ကာရံDecember 7, 20151min1442
အတ္တမိုးတိမ် ဖြူ ချင်လျှက်နဲ့မဲ ငိုပြန်တော့လည်းသည်း အုံ့စိုင်းတဲ့ ထက်ကောင်းကင် မုန်းဟန်ပြင် ရွာနေစဲ မျှောင်လင့်ချက် မြူ တစ်မှုံ အို သူသူတို့ မသိချေဘူး ချစ်မိသူရင်မှာတော့ လွမ်းလို့သာရူး ကြင်သူကအဝေး တိမ်တိုက်လေးအပြေးမှာ ချစ်မိုးလည်းအေး မေရယ် ဖြူ ပါလျှက်ကယ်နဲ့ မိုးသားလိုမဲပြန်တော့ ဝေးရဦးမယ်ပေါ့ တိမ်အကွယ် မေရယ်နေပုံက ကိုယ့်ရင်ကိုအေးမြဖူးတယ် မာနကင်းလို့ သူဖြူ ပြီပေါ့ ကိုယ်သိပ်ချစ်တာ သိတယ်ထင်ပ ခုတော့ အတ္တမိုးတိမ်လည်း ဖြူ ခဲ့ပါပြီ ကာရံ ၁၉ ့၁၁ ့၂၀၁၅


ကာရံDecember 6, 20151min1823
ငါမာနမကြီးတက်သေးပါ နေရောင်နမ်းတဲ့ပန်း ငြိုးသတဲ့လား လန်းစေဖို့ပျိုးခဲ့တဲ့နေ မာနကြီးသတဲ့လေတဲ့ ဟားဟားဟား အရမ်းရယ်ရတယ် အလိုမကျတဲ့ တောင်းတရအောင် မင်းလည်းလူသားတစ်ယောက်ပဲ အကြောက်တရားတော့ရှိမှပေါ့ ဒါပေမယ့် ငါမာနမကြီးတက်သေးပါ ့ ့ ့ ့ လူရယ်ဖြစ်လာရင် ဒူးထောက်ရမှာကြောက်မနေပါနဲ့ တောင်းပန်နေတာမဟုတ်ဘူးနော် ပေဖြစ်တုန်းမို့ပါ နားလည်ပေးတိုင်း ရောက်တက်မလာပါနဲ့ ဒေါသကအနားမှာ ရှိတက်လို့ပါ ဒါပေမယ့် ငါမာနာမကြီးတက်သေးပါ ့ ့ ့ ့ တောင်းရတာလွယ်ပါတယ် ပြောင်းလဲရမှာက မင်းရဲ့စိတ် ပေးရတာမြန်ပါတယ် ခေါက်ရိုးကျိုးနေတဲ့ အမူအကျင့်ကို ပြင်ပေးပါ တစ်ခါတစ်ရံမှာ ငါလည်းခံစားတက်တဲ့ နှလုံးသားက မျက်ရည်အဖြစ်စီးကျတက်သေးတယ် ဒါပေမယ့် ငါမာနမကြီးတက်သေးပါ မာန မာန ထားကောင်းတဲ့အရာမဟုတ်ပေမယ့် အပြောင်းအလဲများလာတော့လည်း ဘယ်တော့မှ ဟောင်းမသွားတာ ဒီမာန မြင်ကြည့်ပေးပါ အလင်းရောင်နဲ့ဖြန်းပက်ထားတဲ့ ဒီကမ္ဘာကြီးမှာ အကြင်နာလူသားတစ်ယောက်ဖြစ်ပေမယ့်လဲ […]


ကာရံDecember 6, 20151min1873
မေ့မထားပါနဲ့ သားရယ် အလုပ်အကိုင်မဲ့မို့ တစ်နေ့အသက်ကြီးရင်လေ သားတို့ မိဘကို ပြစ်သွားမှာတဲ့လားတဲ့ ရင်နစ်အောင်ကြားခဲ့ရတဲ့ ငယ်ငယ်တုန်းကစကားပေါ့ ကြင်ရာဖော်ရှိလို့ အနေဝေးခဲ့ရင်လေ သားတို့မေမေ့ကို မေ့သွားကြမှာပါတဲ့ စိတ်ထဲမှာ ခံစားခဲ့ရတဲ့ အရွယ်ရောက်တုန်းဘဝပေါ့ အိုခြေပြီ မေမေအိုခြေပြီ ပြိုတော့မယ့်မိုးလို ခိုလို့တွဲ မျက်ရည်စက်များ အဝေးရောက်သားကိုလွမ်းလို့ပေါ့ မငိုပါနဲ့မေမေ ကောင်းကင်လည်းပြိုမှာ မဟုတ်သလို လေလည်းမထန်ပါဘူးလေ သားအရွယ် ဘယ်လောက်လောက်ပြောင်းပြောင်း မေမေ့နှလုံးသားအောက်မှာ နားခိုဖို့ သားအရောက်လာခဲ့မှာပါမေမေ ကြင်ရာရှိလည်း မေ့မသွားသလို ပြစ်မထားရက်တဲ့ သားမေတ္တာကလေ ကောင်းကင်ကလမင်းပမာ ဝင်းပမြဲမို့ မေမေ့လက်ကိုအမြဲတွဲထားပါရစေသား ကာရံ ၉ ့၁ဝ ့၂၀၁၅


ကာရံDecember 5, 20151min1786
အလွမ်းည ဒီဇင်ဘာ တစ်ခန်းတစ်နား လွမ်းရတဲ့ည မြူ မှုံများ ဖြန့်ကျဲထားသတဲ့လား ရင်ခွင်လေးနွေး အေးမြပေမယ့် အနားမှာသူမရှိတော့လဲ ဒီဇင်ဘာရေ မင်းလေးကတော့ နှင်းတွေဝေမစဲပေါ့ ငါလွမ်းနေတုန်းပါလေ ့ ့ ့ ့ ့ အချမ်းပိုလူမိတာထက် မလွမ်းပို သူရှိနေမလားလို့ ချစ်တေးဆို မော့အငေးမှာ လမင်းလေး သာနေတယ်မေ ကြယ်ကလေးများ တစ်ဖွေးဖွေးပေါ့ ့ ့ ့ ့ ့ ဆောင်းရိပ် နှောင်းအတိတ်ခြေရာအောက် ချယ်ရီတွေပျောက်ခဲ့ပြီပေါ့ မေရယ် ခုတော့ကိုယ်လေ ကော်ဖီခါးခါးလေးသောက်ရင်း အလွမ်းည ဒီဇင်ဘာကို တမ်းတလို့ ကြို ခဲ့ပြီလေ ကာရံ ၁ ့၁၂ ့၂၀၁၅


ကာရံDecember 5, 20151min1954
ဘဝဆိုတာ ခါးတမာ ပျားတကာမရှိချေဘူး လောကအလည် သောကရယ် စုန်ဆန်ကူးပါလို့ လွှင့်မျောနေတဲ့ လူသားတို့ဘဝ ဘယ်ကမ်းရယ် ဘယ်လမ်း မှန်းလို့သာကူး  တစ်ထစ်ခြင်းလှမ်းရင် အခြေမယိုင်ခဲ့ပေမယ့် ဒေါသစိတ်ကလေး ခိုင်မာနေတော့လဲ အမြင့်တက်တိုင်း မုန်တိုင်းထန်နေခဲ့တယ် မင်းလည်းလူ ငါလည်းလူ လူချင်းတူပါလျှက်ကယ်နဲ့ မူခြင်းမတူတော့လဲ အပူမီး ဆူဆူကဲပြန်သေးတယ် ဘာပဲဖြစ်ဖြစ် လုံ့လကိုအားစိုက် မေတ္တာကိုအစဉ်ပိုက်ရင်လေ ဘဝဆိုတဲ့ ခရီးကြမ်း ပန်းခင်းလမ်းပမာ ဆန်းသစ်ရမည်မလွဲပေါ့ ကာရံ ၄ ့၁၂ ့၂၀၁၅


ကာရံAugust 16, 20151min1211
အသက်ဆက်နေမယ့်သူ အားမငယ်ပါနဲ့ နွေးထွေးတဲ့လက်တစ်စုံက မင်းဘဝအတွက် အေးမြစေမယ်လေ သောကတွေဘယ်လောက်ကြမ်းကြမ်း ဒေါသစိတ်နဲ့မဖြေရှင်းလိုက်ပါနဲ့ အနားမှာ ထာဝရရပ်တည်ပေးမည့်သူ အမုန်းတံတားခင်းချင်ခင်းပါစေ ရဲရဲသာနင်းလျှောက်လိုက်ပါ လောကကြီးက မင်းအတွက်မပြောင်းလဲရင်တောင် ငါ့နှလုံးသားက ဟောင်းသွားမှာမဟုတ်ဘူး သိပ်ချစ်တာယုံပါနော် မအေးမြသေးတဲ့မင်းဘဝထဲ ငါအလည်လာခဲ့တာမဟုတ်ဘူးမေ မငြိမ်းချမ်းသေးတဲ့ အနာဂတ် ငါအရောင်ဆိုးဖို့မဟုတ်ပါဘူး သံသရာအဆုံး တွဲလက်မြဲဖို့ ငါမင်းအတွက် အသက်ဆက်နေမယ့်သူ ကာရံ ၁၆ ့၈ ့၂၀၁၅


ကာရံAugust 12, 20151min2075
ရင်ခွင်လေးရဲ့ကို မငိုပါနဲ့လား လွမ်းလို့ကျတဲ့မျက်ရည်စက်များ ဖမ်းဖို့အားမရှိလို့ပါ သောကအလွမ်းကင်းဖို့ ကိုယ်ဖန်းဆင်းဖူးတဲ့ အိမ်ငယ်လေးမှာ ပျော်စရာအတွေးတစ်ပိုင်းတစ်စနဲ့ပါမေ ့ ့ ့ ့ ့ ့ ဝေးကွာခြင်းအထိမ်းအမှတ်နေ့တိုင်း အနမ်းလေးများ အိပ်ရာထက်ဖြန့်ကျဲထားတယ် တစ်နေ့နီးလာမယ့်ရက်ကို လက်ချိုးရေရင်း မနက်မိုးလင်းခဲ့တာ ရက်ပေါင်း ၄၅ရ ရက်ပြည့်ပြီလေ ချစ်ခရီးလမ်းကြမ်းသတဲ့လား အနေမနီးသေးလို့ စိုးထိတ်တို့အနိုင်ယူစဲမှာ သစ္စာဆိုသောစကားကို ကိုယ်တိုင်တည်ရင်း ဖွင့်ပြောမယ်မေ သိပ်ချစ်တာ မိုးသိ မြေသိ ကောင်းကင်သိပါလေ ကမ်းစပ်နားတူပြေးရင်း ဘဝအမောဖြေချင်တယ်မေ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း အပြုံးချင်းဖလှည်ရအောင်လေ ကံပေးလို့ဆုံတဲ့ဘဝတစ်ခဏမှာ ဒေါသ မောဟ မာနကင်းတဲ့ ချစ်ခြင်းတရား ပိုင်ဆိုင်ရအောင် တူကြိုးစားရင်း တစ်သက်မမေ့ တွဲလက်မြဲစေ ရင်မှပျိုးသော ကြာဖူးလေးလည်း မေတ္တာဆမ်းမှ ပွင့်ပါစေကြောင်း တောင်းဆုကိုပျိုး တိုးလို့ချစ်သည် သိမ်ငယ်စိတ်များ ဝေးရချေပြီ တို့တစ်တွေချစ်ခြင်း […]


ကာရံAugust 10, 20151min1601
သိပ်ချစ်တာ သူသိပါစေ ပုဝါပါး ကြက်သားထုတ်တော့စွန်းရော့မယ် တစ်ရွာသားကို မျှော်ယောင်မိတော့ လွမ်းရပေါ့ကွယ် တမ်းတမှုရတက်မအေး အလွမ်းအဆွေးကို တေးလုပ်ဆို ကို့ရင်ထဲက နတ်သမီးလေး သိပါစေလေ နေ့အခါ အလင်းရောက်ပေမယ့် ကို့ရင်ထဲ မင်းရောက်မလာသေးဘူးလေ ညအခါ အလင်းဖြာပေမယ့်လဲ ကို့အနား အလွမ်းသာတိုးလာတယ် သိပ်ချစ်တာ နတ်သမီးလေး သိနေမလား ကြယ်လေးက တစ်ရွှေ့ရွှေ့ ပြေးကားပုန်းတော့မယ် ငှက်ကျေးများ ချစ်တေးမဆိုခင်လေး ကို ကိုလေ အရမ်းဆိုချင်တဲ့တေးတစ်ပုဒ် ဟစ်ကာကြွေးရော့မယ် သိပ်ချစ်တာ သူသိပါစေ ကာရံ ၁ဝ ့ ၈ ့၂၀၁၅


ကာရံAugust 7, 20151min2187
မိုးရယ် ရပ်တန့်ပေးပါ အလွမ်းဆွေ ရွာတဲ့မိုးကြောင့် စမ်းရေမငြိမ်သက်ပေဘူး စခန်းတွေ လေထန်လေရော့သလားလေ တို့ဘဝတွေ ပန်းခရေလို မြေမှာကျဲပြန်ပေါ့ မသနားစိမ်းကားကာ ရွာတဲ့မိုးကြောင့် စားစရာအသာထား ပြေးရှာကာရှောင်ပုန်းမယ် မိုးရယ် ခဏလေးတော့ ရပ်ပေးပါလားကွယ် ဥတုရာသီတောကိုမှီတဲ့ ပြောဖူးတဲ့ရှေးစကား တောတောင်ရယ်ပျောက်လေပြီပေါ့ ခုအခြေအနေမလှပေဘူး ဘဝတွေ ခါးခဲ့ပါပြီ ကြမ္မာရယ် ဆန်းကြယ်ပြီမို့ အတိတ်ကံအခြေပြောင်းအောင် တို့တစ်တွေဆုတောင်းလိုက်ပါတယ် မိုးရယ် ရပ်တန့်ပါစေသား ကာရံ ရ ့၈ ့၂၀၁၅


ကာရံJune 14, 20151min27410
ပန်းခရေ ပန်းခရေ နွမ်းကာကြွေသော်လည်း ရနံ့ဝေနေစဲမို့ အလွမ်းတွေမြေမှာကျဲပြန်ပေါ့ လှမ်းကာလေမျှော်နေသူ မောရော့မယ် မေရယ် နွမ်းကာနေပါစေ သိမ်းဆည်းမည့်သူ လေအဝှေ့ သူလေကြွေသက်ဆင်းခြေပြီ အိုတစ်ကွေ့ လူခြေတိတ်ခြေရာထက်မှာ ကြွေကာနွမ်းသွားတဲ့ ခရေပန်းဘဝမို့ မေ့ကိုပိုလို့တောင် မြတ်နိုးမိသူပါ ရနံ့ပြယ်ကာ အလှမ်းရယ်ကွာသော်လည်း အလွမ်းရယ် တစ်ကမ ္ဘာမခြားရအောင် ရင်ထဲက မေတ္တာလမ်းထဲမှာ ဖြန့်ကျဲကာ သိမ်းကာထားလိုက်မယ် ကိုယ့်အနား စွန့်ခွာမသွားလိုက်ပါနဲ့ ခရေပန်းဘဝမို့ အကြွေပန်းထိုက်ပါစေသား ကာရံ ၁၃ ့၆ ့၂၀၁၅


ကာရံMay 29, 20151min1694
လေပြေ အလှမ်းကွာ လွမ်းတာလေးက ဝမ်းတစ်ထွာ မှန်းကာတွေးရော့မယ် သံသရာခရီးကြမ်း အားတင်းကာလျှောက်လှမ်းလို့ မေ့မျက်ရည် ပါးပြင်ထက်မှာ ရစ်ဝဲလို့ပေါ့ မေတ္တာအိမ်လေး အစပျိုးသူတို့ သစ္စာဆိုစကား တူကြိုးစားရင်း ခုဆို ခုဆိုလေ တွဲလက်လေးတောင်း မြဲလို့နေပြီ နွေလည်မှာမိုးတို့ ပြိုဆင်းရင်း အိုအဆင်းနှင့် ချစ်ပန်းသခင်ကိုမှ အဖူး အငုံ ပွင့်လာအစဉ်လန်းရအောင် မောင့်မေတ္တာအနမ်းဖြန့်ကျဲလိုက်မယ် မေ့အနား လေပြေ တစ်ဖြေးဖြေးတို်က်ခက်ပါစေသား ကာရံ ၂၉ ့၅ ့၂၀၁၅


ကာရံMay 23, 20151min1635
လောဘကင်းတဲ့ စိတ်ကလေးဖြစ်ပါစေသား ခွင့်ရက်လေးမပြန်ခင် တနင်္ဂနွေတစ်ရက်သူငယ်ချင်းမင်္ဂလာဆောင်သွားဖို့ ကားဂိတ်မှာကားစောင့်နေတုန်း ကာရံရဲ့နံဘေးမှာအသက်၆၅ဝန်းကျင်အဖွားအိုနှစ်ယောက်ကားဌားနေတာကိုအမှတ်မထင်တွေ့မြင်မိပါတယ် . . . . အဖွားအိုတို့က သင်္ကန်းကျွန်းစံပြဈေးသွားမလို့အဌားကားတားစီးနေကြပါတယ် အချိန်ကတော့ ၉နာရီဝန်းကျင်မို့ လူလည်းအနည်းငယ်ရှင်းချိန်ပေါ့ အတော်လေးကြာတော့အဌားကားတစ်စီးရောက်လာပါတယ် ့. အမေတို့ စံပြဈေးသွားချင်လို့ပါ . ကားသမားက ၂၅၀ဝပေးရမယ် . အဲဒါနဲ့အဖွားတစ်ယောက်က ၁၅၀ဝထားလိုက်ပါသားရယ် . ကားသမားကလည်း မရဘူးဗျကားတွေကအရမ်းပိတ်တယ်ပြောပြီး မောင်းထွက်သွားပါတယ် နောက်တားလဲထို့အတူပြောပြီးပြီးထွက်သွားကြပါတယ် ကာရံလည်းအမြင်မတော်တာနဲ့ ကားဌားပေးဖို့ဆုံးဖြတ်ပြီးအဖွားအိုဆီသို့သွားမေးလိုက်ပါတယ် အမေတို့က စံပြဈေးသွားမလို့ပါ ကားသမားတွေကမလိုက်ကြဘူးလေ အမေတို့မှာလည်းပိုက်ဆံကအလုံအလောက်မပါလာဘူး ကာရံကလည်း ဟုတ်ကဲ့သားကူညီပေးပါ့မယ်ဆိုပြီးကားဌားပါတော့တယ် ခက်တာကရန်ကုန်မရောက်တာလဲကြာတော့နည်းနည်းအခက်တွေ့ပါတော့တယ် ပထမကားတစ်စီးရောက်လာပါတယ် ကာရံကလည်း အစ်ကိုစံပြဈေးသွားမလို့ အဖွားအိုနှစ်ယောက်ထဲပါ ဘယ်လောက်ပေးရမလဲ ၂၅၀ဝတောင်းပါတယ် ဒါနဲ့ကာရံကလည်း အစ်ကိုရယ် ၁ဈေးနဲ့စံပြဈေးကနီးနီးလေးပါ နောက်ပြီးပိတ်ရက် လမ်းလည်းရှင်းပါတယ်၁၅၀ဝထားလိုက်ပါလို့ပြောရင်း ကားသမားက မရဘူးလမ်းတွေပိတ်နေတယ်ပြောပြီးမောင်းထွက်သွားပါတော့တယ် အတော်လေးကြာတော့နောက်တစ်စီးကိုလက်တားရင်း မေးပြန်ပါတယ် အစ်ကိုဘယ်သွားမလို့လဲ […]


ကာရံMay 19, 20151min3168
ကာရံ ရဲ့ ( ​မောင်​တစ်​​ခေတ်​) ဦး​ပေါ်ဦးစံမူလို့ အကြံတူသတဲ့​မောင်​ ​လေခွန်​ကိုအသာထား ရာခိုင်​နှုန်​းက၅ ဆိုသတဲ့​မောင်​ သူတို့တစ်​​တွေ​ပြောကြတယ်​ နို့​သောက်​ပါတဲ့​မောင်​ ချက်​စရာအသာထား ကျပ်​၁​ထောင်​ဆို​လောက်​သလား​မောင်​ ဟိုသွားဒီသွား တစ်​​ထောက်​နား ကားကလည်​းကြပ်​​သေးတယ်​​မောင်​ ဟိုကြည်​့ဒီကြည်​့ကျီးမျက်​စိ လုယက်​မှုလည်​း ​ပေါသတဲ့​မောင်​ ​ခေတ်​ကာလအသာထား အတိုအပျက်​လည်​း မိုက်​သတဲ့ ​မောင်​ အတုယူအလိုက်​မှား ကျမျက်​ရည်​ဝဲခဲ့ရ​မောင်​ အမြန်​​လမ်​းလား တမလွန်​း ထိခိုက်​မှုများသတဲ့​မောင်​ ထိန်​းချုပ်​​သော်​လည်​း ဒီအတိုင်​းပဲ အ​ပြောလည်​း ​ကောင်​းသတဲ့​မောင်​ ခုတစ်​မျိုး ​တော်​ကြာတစ်​မျိုး အထက်​ကဆိုးသတဲ့​မောင်​ သူ့​နေရာ ​ပျောက်​မှာဆိုး မိုး​တောင်​ရွာသတဲ့​မောင်​ ​မောင်​ ​မောင်​​ ​မောင်​ ​နောင်​အခါ တစ်​မျိုးမ​ခေါ်နဲ့ Facebook ထဲ ​ခေတ်​တစ်​ခဏထ ဒါကလည်​း​ခေတ်​ကာလပါ​မောင်​ ကာရံ ၁၉ ့၅ ့၂၀၁၄