religionnazi

 

Facebook မှာ ပရလောကမှ ရှားပါးမှတ်တမ်းများ ဆိုတဲ့ ပေ့ခ်ျ မှာ တင်ထားတဲ့ ရွှေတိဂုံစေတီတော် ရဲ့ ပုံရိပ် ဆလိုက်မီး ထိုးလို့ မိုးသားတိမ်အနိမ့် မှာ ထင်နေတဲ့ ပုံမှာ တွေ့လိုက်ရတာပါ။

မယုံတဲ့သူတွေ ယုံတဲ့သူတွေ နမိတ်ဆိုပြီးပြောတဲ့လူတွေ ရူပဗေဒ သဘောနဲ့ ရှင်းပြနေတဲ့လူတွေ ကုလားမုန်းတဲ့လူတွေ ရွှေပြည်အေး တရားဟော ဆရာတွေ ရဲ့ မျိုးစုံသော ကောမန့်တွေကို အိပ်ငိုက်ပြေလေး လိုက်ဖတ် မိနေတုန်းပဲ ဒီကောမန့်ကို တွေ့လိုက်တာပါ။

မင်းတို့က ဗုဒ္ဒ ဘာသာဝင်တွေ မဟုတ်လား။ ဗုဒ္ဒ ဘာသာဝင် ဆိုရင် ဘာမှကို မဝေဖန် နဲ့” ဆိုပဲ။

hitler nazi, neo nazi, grammar nazi, spelling nazi တွေပြီးတော့ ခုများ religion nazi တွေပါ ပေါ်လာပြီလားမသိဘူး။း)

 

ပုံ ခရက်ဒစ် ဒီက

About ကျော်လွင်ဖြိုး

has written 16 post in this Website..

၈၈ခုနှစ်မှာ မွေးသည်။ အပြောအဆို အနေအထိုင် ဂွကျသည်။ လွန်စွာ အပျင်းကြီးသည်။ လူများနဲ့ ပြောင်းပြန် တွေးလွန်းသောကြောင့် လမ်းထွက်လျှင် သံခမောက် ဆောင်း ထွက်ရသည်။