ရွှေအကြောင်းသိကောင်းစရာ(၁၇)

ငွေပိုရင်ရွှေဝယ်စုရင်ကောင်းမလား ဘယ်မှာဝယ်ရမလဲဘယ်လိုရွှေမျိုးဝယ်ရမလဲမေးကြတယ်

ငွေဘယ်လောက်ပိုလဲ ဘယ်လောက်စုချင်လဲ ပေါ်မှာမူတည်ပါတယ် တစ်ဆယ်သားဘိုးလောက်စုချင်
ရင်တော့ အကယ်ဒမီတံဆိပ်ရွှေတုံးဝယ်တာအကောင်းဆုံးပေါ့

အခုပေါက်ဈေးနဲ့ဆို သိန်းခုနှစ်ဆယ်ကျော်ကျမယ်ကျွန်တော့ဆိုင်မှာလဲဝယ်လို့ရပါတယ်

တစ်ဆယ်သားဘိုးမပြည့်ရင်တော့ တစ်မတ်သား ငါးမူးသား အခေါက်လက်စွပ်
နဲ့ တစ်ကျပ်သားကနေ ငါးကျပ်သားအထိ အခေါက်လက်
ကောက်တွေ ဝယ်စုလို့ရပါတယ် ့

ရွှေအကြောင်းသိကောင်းစရာ(၁၈)

အလျော့တွက်ဆိုတာကို သိချင်ကြတဲ့သူတွေအတွက်ပြောပြပေးပါမယ် လက်ကောက်တို့ ဆွဲကြိုးတို့လုပ်တဲ့အခါရွှေ
တုံးကိုအရည်ကျိုရပါတယ် ပြီးရင်လိုအပ်တဲ့ပုံစံရအောင်နန်းကြိတ်ရပါတယ် အပြားအလုံးလိုအပ်သလိုပေါ့

ပြီးရင်လိုချင်တဲ့ ပုံစံအရွယ်ရအောင်ဖြတ်တောက်ရပါတယ်

နောက်ဆုံးအဆင့် ဂဟေဆော်ပြီးရင် အချောကိုင်အရောင်တင်ရပါတယ် လုပ်ရတဲ့လုပ်ငန်းစဉ်
အဆင့်တိုင်းမှာ ရွှေအမှုန်အမွှားတွေ အလေအလွင့်ရှိပါတယ်

အဲဒီအလေအလွင့်ကို အလျော့တွက်လို့ခေါ်ပါတယ် အဲဒါကြောင့် ရွှေထည်ပစ္စည်းဝယ်တဲ့အခါ အလျော့တွက်ပေးရတာပါ

ရွှေတုံးဝယ်ရင်အလျော့တွက်ပေးစရာမလိုပါဘူး

About Zaw Aung

Zaw Aung has written 48 post in this Website..