မင်္ဂလာပါရှင်

သဂျီးနဲ့ ရွာသူရွာသားများကို သတိရ လွမ်းဆွတ်သဖြင့် လမ်းကြုံ အဲ မျက်စိလည်ပြီး လွမ်းလို့ ပြန်လာတာပါ။ အားလုံးပဲ ၀မ်းသားအာရနဲ့ ကြိုဆိုနှုတ်ခွန်းဆက်ကြမယ်လို့ မျှော်လင့်နေမိပါတယ်။

နှစ်တွေ ဘယ်လောက်ကြာကြာ
စနစ်တွေ ဘယ်လိုပြောင်းပြောင်း
အသစ်တစ်ဖန် ပြန်လည် မျက်စိလည်လာတဲ့
မနောဖြူလေးကို
စိတ်ရင်းနဲ့ ကြိုဆိုပေးကြမယ်ထင်ပါတယ်ရှင်

မေတ္တာသည်သာ
ထာဝစဉ်မှာ အေးမြစိတ်ဝမ်း
ပျော်စရာလွှမ်းသည့်
ရင်တွင်းပီတိ
ခံစားမိသည်၊ ခံစားသည်…..

ပန်းတစ်ပွင့်ကို နွမ်းလို့
ပစ်ဖူးချင် ပစ်ဖူးမယ်
ရွာတစ်ရွာကို လွမ်းဖို့
ဘယ်သူက ချစ်ခဲ့ဖူးပါသလဲ
ပစ်ခဲ့တဲ့ပန်းကို
ဘယ်သူမှ သတိမရကြပေမယ့်
ဖြစ်ခဲ့တဲ့အလွမ်းကို
ဘယ်သူက မေ့နိုင်မှာလဲ?

အလွမ်းများစွာဖြင့်

မနောဖြူလေး

manawphyulay

About manawphyulay

manawphyu lay has written 937 post in this Website..

I like Design. I am writing blog. http://www.manawphyulay.blogspot.com အကောင်းဆုံးကြည့်မှန်ဆိုတာ မိတ်ဟောင်းဆွေဟောင်းတစ်ယောက်ပါပဲ။