ပထမဦးစွာကျွန်တော်တောင်းပန်ပါရစေ။  အရင်ကကျွန်တော်တင်ထားတဲ့ သတင်းသည်လွဲမှားနေပါသည်။ ကျွန်တော်ကိုလည်းခွင့်လွှက်စေချင်ပါတယ်။ ဒီတစ်ခါတော့ကျွန်တော်မမှားတော့ပါဘူး။ အမှန်အကန်တွေချည်းပဲ ဖတ်ကြရမှာပါ။ အစကတော့ သတင်းကမပျံနှံအောင် လုပ်ထားတော့ သတင်းအမှန်မထွက်ဘူး။ နောက်မှတိတိကျကျသိရလို့ပါ။ အားလုံးကိုတောင်းပန်ပါတယ်။

ရေနံချောင်းဒီဂရီကောလိပ်မှာကျောင်းတက်နေကြတဲ့ ကျောင်းသူလေးယောက်နဲ့ကျောင်းသားတစ်ယောက်တို့ရဲ့ (4 in 1) ဖြစ်ရပ်ပါ။ ကောင်မလေးလေးယောက်က ကောင်လေးတစ်ယောက်ကို စိတ်ကြွဆေးတွေတိုက်ပြီး မိန်းကလေးမဆန်စွာပဲ …………… ဆက်ဆံကြပါတယ်။ အခန်းတစ်ခန်းထဲမှာ ကောင်လေးကိုပိတ်ထားပြီး ဆက်ဆံခဲ့ကြပါတယ်။ ကောင်လေးက သူတို့လေးယောက်ထဲက ကောင်မလေးတစ်ယောက်ရဲ့ ရည်စားတဲ့။ ဘယ်လိုအငြိုးတွေရှိလို့လည်းတော့ မသိဘူးဗျာ ကောင်လေးကို ကွမ်းယာဆိုင်ကနေ စိတ်ကြွဆေးပါဝင်တဲ့ ချိုချဉ်တွေကို တစ်ယောက်တစ်လုံးဝယ်ကြတယ်။ အစကတော့ လေးလုံးလုံးကျွေးဖို့ အစီအစဉ်မရှိပါဘူးတဲ့။ တစ်ယောက်ဟာကို မစားရင် နောက်တစ်ယောက်ဟာကို စားမယ်ပေါ့လေ အဲလိုသဘောမျိုးနဲ့ကျွေးခဲ့ကြတယ်တဲ့။ ကောင်လေးကလည်းလေးလုံးလုံးကိုစားပစ်လိုက်တယ်တဲ့။ လေးယောက်တစ်ယောက်ဆိုတော့စဉ်းစားကြည့်ကြပါတော့ ကောင်လေးလည်းဘယ်ခံနိုင်မလဲ နှစ်ရက်တောင်ကြာတယ်ဆိုပဲ။ နောက်တော့ သူတို့လည်းမတက်နိုင်တော့ ဆေးရုံကိုပို့လိုက်ကြရတယ်။ ကောင်လေးကရေနံချောင်းမှာမနိုင်တော့ ရန်ကုန်ဆေးရုံကိုပြောင်းသွားတယ်တဲ့။ ကောင်လေးကတော့ ဘ၀တုံးသွားတယ်။ ကပ်ပယ်အိတ်ကွဲသွားတယ်တဲ့။ ကောင်လေးမိဘတွေကကောင်မလေးတွေကို တရားစွဲထားတယ်တဲ့။ ဒီနေ့အမှုစပြီးတော့ စစ်တာပဲ။ ဆေးရောင်းလိုက်တဲ့ ကွမ်းယာဆိုင်ကိုလည်း တရားစွဲထားပါသေးတယ်တဲ့။ ရုံးကိုတော့ ကောင်မလေးသုံးယောက်ပဲလာတယ်။ ကောင်မလေးတစ်ယောက်ကတော့မလာဘူးတဲ့ သူ့မိဘတွေကော သူကော ထွက်ပြေးတိမ်းရှောင်နေပါတယ်။ ကောင်လေးကဘ၀ပျက်သလို ကောင်မလေးတွေကောဘာထူးဦးမှာလဲ။ သူတို့ကပိုတောင်ဆိုးလိမ့်ဦးမယ်။ ကျွန်တော်တို့မြန်မာအမျိုးသမီးလေးတွေ ဘာတွေများဖြစ်ကုန်ကြတာလဲ။ မြန်မာနိုင်ငံမှာ ဒီလိုအဖြစ်အပျက်မျိုးမဖြစ်သင့်ပါဘူး။ အားလုံးပဲမြန်မာတို့ရဲ့ဂုဏ်သိက္ခာကိုစောင့်ရှောက်ကြပါ။ နောက်ထပ်ဆက်လက်တင်ပြပါမယ် ………

About thihayarzar

thiha yarzar has written 76 post in this Website..