ရွှေအကြောင်းသိကောင်းစရာ (၈)

အမှတ် (၂) မှာရန်ကုန်ရွှေလောကရဲ့ရွှေ အရောင်းအဝယ်အကြောင်း ပြောခဲ့ပါတယ် အဲဒါနဲ့ဆက်စပ်ဖတ်ရင် ပိုရှင်းပါလိမ့်မယ် ငွေမရင်းဘဲလေရင်းပြီး အကျိုးအမြတ် ရအောင်လုပ်တဲ့နည်းပါ

ဥပမာ
ဒီနေ့ဒီအချိန် ပေါက်ဈေး 710000ဆိုပါစို့ ကိုယ်ကဈေးတက်မယ်ထင်ရင် ရောင်းချင်တဲ့လူဆီက တစ်ဆယ်သားဝယ်လိုက်ပါတယ်ဒီကစနစ်အရချက်ချင်းငွေပေးစ
ရာ ပစ္စည်းယူစရာမလိုပါဘူး စာရင်းမှတ်ထားရုံပါပဲ

ဝယ်ပြီးဈေးကိုအမြဲနားစွင့်နေရပါတယ် ဈေးနှုန်းကအမြဲပြောင်းနေတာ
လေ တစ်ချိန်ချိန်မှာ 711000 ဖြစ်လာတာနဲ့ ပြန်ရောင်းလိုက်ရင်
တစ်ကျပ်သားကိုတစ်ထောင်နဲ့ တစ်ဆယ်သားကိုတစ်သောင်းမြတ်ပြီပေါ့

ဒါကတစ်ဆယ်သားနဲ့ပဲ နမူနာတွက်ပြတာပါ တစ်ချို့ဆို
ငါးဆယ်သား ငါးပိသာ ဆယ်ပိသာ အထိဒီနည်းနဲ့ ဝယ်ရောင်းလုပ်ကြပါတယ်

About Zaw Aung

Zaw Aung has written 48 post in this Website..