မိသားစုဟာ
မိသားစုပီပီ
ခုထိ
အသံတိတ်​ခေတ်​က အာဏာရုပ်​ရှင်​ဖလင်​ကို
မှောင်​ခို​ဈေးနဲ့လက်​မှတ်​ဖြတ်​နင်​​နေရတုန်း
ဝမ်းနည်းစရာ​တွေ့တိုင်း
ငိုတဲ့အခါ မျက်​နှာလက်​ကာရှိုက်​ခဲ့ရတယ်
ဝမ်းသားစရာဖြစ်​တိုင်း
ရယ်​တဲ့အခါ ပါးစပ်​မပါသလို အသံကိုတိတ်​လို့
တကယ်​ပါ
ကိုယ်​ထူကိုယ်​ထစနစ်​နဲ့
၂၀၁၅အတွက်
လက်​ခ​မောင်းထခတ်​ကြည့်​မိပြန်​​တော့
၅၀၅(ခ) ​တော​ကြောင်​တဲ့
ဘာမှ​တော့ ကျိန်​စာမတိုက်​ပါဘူး။
ဒီမိုက​ရေစီတစ်​ပွင့်​ပဲ
မှို​ရတဲ့မျက်​နှာလို
နိဗ္ဗာန်​​မေရာက်​ခင်​စပ်​ကြား
အဝစားခွင့်​ကြုံပါရ​စေလို့
ဆုမွန်​​ကောင်း​​ရေးထိုးခဲ့ပါရ​စေ။
ကိုစစ်

ko six

About ko six

ko six has written 94 post in this Website..

ဘဝဆိုတာ အပိုင်းနှစ်ပိုင်းနဲ့ရွေ့နေတဲ့ ဂေါက်သီး။ ရယူမှာလား။ ပေးဆပ်မှာလား။ အဲ နှစ်ခုစလုံးတော့ကြုံရမယ်။ ဘယ်ဟာကို အရင်ကြုံချင်လဲဆိုတာမှာ လူတော်လူညံ့ကွဲကုန်တာ။ CJ # 1122014