ရွှေအကြောင်းသိကောင်းစရာ(၁၅)

ရွှေဆိုင်တွေမှာပြင်ပရွှေ မဝယ်ပါဆိုတဲ့ဆိုင်းဘုတ် အကြောင်းလဲ မေးကြတယ် ဘာကြောင့်မဝယ်တာလဲပေါ့

ဘောက်ချာပျောက်သွားတဲ့ ရွှေ မိဘဘိုးဘွားဆီကအမွေ
ရထားတဲ့ရွှေ တွေငွေလိုရင်ဘယ်မှာသွားရောင်းရမလဲပေါ့

ရွှေဆိုင်တွေ ပြင်ပရွှေမဝယ်တာက ခိုးလာတဲ့ရွှေဖြစ်မှာစိုးလို့ပါ ခိုးလာတဲ့ရွှေဆို သူခိုးဖမ်းမိတာ
နဲ့ ကိုယ့်ဆိုင်မှာ လာသိမ်းသွားရော အဲဒါကြောင့်မဝယ်တာပါ

ကိုယ့်ဆိုင်မှာဝယ်နေကျဖောက်သည် တစ်ယောက်အကြောင်းတစ်ယောက်သိပြီး ရင်းနှီးနေတဲ့သူ
စိတ်ချရတဲ့သူဆီကဆိုဝယ်ပါတယ်

ရွှေအကြောင်းသိကောင်းစရာ(၁၆)

ရွှေ ငွေဈေးကောင်းပေးဝယ်သည်လို့ ဆိုင်းဘုတ်တင်ထားတဲ့ ဆိုင်လေးတွေ အကြောင်းလဲမေးကြတယ် သူတို့ကဘာလို့ဝယ်တာလဲပေါ့
သူတို့ကစွန့်စားပြီးဝယ်တာ ဈေးကိုနှိမ်ဝယ်တာပေါ့
တစ်ချို့ဆိုတစ်ဝက်ဈေးလောက်ပဲပေးတယ်

လာရောင်း
တဲ့လူတွေကလဲ အမျိုးစုံရှိတာပဲလေ ရိုးရိုးသားသား
ဘောက်ချာပျောက်လို့ လာရောင်းတဲ့လူ ခရီးသွားရင်းလမ်းစရိတ်ပြတ်လို့ လာရောင်းတဲ့လူရှိသလို
ခိုးလာပြီး လာရောင်းတဲ့လူလဲရှိတာပေါ့

သူခိုးမိလို့ ပစ္စည်း
လာသိမ်းတော့လဲပေးလိုက် မမိတော့လို့လာမသိမ်းတော့လဲ မြတ်မြတ်ကလေးစား
လိုက်ပေါ့

About Zaw Aung

Zaw Aung has written 48 post in this Website..