် ဆောင်းပါးရေးပြီး တောင်းပန်ခိုင်းဖို့ပါ။ အကြံပြုရင်လည်း ကုလားတွေတုန်းက လေချိုလေးနဲ့ ပြောသလို မြန်မာတွေကိုလည်း စော်ကားတဲ့ အသုံးအနှုန်း သုံးဖို့မသင့်ပါ။
ကျုပ်က စေတနာနဲ့ လုပ်တာလို့ ပြောဖို့ မစဉ်းစားပါနဲ့။ ခင်ဗျားရင်ထဲက စိတ်ကတော့ ခင်ဗျားပဲ သိမှာဆိုတော့ ဘယ်သူမှ မမြင်ရပါဘူး။ တချို့တွေ ခင်ဗျားကို respect မပေးဘူးဆိုတာ ခင်ဗျားကိုယ်တိုင် သူတို့ကို စော်ကားခဲ့လို့ပါ။ လူကို တယောက်ချင်း နာမည်တပ် ဆဲတာထက် လူမျိုး သို့မဟုတ် ဘာသာနဲ့ နှိုင်းဆဲတာက ပိုနာတတ်ပါတယ်။ ဒါ စော်ကားမှုထဲက တခုပဲ ရှိပါသေးတယ်။ နောက်ထပ် ဒါမျိုးတွေ အကြိမ်ပေါင်းများစွာ သူ ကျူးလွန်ခဲ့တယ်။ တခါတလေ လုပ်မိတာ မဟုတ်ပါဘူး။ ဒေါသအလျောက် လူတယောက်ချင်း ရန်ဖြစ်လို့ တိုင်းတာမျိုး မဟုတ်ပါဘူး။ အကြိမ်ကြိမ်ပါ။ အဲဒါ ဘာကြောင့်များလည်း။ မြန်မာတွေ သူ့ကို ဝင်မေးနိုင်ပါတယ်။ အဲဒီ ကွန်မန့်တွေ အားလုံးကို ဖျက်ပစ်တောင် ကျနော့်မှာ အပိုသိမ်းထားတာ ရှိပါတယ်။ မမီမီ လိုချင်ရင် ကျနော်ပေးနိုင်ပါတယ်။
awra-cho
May 15, 2014 at 1:05 pm
လှောင်တာနဲ့ အပြုသဘောဆောင်ပြီး ပြောတာက ကွာပါတယ်နော.ခံစားမိသလောက် က နိုင်ငံခြား နေတဲ့ သူတွေက သနားစရာလေးတွေ ဆိုပြီး အထက်စီးက များ ပြောင်ပြ နေသလားလို့….ထင်မိတာပေါ့နော..
TNA
May 15, 2014 at 7:01 pm
ကိုယ့်ဟာကိုယ် သိမ်ငယ်နေကြရင်လဲမတတ်နိုင်ဘူးပေ့ါ။ နှိမ်တယ်ထင်လဲခံလိုက်ရုံပေါ့။ အစိုးရမကောင်းသေးသမျှ ခံနေရအုံးမှာပဲ။ ငါတို့ဟာငါတို့ရပ်တည်နိုင်တယ်။ ဘယ်သူသနားတာမှမလိုဘူးလို့ ခံယူချက်ထားရင်လဲ ဘယ်သူဘာပြောပြောနှိမ်တယ်လို့ထင်မှာမဟုတ်ပါဘူး။ ကိုယ့်စိတ်ခံစားချက်နဲ့ကိုယ်ပါပဲ။
ကေဇီ
May 15, 2014 at 7:08 pm
အပေါင်းတစ်သွားတယ် မွသဲ။
ဟီးဟီးး
:s:
•*¨နန်းတော်ရာသူ •*¨
May 17, 2014 at 3:37 pm
တို့တွေကတော့ မြန်မာတင်မက မာလာဝီ ဟေတီ ထိအောင် မလှောင်ပေါင်ကွယ်
မြန်မာကိုမလှောင်ပေမယ့် လေကြီး-င်ကျယ်
ကိုယ့်မျက်ချီးကိုယ်မမြင်
မီးလောင်ရာလေပင့်တတ်တဲ့ မြန်မာလူမျိုးတွေနဲ့
လူမှန်နေရာမှန်ဆိုတာကိုပြောင်းပြန်လှန်ထားတဲ့
မြန်မာအစိုးရကိုတော့ ချဉ်ပါတယ်
မြန်မာဆိုတာ အဖွဲ့အစည်းတခုရဲ့အမည်နာမဟုသာ သတ်မှတ်လျက်
သတ္တဝါတွေအသက်ရှင်ဖို့ ကိုယ်လုပ်မှကိုယ်စား
ကိုယ့်ဘဝကိုယ်အရင်ပဲကြည့်ရမှာမို့
သခင်မျိုးဟေ့ တို့ဗမာ လို့တစ်ခါမှမကြွေးေြာ်ရဲသေးပါ
မဟာရာဇာ အံစာတုံး
May 17, 2014 at 4:08 pm
မြန်မာ ဆိုတော့ ..
ကျန်တာတော့ မသိပါဘူးရယ် …
မ နှစ်လုံး ပူးထားတာပဲ သိပါတယ် …
အကုန်လုံးကို လိုက်လိုက်ပြောနေတဲ့
ကိုယ်ဒေါ်ကြောင် ကိုလည်း ဟိုဒင်းပဲလို့ ပြောချင်ပါသေးတယ် …