မနမ်းထိုက်တဲ့ ပန်း
မြက်ခင်းစိမ်းစိမ်း လွမ်းတေးရေးရင်း မျှော်ငေးမိတယ်
ကာရန်အစပျိုးလို့ ငါ့နံဘေးမှာ သူခိုနားခဲ့ဖူးတယ်
ကြေကွဲခြင်းဆိုတာ မသိလိုက်သေးခင်
နှလုံးသားက နွမ်းနေဖူးတယ်
ပန်းကလေးတစ်ပွင့်ရယ်ပါ အနမ်းလေးမပေးလိုက်သေးခင်
ရနံ့လေး ပျက်ကြွေနေပြီလား
မျက်ရည်ဆိုတာ အချစ်ကြီးသူအဖို့တော့
သံဇဉ်လေးတစ်ပုဒ်ပါ သူရင်နစ်စွာ ငိုကြွေးနေပါပြီလေ
ဆူးမရှိပါဘူး သူ့အနားမှာတော့ လိပ်ပြာလေးများ
ဝဲပျံနေတုန်းပါ
တိမ်ကလေးများ ဟိုဒီပြေးလွှားရင်း
ဘယ်အရပ်မှာ ခိုနားမည်နည်း
ဒီည လမင်းအလည်မလာဘူးနော်
အဘယ်မှာ သူပုန်းခိုမည်နည်း
ကြယ်ပွင့်လေး ကြွေကျလာတယ်
ငါ့အနားတော့ မဟုတ်ပါဘူး
ရနံ့လည်းပျယ် ပန်းကလေးရယ်
နံနက်ခင်း မနိုးထသေးခင်မှာပဲ
သူ သူလေ ငါ့ဘေးကစွန့်ခွာချေပြီပေါ့
ရှာလည်းမတွေ့ ကြာလည်းမမေ့တာထက်
ငါလည်းတစ်နေ့ လိုက်လာခဲ့မယ်ဆိုရင်လေ
သူ သူ သူက
မနမ်းထိုက်တဲ့ပန်း
မနမ်းထိုက်တဲ့ပန်းလို့
ဘယ်သူဆိုနေမလဲကွယ်
ကာရံ{11.4.2014}
4 comments
ခင် ခ
June 11, 2014 at 8:55 pm
မနမ်းထိုက်တဲ့ ပန်း
မလှမ်းဝံပြီ မို့
ဒို့ လည်းလစ်ပြီ ဗျို့
ကာရံ
June 11, 2014 at 9:11 pm
ကျေးကျေးဗျို့
Kaung Kin Pyar
June 12, 2014 at 10:07 am
မနမ်းထိုက်တဲ့ပန်းတဲ့….ဘာပန်းဘာလိမ့်….
Mr. MarGa
June 12, 2014 at 10:31 am
ရှာလည်းမတွေ့
ကြာလည်းမမေ့တာထက်
ငါလည်းတစ်နေ့…….
အင်း……………..
ငါ လည်း တစ်နေ့…………