လွန်​ခဲ့​ခြေပြီ​ပေါ့ ဒွန်​တွဲတဲ့ ​မေတ္တာရိပ်​​အောက်​မှာ

ခိုနားဖို့ကြိုးစားရင်း ​သောကကိုရင်​မှာပိုက်

အမိုက်​​ဒေါသ မစွန့်​ခွာမိ​လေ​တော့

ရင်​နာစရာ အဖြစ်​များ အမြစ်​ပွားသလို

ငါ​လေကြီးထွားလို့​နေပါပြီ​လေ

မချစ်​လို့စွန့်​သွားတဲ့ သံ​ယောဇဉ်​​တောင်​မှ

လှည့်​​တောင်​မကြည့်​​တော့ဘူး​ပေါ့

ရှိပါ​စေ​တော့ ဖြစ်​သမျှအ​ကြောင်းအရာ​တွေက

နှောင်းအတိတ်​က ဇာတ်​​ကြောင်း​တွေပါ

ဤဝဠ်​​ကြွေး ​ပြေပါ​စေ​တော့​လေ

မြတ်​ဘုရားမှာ အကျွန်​ဆု​တောင်းရင်း

နောင်​ဘဝဆိုတာ တစ်​ပတ်​လည်​​သေးရင်

ငါ​လျှောက်​​သောခရီးကြမ်း

ကျောခင်းလမ်း မဖြစ်​ပါရ​စေသား

ကာရံ{11.4.2014}

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..