ရွှေအကြောင်းသိကောင်းစရာ(124)

ကျွန်တော့်မိတ်ဆွေတစ်ယောက် အခုရက်ပိုင်းကလေးကမှ
ရွှေငါးကျပ်သားလျော်လိုက်ရတဲ့ အကြောင်းပြောပြပါမယ်
သူကရွှေဘုံသာလမ်းမှာ ရွှေနဝလီဝယ်တာပါ နဝလီဝယ်တဲ့ဆိုင်နှစ်မျိုးရှိပါတယ် သူခိုးဆီကဝယ်တဲ့ဆိုင်နဲ့ မဝယ်တဲ့ဆို်င်ပါ သူ့ဆိုင်ကမဝယ်
တဲ့ဆိုင်ပါ ရွှေလာရောင်းတဲ့သူဟာ ခိုးလာတာဟုတ်မဟုတ် အကဲခတ်တဲ့နေရာမှာသူတို့က
အရမ်းကျွမ်းကျင်ပါတယ် သူခိုးရွှေဆိုတစ်ဝက်ဈေးထက်
ပိုမပေးကြပါဘူး ပြီးခဲ့တဲ့တစ်ပတ်လောက်က သူ့ဆီကို
ရွှေငါးကျပ်သားလာရောင်းထားတဲ့ လူတစ်ယောက်နဲ့
အရပ်ဝတ်နဲ့ရဲတွေရောက်လာပါတယ် အဲဒီလူကသူခိုးမဟုတ်ပါဘူး သူနဲ့လဲသိပါတယ် ဒါပေမယ့်
သူကသူခိုးဆီကဝယ်ပြီး လာပြန်ရောင်းတာဖြစ်နေပါတယ်
သူခိုးကိုဖမ်းမိတော့ သူခိုးကဟိုလူဆီမှာရောင်းတယ်လို့
ပြောပါတယ် ထုံးစံကအဲဒီလူလျော်ရမှာပါ သူခိုးဆီကဝယ်တာကိုး မလျော်ရင်သူထောင်ကျမှာလေ
(စဉ် 125 သို့)

ရွှေအကြောင်းသိကောင်းစရာ(125)
(စဉ် 124 မှအဆက်)

ဒါပေမယ့်အဲဒီလူက မလျော်ချင်လို့လား မလျော်နိုင်လို့လား
မသိပါဘူး သူပြန်ရောင်းခဲ့တဲ့ ကျွန်တော့်မိတ်ဆွေဆီကို ရဲ
တွေနဲ့လာပါတယ် ငိုပြပါတယ် သူ့မှာလျော်စရာမရှိတဲ့အ
ကြောင်း သူမလျော်ရင်သူ့ကိုဖမ်းပြီး သူရောင်းခဲ့တဲ့လူဆီက
သိမ်းမှာဖြစ်တဲ့အကြောင်း အဲဒီတော့နှစ်ဦးနှစ်ဖက် အကျိုး
ရှိအောင် သူ့ကိုစိုက်ပြီးလျော်ပေးထား သူကဖြည်းဖြည်း
ပြန်ဆပ်မယ့်အကြောင်း ပြောပါတယ် ကျွန်တော့်မိတ်ဆွေ
ကလဲသိတယ် စိုက်ပေးလိုက်ရင်ပြန်မရတော့မှန်း သူ့မှာ
ရွေးချယ်စရာနှစ်လမ်းရှိတယ် မင်းမလျော်နိုင်ရင် ထောင်
အကျခံ ငါအပြည့်လျော်လိုက်မယ်ဆိုတဲ့ လမ်းရယ်
တစ်ဝက်စိုက်ပေးမယ် မင်းဟာမင်းလျော်လိုက်ဆိုတဲ့လမ်း
ရယ် နောက်ဆုံးညှိနှိုင်းပြီးတစ်ဝက်စိုက်ပေးလိုက်ရတယ်
သူခိုးဆီကဝယ်တာ မဟုတ်ဘဲနဲ့တောင်မှ ကံဆိုးရင်အဲလို
မျိုးခံရတတ်ပါတယ်

ရွှေအကြောင်းသိကောင်းစရာ(126)

ကျွန်တော့်ညီရွှေဆိုင်မှာ ကြုံခဲ့တာကလဲ နဲနဲတော့ထူးခြား
ပါတယ် အမျိုးသမီးတစ်ယောက် ရွှေလာဝယ်တယ်
ရွှေဆိုင်တွေကတော့ရွှေလာဝယ်ရင် ရောင်းတာပေါ့ထုံးစံပဲ
လေ နောက်ထပ်မကြာခဏလာဝယ်လိုက် လာပြန်ရောင်း
လိုက်နဲ့ခင်သွားကြတာပေါ့ တစ်ခါတစ်လေလဲသူ့ယောက်ျား ပါလာတယ် တစ်နေ့တော့ သူ့အဒေါ်ကားဝယ်ဖို့ ရောင်းခိုင်းလိုက်တယ်ဆိုပြီး ငါးကျပ်သားလောက်လာရောင်းတယ် ကိုယ့်ဆိုင်ကပစ္စည်း
တော့မဟုတ်ဘူး သိနေတာလဲကြာပြီဆိုတော့ ယုံကြည်ပြီး
ဝယ်ပေးလိုက်တာပေါ့ သိပ်မကြာပါဘူး သူ့ယောက်ျားက
လက်ထိပ်နဲ့ ရဲတွေနဲ့ရောက်လာတယ် ဖောက်ထွင်းဝိဇ္ဇာတဲ့
လျော်လိုက်ရတာပေါ့ ငါးကျပ်သား ကိုယ့်ကိုယ်ပါသူခိုးလက်ခံ အမှုမပတ်အောင် ပေးရကမ်းရ
သေးတယ် ဒါမျိုးတွေကကြုံခဲတယ်ဆိုပေမယ့် ကံမကောင်းရင်ကြုံရတတ်ပါတယ် သတိတော့ထားရတာပေါ့

ရွှေအကြောင်းသိကောင်းစရာ(127)

ကျွန်တော့်ဆိုင်မှာ လက်ကောက် ၃ ကွင်း အတုနဲ့အလဲခံရပြီးမှ ပြန်ရခဲ့တာလဲ တစ်ခါကြုံဖူးပါတယ်
အမျိုးသမီးတစ်ယောက် လက်ကောက်လာဝယ်ပါတယ်
ပိုက်လုံးလက်ကောက်သုံးကွင်း ဝတ်ကြည့်လိုက်ဈေးဆစ်
လိုက်နဲ့ နောက်ဆုံးဒီသုံးကွင်းဖယ်ထားပေးပါ ခုပိုက်ဆံသွား
ယူပြီး ပြန်လာခဲ့မယ်ဆိုပြီး ထွက်သွားတယ် ဘယ်ပြန်လာတော့မလဲ သူထားခဲ့တာအတုတွေဖြစ်နေပြီလေ အရင်နေ့ထဲက လာကြည့်သွားပြီး ပုံစံတူလုပ်
ပြီး လက်မှာဝတ်လာတာ အင်္ဂျီာလက်ရှည်နဲ့အုပ်ထားတာ
ဝတ်ကြည့်ရင်းနဲ့ စာရေးမမျက်စိအလစ်မှာ လဲလိုက်မှာပေါ့
ဆုံးပြီပဲတွက်လိုက်တယ် ရဲလဲမတိုင်တော့ပါဘူး
ဒါပေမယ့်အသိဆိုင်တွေ အမျိုးဆိုင်တွေကိုတော့ အကြောင်းကြားလိုက်တယ် လူပုံစံနဲ့လုပ်ပုံလုပ်နည်းပြောပြ
လိုက်တယ် သတိထားမိအောင် မခံရအောင်ပေါ့ တစ်ပတ်
လောက်အကြာမှာ ကျွန်တော့်ညီဆိုင်က ဖုန်းလာတယ်
အဲဒီပုံစံအတိုင်း အမျိုးသမီးတစ်ယောက် အင်္ဂျီာလက်ရှည်နဲ့
ပိုက်လုံးလက်ကောက်တွေလာကြည့်နေတယ်တဲ့ ( စဉ် ၁၂၈ သို့ )ု

About Zaw Aung

Zaw Aung has written 48 post in this Website..