နာရီလက်တံဟာ
အ​မှောင်​ထဲမှာလည်း သစ္စာရှိတယ်
ဓားရိုးကမ်းတဲ့ပြဇာတ်​က
ယ​နေ့အထိလူကြိုက်​များ​နေတုန်းလား
ဧရာဝတီဟာ
မုဆိုးမရဲ့မျက်​ရည်​လို
လူမသိသူမသိ စီးလို့
အမိန့်​ရ အ​ပေါင်​ဆိုင်​ကလည်း
မီးတို့ ထိန်​ထိန်​လင်း​နေတာပဲ
ခက်​လိုက်​တာ​နော်
လောကပုံရိပ်​​တွေဟာ
အ​မှောင်​ထဲမှာ
ပြောင်းပြန်​လည်းမ​ပေါ်ဘူး
အတည့်​လည်းမ​ပေါ်ဘူးရယ်
ကိုစစ်
၁၇၊၅၊၂၀၁၄

ko six

About ko six

ko six has written 103 post in this Website..

ဘဝဆိုတာ အပိုင်းနှစ်ပိုင်းနဲ့ရွေ့နေတဲ့ ဂေါက်သီး။ ရယူမှာလား။ ပေးဆပ်မှာလား။ အဲ နှစ်ခုစလုံးတော့ကြုံရမယ်။ ဘယ်ဟာကို အရင်ကြုံချင်လဲဆိုတာမှာ လူတော်လူညံ့ကွဲကုန်တာ။ CJ # 1122014