အွန်လိုင်းမယ် … မိဂီ လို့ တခါ အခေါ်ခံရတိုင်း …

စွန်ပလွန်သီး အသွင် ရှိတဲ့ … မမဝေါင် မျက်နှာကြီး ပြေးပြေးမြင်တယ်..

ဒကယ်… မကောင်းတာပါဗျာ … ကျုပ်ကို မင်းသမီး လုပ်ပီး ပေါက်ကရေ၇းလားရေးရဲ့…

ကမ္ဘာကျော် လူဇိုးကြီးတွေနဲ့ ပေးစား လား ပေးစားရဲ့ ….

ကောင်းကို မကောင်းတာပါ …

အဲ … ရှိသေးသဗျ. …. သီဟပူရ အရပ်နေ ဖဲဒိုင် တွေ့မရှောင်လူမိုက် ဇာယိ ဆိုသူနဲ့ ပေါင်းပြီး…

ကျုပ်ကို ၀မ်းတူးရိုက် နှိပ်ကွပ်လား .. ကွပ်ရဲ့ … မောင်ဂလေး မောင်ဂလေးဆိုပီး

ပိဿလေး ဘေးပစ် .. ဆဲ လား… ဆဲရဲ့ …

လူရှေ့သာ ပြုံးပြုံး ပြုံးပြုံး နဲ့ … နောက်ကွယ်ရောက်ရင် အသေသမတာ ကလား..

 

ပီး ရှိသေး … ခင်လို့ … ကျော်တို့ နယ်စည်းမခြား အရက်သမား သမဂ္ဂ အစည်းအဝေးကို

ခေါ်ပါတယ်… အယ်လကိုဟော တစိမှ မပါတဲ့ …ရှန်ပိန် အတုကြီး တပုလင်း ယူလာတယ်…

အဲ့လို … စော်ဒကားတာ …။

ကျုပ်ဗျာ …သူ့မကောင်းကြောင်း တခါမှ မပြောခဲ့ဖူးပါဘု ဘုရားစူးပါ…။

ထိုင်နေအကောင်းသား ထသွားမှ ၀မှန်းသိ … ဆိုတာလောက် စ-နောက်ခဲ့ဖူးတာပါ…

အလုပ်သဘောအရလည်း … ဘိလပ်မြေရောင်းချင်ယောင်ဆောင်ပီး

အရံသတို့သမီး လုပ်ခိုင်းဖူးတာ တခုလောက် ဒုက္ခပေးဖူးတာပါ …။

ကျုပ်လို နုနုထွတ်ထွတ် ကို … သြဇီက ဘလပ်ဒီး ဘုန်းကျော် ရယ်… လော့ကျနေတဲ့ ကျလိကျလိ က

ဇိမ်ဖုန်းဂျီး အူးခိုမ် ရယ်နဲ့ ရက်ရက်စက်စက် ပေးဇား သေးတာရယ်…။

 

ကျော်ပြောပါတယ်… မမဝေါင်ကို …

အဲ့ဒီ ဝေါင်း ဆိုတာက … အသိဓါတ်ဆြာတယောက် ရှာဖွေတွေ့ရှိချက်အရ…

တိရစ္ဆာန်ရုံက ကျား သတ္တ၀ါတွေ ဒချိ ဒချိပီးလို့ …ကိစ္စပီးမြောက်သွားရင်

အားပါးတရ ဟိန်းတဲ့ အသံ ပါလို့ ….။ အဓိပ္ပါယ်ကတော့ Oh! Yessss ပေါ့ဗျာ တဲ့…

အဲ့လို မိုး တဲ့ …ကျော်ဟိန်း အမည်ရတဲ့ ကျားကြီး ..တကောင် စိပါသတဲ့ …

ကျားတွေရဲ့ လစ်မစ်က သူရို့ ရာသီချိန်မှာတောင် တနေ့ ၅ခါ .. ပါတဲ့ …

အဲ့ကျား က .. မာန်တက်ပီး ..ဘယ်နှခါ ဘာပြုလိုက်တယ် မသိဘု … Oh! Yessss

အလုပ်ကောင်းလို့… အားပြတ်ပီး ပလပ်ကျွတ်သွားတာ ၀န်ထမ်းတွေ တိမွေးကုခေါ်ပီး

ဒရစ် ချိတ် ယူရတယ် ဟူသတတ်… အော်… ဝေါင်း ဝေါင်း ….

အဲ့ဒါလေးပြောပြတာ ..ကျော် နဲ့ ဥကျောက်စ် ကို အမှုတွဲတပ်ပီး

နှူးဘာ သားအဖ ခေါ်တယ်ဗျာ… အဲ့လိုပါဆို….

 

မသိရင်သာ မဟာမိတ် လိုလို ဘာလိုလိုနဲ့ ..ကျုပ်အော်အော် နေတတတ်တဲ့

သခင်မျိုးဟေ့ ဒို့ဘာမန် အာဝူးး.. သံယောင်လိုက်တာ .. နောက်ကွယ်ကျ…

ကျော့်ကို နာမည်ဖျက်တယ်.. ဆိုးမိုက်ဗူး တဲ့ ….။

ကျုပ်ဗျာ … သူ့ကို ဆောင်ကြာမြိုင် ဖွင့်တယ်လေးပဲ ..ရေးဖူးတဲ့ ဥစ္စာ. .. အညှိုးထားတယ်..

ခုလည်း … မတာမ မိရိုဇီ ဆိုပီး နာမည်ကြီးအောင် လုပ်တယ်….

ကျုပ်ဗျာ… သူအင်မတန် ဖိုတိုရှော့ ညံ့ဖျင်းတာလည်း မဝေဖန်ဖူးပါဘု….

ကိုရီးယားမင်းသားလေးတေနဲ့ မစားရအညှော်ခံ သူ့ပုံသူ ခေါင်းဖြတ် ဆက်နေတာလည်း …

မရီဖူးပါဘူး …အော်… ငါ့အစ်မကြီး … မင်းသားတေ ကြိုက်ရှာတယ် ဟဲ့ … ဆိုပီး..

ကူတောင် လုပ်ပေး လက်ဆောင်ပေးဖြစ်သေးတယ်….

အောက်မှာသာကြည့်… ကျုပ်လက်ရာ …မလန်းဗူးလား ….

 

 

wow

အဲ့ဒီလောက် ကျုပ် အလိုက်တသိ နေခဲ့တာတောင် ကျုပ်ကို ချဉ်ဒယ်ပြောတယ်ဗျာ…

အံ့ပါရဲ့… ဂယ် ဂယ် … လေဒယ်…

 

အင်း လွမ်းတော်မူလို့ ငယ်ကျိုးငယ်နာဖော်တာ စာရှီသွားဗီ….

တော်သေးဘီ …

 

ကျော်လည်း သိပ် အားတာမဟုတ်ဖူးလေ…သိတယ်မလား ..ဒချိ ဒချိ လိုက် …အဲ့လေ…. အလုပ်လေး လုပ်လိုက်အုံးမယ်..

 

အာဟိ…

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011