ရွှေအကြောင်းသိကောင်းစရာ(131)
( 130 မှအဆက်)

သူခိုးလက်ခံဥပဒေနဲ့ ကျွန်တော်ငြိခဲ့ဖူးတာပြောပြမယ်
ရွှေဝယ်တာတော့မဟုတ်ဘူး ရွှေဆိုင်ဖွင့်မလို့ အခန်းဝယ်တာ 2003 ခုနှစ်လောက်က ကိုအလ ဆိုတဲ့ဆို
တဲ့လူဆီကဝယ်တာ ငွေချေပြီးမှဒီဆိုင်က သမဝါယမပိုင်
ရောင်းလို့မရတဲ့ အခန်းမှန်းသိတာ ဒါနဲ့စာချုပ်ပါစည်းကမ်း
ချက်အတိုင်း အလျော်ပြန်ပေးဖို့တောင်းတော့ သူကဒီအခန်းကို ကိုသရ ဆီကဝယ်ထားတာ သူ့ဆီကအ
လျော်သွားတောင်းမယ် ရမှပေးနိုင်မယ် မရရင်မပေးနိုင်ဘူး
လုပ်ချင်တာလုပ်တဲ့ ဒါနဲ့ ကိုသရ ဆီသွားကြတော့ ကိုသရ
ကဒီအခန်းကို သမဝါယမကငှားပြီး အရောင်းအဝယ်စာချုပ်အတုနဲ့ ကိုအလ ကိုရောင်းထားတာ
ဖြစ်နေတယ် ပြန်လျော်ပေးမယ်ပြောပြီး နေ့ရွှေ့ညရွှေ့လုပ်နေတယ် နောက်တော့ ကိုအလ ကတစ်
ဝက်လျော်ပေးမယ် အရောင်းအဝယ်စာချုပ်ပြန်ပေးဆိုပြီး
ညှိလာတယ် သူ့စိတ်ထဲမှာစာချုပ်ပြန်ရရင် ကျန်တဲ့တစ်ဝက်
သူပိုင်ပြီထင်နေတယ်လေ
(စဉ် 132 သို့)

ရွှေအကြောင်းသိကောင်းစရာ(132)
( 131 မှအဆက်)

ဒါနဲ့စာချုပ်ကိုမိတ္တူကူးထားပြီး ပြန်ပေးလိုက်တယ်
တန်ဖိုးတစ်ဝက်အရင်ပြန်ယူလိုက်တယ် ပြီးမှသမဝါယမကို
ကိုသရ နဲ့ ကိုအလ ကသမဝါယမပိုင်ဆိုင်ခန်းကို အဆင့်ဆင့်လွှဲပြောင်းရောင်းချပါတယ်ဆိုပြီး တိုင်လိုက်တယ် သမဝါယမက သူတို့နှစ်ယောက်ကို အမှုဖွင့်တယ် သူတို့ကလဲကျွန်တော်တိုင်လို့ အမှုဖွင့်မှန်းသိတော့ ကျွန်တော့်ကိုပါ သူခိုးလက်ခံပုဒ်မနဲ့
ငြိအောင်လိုက်ကြတယ် ကိုယ်ကတော့တရားခံဖြစ်စရာအကြောင်းမရှိဘူးဆိုပြီး
အေးအေးဆေးဆေးနေနေတာပေါ့ သက်သေလိုက်ဖို့စောင့်
နေတာပေါ့ အမှုရုံးတင်တဲ့နေ့မှ ကိုယ်ပါတရားခံစာရင်းထဲ
ပါနေမှန်းသိတော့ တော်တော်ဒုက္ခရောက်သွားတယ် ဥပဒေဆိုတာလိုသလိုဆွဲဆန့်လို့ရပါလားလို့ သဘောပေါက်သွားတယ် အဲဒီခောတ်ကဥပဒေအရာရှိတွေက ငွေရတာနဲ့လုပ်ချင်သလိုလုပ်ကြတာလဲ ပါမှာပေါ့ အဲဒီအမှုကတစ်နှစ်လောက်ကြာတယ် နောက်ဆုံးတော့
ကျန်တဲ့တစ်ဝက်ပြန်ရပြီး အမှုကိုလဲရုတ်သိမ်းလိုက်ကြပါတယ်

ရွှေအကြောင်းသိကောင်းစရာ (133)

မြန်မာပြည်မှာ တစ်ကျပ်သားရဲ့ အလေးချိန်သတ်မှတ်ချက်
အတိအကျမရှိတာကလဲ ပြောစရာတစ်ခုဖြစ်နေပါတယ်
ရန်ကုန်မှာရွှေတစ်ကျပ်သားဝယ်ရင် ၁၆.၆၀၆ gram ရပါမယ် မန္တလေးမှာ ရွှေတစ်ကျပ်သားဝယ်ရင် ၁၆.၆ gram
ရပါမယ် တောင်ကြီးမှာ ရွှေတစ်ကျပ်သားဝယ်ရင် ၁၆.၅၈
gram ရပါမယ် အစိုးရထုတ်ရောင်းတဲ့ တစ်ကျပ်သား
ရွှေဒင်္ဂါးဝယ်ရင် ၁၆.၃၂၈ gram ရပါတယ် အဲဒီတော့
ရွှေဈေးကိုကြည့်တဲ့အခါ တစ်ကျပ်သားဈေးလို့မကြည့်ဘဲနဲ့
ဘယ်နှစ်ဂရမ်ရဲ့ ဈေးလို့ကြည့်တာပိုတိကျပါတယ်
အစိုးရထုတ် တစ်ကျပ်သားဒင်္ဂါးပြားကို 690000 နဲ့ဝယ်ပြီး
ဈေးကွက်မှာ တစ်ကျပ်သား 695000 ဈေးနဲ့ လာရောင်းရင်
ရှုံးပါတယ် 16.328 gram ကို 690000 ဈေးနဲ့ဝယ်ရပြီး
16.606 gram ကိုမှ 695000 ဈေးနဲ့ရောင်းရလို့ပါ တစ်ကျပ်သားရဲ့အလေးချိန်ဟာ တိတိကျကျ တသတ်မှတ်တည်း သတ်မှတ်ထားတာ မရှိတဲ့အတွက်
မြန်မာပြည်က ရွှေဈေးကို international ကနားလည်
အောင်ယနေ့ပေါက်ဈေး 16.606 gram ကို 695000
ဖြစ်ပါတယ်လို့ ပြောလိုက်တာအရှင်းဆုံးပါပဲ
( စဉ် 134 သို့)

ရွှေအကြောင်းသိကောင်းစရာ(134)
( စဉ် 133 မှအဆက်)

သတင်းတွေ internet တွေမှာ တွေ့တဲ့ရွှေဈေးက 1 troy
ounce ရဲ့ဈေးပါ 1 troy ounce ဟာ 31.1034768 gram
ရှိပါတယ် 1 gram ရဲ့ဈေးကိုသိချင်ရင် 1 troy ounce ဈေး
ကို 31.1034768 နဲ့စားရပါတယ် တစ်ကျပ်သားဈေးကို
လိုချင်တော့ 16.328 (သို့) 16.606 နဲ့ပြန်မြှောက်ရပါတယ်
စားလိုက် ပြန်မြှောက်လိုက် အလုပ်ရှုပ်တော့ 31.1034768
÷ 16.328 = 1.905 / 31.1034768÷16.606 = 1.873
(1.875 လို့ ယူကြပါတယ်) 1.905 နဲ့ 1.875 ကိုကိန်းသေ
အဖြစ်ယူထားကြပြီး တစ်ကျပ်သား 16.328 gram နဲ့
တွက်ချင်တဲ့သူက 1.905 နဲ့စားပြီး ဒေါ်လာဈေးနဲ့ မြှောက်
ပါတယ် တစ်ကျပ်သား 16.606 gram နဲ့ တွက်ချင်တဲ့သူက 1.875 နဲ့စားပါတယ်
(စဉ် 135 သို့)

About Zaw Aung

Zaw Aung has written 48 post in this Website..