သူက
ကိုယ်​​ရေးကိုယ်​တာ ​ခေါင်းကိုက်​မှုကို
အ​ရေးကြီးဂွင်​ကျယ်​ရွက်​လွှင့်​လို့
တစ်​ခါတစ်​ခါ
ကမ္ဘာကြီးပိုပူလာ​ကြောင်း
ထမင်းအ​အေး​တွေစားရင်း ​ပြောပြလို့
၃၅ လမ်းမှာလမ်း​လျှောက်​ဖူးရုံနဲ့
နာမည်​ကြီး က​လောင်​ဖြစ်​​ရောလား
ကျောက်​​ခေတ်​တုန်းကလည်း
နံရံ​ဆေး​ရေးဘ​လော့ဂါ​တွေ
မှိုလို ​ဖွေးခဲ့တယ်
ထူး​တော့မထူးပါဘူး
ဒီမိုက​ရေစီစာလုံးနဲ့
နည်းနည်းပိုရူးလာကြရုံ။

ko six

About ko six

ko six has written 94 post in this Website..

ဘဝဆိုတာ အပိုင်းနှစ်ပိုင်းနဲ့ရွေ့နေတဲ့ ဂေါက်သီး။ ရယူမှာလား။ ပေးဆပ်မှာလား။ အဲ နှစ်ခုစလုံးတော့ကြုံရမယ်။ ဘယ်ဟာကို အရင်ကြုံချင်လဲဆိုတာမှာ လူတော်လူညံ့ကွဲကုန်တာ။ CJ # 1122014