ရွှေအကြောင်းသိကောင်းစရာ(၁၂)

ရွှေထုတ်လုပ်မှု ( ရွှေတူးခြင်း ) အကြောင်းအကြမ်းဖျင်းပြောပြပါမယ် မြစ်စပ် ချောင်းစပ်မှာသဲမှုန်ထဲမှာ ရောပါနေတဲ့ ရွှေမှုန်တွေကို ဒယ်အိုးတစ်လုံးနဲ့ တစ်နိုင်တစ်ပိုင် ကျင်ကြတာမျိုးရှိသလို
ရွှေမှုန်တွေပါတဲ့ မြေကြီးတွေကို တောင်တွေကို ဘူဒိုဇာကြီးတွေနဲ့ ဖြိုပြီး အမှုန့်ကြိတ်စက်ထဲထည့်ပြီး စက်ကြီးတွေနဲ့ ကျင်တဲ့လုပ်ငန်းလဲရှိပါတယ်

အဓိကလုပ်ငန်းစဉ်ကတော့ အမှုန့်ဖြစ်အောင်လုပ်ပြီး ရွှေမှုန်တွေကို ဖမ်းယူတဲ့နည်းပါပဲ ရွှေထွက်တဲ့ဒေသက တောတောင်တွေ မြစ်ချောင်းတွေမှာ ရွှေကျင်ကြသလို ရန်ကုန်မှာလဲရွှေကျင်တဲ့ လုပ်ငန်းတွေရှိပါတယ်

ဘုရားမှာရွှေချရာက ထွက်လာတဲ့အလေအလွင့်တွေ ပန်းတိမ်ဖိုကထွက်လာတဲ့ အမှိုက်တွေကနေ ရွှေကိုပြန်ကျင်ယူတဲ့ လုပ်ငန်းပေါ့ ရွှေပါဝင်တယ်လို့ထင်ရတဲ့ ကျောက်တုံးတွေ မြေကြီးတွေ
ရှိရင်လဲ သူတို့နဲ့ဆက်သွယ်ပြီးစမ်းသပ်ကြည့်လို့ရပါတယ်

ရွှေအကြောင်းသိကောင်းစရာ(၁၃)

ရှေးဟောင်းရွှေဒင်္ဂါးပြား ဈေးကွက်လဲရှိပါတယ် 1900 ခုနှစ်ဝန်းကျင်ကထုတ်တာပါ ရွှေရည်က ၁၄ ပဲ နှစ်ပြားရှိပါတယ်

ရွှေချိန်တွေက တစ်မတ်သား ငါးမူးသား တစ်ကျပ် နှစ်ကျပ် အထိရှိပါတယ် (အတိအကျမဟုတ်ပါ
သုံးလေးရွေးခန့်လျော့ပါတယ်)

တံဆိပ်တွေကလဲ လေးငါးဆယ်မျိုး ရှိပါတယ် ဝေလခေါင်း မြင်းစီးရုပ် ကုလားမခေါင်းမြီးခြုံ စသဖြင့်ပေါ့

ဈေးနှုန်းကတော့ ပစ္စည်းအနေအထားကောင်းမကောင်းနဲ့ လူကြိုက်များတဲ့ တံဆိပ်
ဟုတ်မဟုတ်ပေါ်မူတည်ပြီး နဲနဲကွာခြားပါတယ်

အကြမ်းအားဖြင့် အခေါက်ပေါက်ဈေးထက် နဲနဲပိုရတတ်ပြီး
အနဲဆုံးတော့ သူ့ရွှေရည်ရှိတဲ့အတိုင်း ၁၄ ပဲ နှစ်ပြားဈေးတော့ ရပါတယ်

About Zaw Aung

Zaw Aung has written 48 post in this Website..