သတင်း​ထောက်​ကို လူအချို့က​ကြောက်​တတ်​ကြပါတယ်​၊ အချို့က​ရှောင်​ကြပါတယ်​၊ ဌာနဆိုင်​ရာ​တွေက ထွက်​​ပြေးကြပါတယ်​၊ ကျွန်​​တော်​က ဘယ်​သတင်းတိုက်​ကပါလို့ ​ပြောလိုက်​ရင်​ ​ပြောမယ့်​စကား​တွေ မ​ပြောကြ​တော့ပါဘူး ဘာ့​ကြောင့်​ပါလဲ။
ကျွန်​​တော့သူငယ်​ချင်း DVB သတင်း​ထောက်​တစ်​​ယောက်​က” ငါတို့​တွေက ကိုယ့်​ကိုယ်​ကိုမိတ်​ဆက်​လို့မရဘူး၊ မိတ်​ဆက်​လိုက်​ရင်​ ထွက်​​ပြေး တာများတယ်​ ” လို့​ပြောပါတယ်​။
သတင်း​ထောက်​ဆိုတာ ဘက်​မလိုက်​ရဘူး လို့ဆရာတိုင်းက​ပြောပါတယ်​၊ အမှန်​အတိုင်း အရှိအတိုင်း ​ရေးဖို့​ပြောဖို့ပါပဲ ထင်​မြင်​ယူဆချက်​ပါလို့မဖြစ်​ပါဘူး။
တစ်​ချို့က ​အများအားဖြင့်​ ပြည်သူက သူတို့ရင်​ဆိုင်​​နေရတဲ့ပြဿနာကို ​ပြောပြချင်​ပါတယ်​ ဒါ​ပေမယ့်​ သတင်းသမားကဘက်မလိုက်​ ရဘူးဆို​တော့ တစ်​ဖက်​တည်းအ​ပြောကို​ရေးလို့မရပါဘူး သက်​ဆိုင်​ရာ တာဝန်​ရှိသူကို​မေးတဲ့အခါ ​ရှောင်​တာ​တွေရှိလာတာ​တွေ့ရပါတယ်​။
တစ်​ချို့ပြည်​သူက​တော့ သတင်း​ထောက်​ကို​ကြောက်​ပါတယ်
သတင်း​ထောက်​နဲ့ ​ထောက်​လှမ်း​ရေး ကိုခွဲခြားမသိတဲ့သူ​တွေလဲရှိ​နေပါ​သေးတယ်​၊ သူတို့​ပြောတဲ့စကားကို တာဝန်​မယူနိုင်​ပါဘူး လို့​ပြောပါတယ်​ ၊ off the record လုပ်​ခိုင်းပါတယ်​။
ဆို​တော့ သတင်း​ထောက်​ဆိုတာ မီဒီယာပါ စတုတ္ထမဏ္ဏိုင်​ပါ
၊​ပေါင်းကူးတံတားပါ ၊ သတင်းအချက်​အလက်​​တွေကို​ ဖြန့်​ဖြူးေ​ပးတဲ့သူပါ သတင်း​ထောက်​မှာကျင့်​ဝတ်​တွေရှိပါတယ်​၊
သတင်း​ထောက်​က ပါတီ​ဟော​ပြောပွဲမှာ လက်​ခုပ်​မတီးရပါဘူး သူက လူဘယ်​နှစ်​​ယောက်​လက်​ခုပ်​တီးတယ်​ ဘယ်​သူကတီးတယ်​ မတီးဘူး အဲဒါကိုပဲ လိုက်​ကြည့်​ရမှာပါ။

ကျွန်​​တော်​တို့ရွာထဲက​ရော ဘယ်​လိုမြင်​လဲ ထင်​မြင်​ချက်​​လေး ​ပြောပြ​ပေးပါ​နော်
*Internet connection မ​ကောင်းခြင်း phone ဖြင့် post တင်​ရခြင်း​ကြောင့်​ အခက်​အခဲရှိ​နေပါသည်​ ပြင်​ဆင်ဖြည့်​စွက်​ဖတ်​ရှု​ပေးပါရန်​ ​တောင်းပန်​အပ်​ပါသည်​။

About ချစ်ရင်ထူး II

has written 38 post in this Website..