မသာလားဟေ့ ဝင်ခဲ့လေကွယ်

** ” သံချောင်း” မသာဝန်ဆောင်မှုလုပ်ငန်း **

ကျန်းမာတော်မူစ ပါလားခင်ဗျာ …
ကျနော်များ မသာဝန်ဆောင်မှုလုပ်ငန်းမှကြိုဆိုပါတယ် ။
လူကြီးမင်းများရဲ့ အခက်အခဲဟူသမျှကိုဆောင်ရွက်ပေးပါရစေ ။

အောက်ဖေါ်ပြပါ ဝန်ဆောင်မှုများကို လူကြီးမင်းတို့စိတ်ကြိုက် အထူးလျော့ဈေးနဲ့ ဆောင်ရွက်ပေးနေပါပြီ ။

– အလောင်းသယ်ယူခြင်း(မြို့တွင်းမြို့ပြင်)

– အလောင်းရေချိုးပေးခြင်း

– ဗိုက်ခွဲ အူထုတ် မြေမြှုပ်ခြင်း

– အလောင်းအလှဆင်ခြင်း (မသာ beauty spa)

– အခေါင်း အမျိုးမျိုးရောင်းချပေးခြင်း (မှန်ခေါင်း ၊ သစ်သားခေါင်း ၊ အလူမီနီယံခေါင်း )

– အခေါင်း ငှားရမ်းခြင်း

– သက်ပျောက်ဆွမ်းသွပ်ပေးခြင်း

– ဘုန်ကြီးပင့် သရဏဂုံတင်ပေးခြင်း (ဘာသာခြားဖြစ်ပါက သက်ဆိုင်ရာ
ဘာသာအသီးသီး ဓလေ့ထုံးစံအတိုင်းဆောင်ရွက်ပေးသည် ။)

– ရက်လည်ဆွမ်း သွပ်ပေးခြင်း

– ဖိတ်စာ ၊ ယပ်တောင် ၊ သံဝေဂသံပါက်ရွတ်ခြင်းနှင့် ဖိတ်စာဝေပေးခြင်း

တို့အား တစ်မျိုးခြင်းဖြစ်စေ ပက်ဂိတ်ရှ်လိုက်ဖြစ်စေ စိတ်ကြိုက်ဆောင်ရွက်ပေးပါမည် ။

ဖေါက်သည်များ၏ယုံကြည်အပ်နှံမှုကိုကျေးဇူးတုန့်ပြန်သောအားဖြင့်
မသာသုံးလောင်း အပ်နှံပါက မသာတစ်လောင်း အလကားဆောင်ရွက်ပေးပါမည် ။

ဖုတ်ဝင်ခြင်း ၊ သရဲပူးခြင်းများကိုလည်း အထူးနှင်ထုတ်ပေးပါသည် ။

အထူးသိစေအပ်သည်မှာ ~~~
ကျနော်များ၏ဝန်ဆောင်မှုလုပ်ငန်းအား ကိုယ်တိုင်ကိုယ်ကျလေ့လာသိရှိပြီးပါက

လူကြီးမင်းတို့ကိုယ်တိုင် သေချင်စိတ်ပေါက်သွားမည်ကို ရဲရဲကြီး အာမခံပါကြောင်းးးးးးးးးးးး

ရွာမေတ္တာခံယူလျှက်
သံချောင်း (သုဘရာဇာ)

သုဘ = တင့်တယ်ခြင်း
ရာဇာ = ဘုရင် /ဧကရဇ်
သုဘရာဇာ = တင့်တယ်ခြင်းတို့၏အရှင်သခင်
:mrgreen:

30 comments

  • JackSkellington

    September 13, 2014 at 9:17 am

    ဦးကျော်သူ ရှိနေမှကို..
    သူတို့ အဖွဲ့က အဲ့ဒါတွေကို အလဂါး လုပ်ပေးသတဲ့။ 😛

    • သုဘရာဇာ သံချောင်း

      September 13, 2014 at 9:29 am

      ဂဇက်ရွာထဲ မသာပေါ်တယ်ကြားလို့ ကြော်ငြာဝင်တာပါဗျာ 🙂

  • ဇီဇီ ခင်ဇော် (15102012)

    September 13, 2014 at 9:24 am

    ဟယ်တော့
    သေ သံ သဲ့သဲ့ ကြားးးစရှိသေးးးး
    ဝန်ဆောင်မှု့ ပေါ်လာပြီ။
    အဲ့လာ သများးးတို့ ချစ်ရာရွာ
    အဟွတ်
    :s:

    • သုဘရာဇာ သံချောင်း

      September 13, 2014 at 9:34 am

      ဂဇက်မှာ အားလုံးစုံစေချင်တဲစေတနာတွေပါဗျာ :kwi:

  • မွသဲ ( 17082011 )

    September 13, 2014 at 9:37 am

    ဟယ် မှတ်ပုံတင်ထားသေးရဲ့လားဟယ်။ ခုတလော မသာ အတုပေါ်နေသအေ။ : (
    နီဒို့ ဝန်ဆောင်မှု့အတုဖြစ်နေအုံးမအေ။ :mrgreen:

    • သုဘရာဇာ သံချောင်း

      September 13, 2014 at 9:59 am

      ရော့ …
      ဖုန်းဆက်ကြည့်လိုက်ဗျာ
      ၀၁ ၇၀၉၂၇၇

      • မွသဲ ( 17082011 )

        September 13, 2014 at 10:05 am

        အွန်မြတ်ငီး

    • JackSkellington

      September 13, 2014 at 12:04 pm

      မသာ အတု လဲ တကယ်ကြီး မြှုပ်ပေးမတဲ့။ 🙂

  • kai

    September 13, 2014 at 9:47 am

    အယ်လ်အေမှာအမေဆုံးတော့..
    ဈာပနကိစ္စ..လိုက်လုပ်ရသပေါ့…။
    အောင်မလေး.. ရှုပ်တာ…။

    ဆိုတော့…
    နောက်ဆို..ကျုပ်သေရင်.. အပ်မယ်လေ..။
    စရံသပ်ထားရမလား..။

    ခေတ်လောကဓာတ်ပညာနဲ့.. ဘရိမ်းမီမိုရီထရန်စဖား ကွန်ပြူတာထဲလုပ်နိုင်တဲ့ခေတ်ဆို… အပုပ်ကောင်ရုပ်ဆောင် ကင်ဆာဖြစ်နေတဲ့ခန္တာအလွတ်ချည်း.. မသာချနေရမယ်..။
    နောက်ဆို..ငယ်ငယ်ရွယ်ရွယ်သေတဲ့မသာရှိ.. ကျမ်းမာတဲ့ခန္တာကိုယ်အလွတ်တွေ.. မှောင်ခိုရောင်း/ဝယ် ပွဲစားလောကကြီး ဖွံ့ဖြိုးလာနိုင်ချေရှိတယ်ပြောတာ..။

    မီလီယန်ဘစ်ဇနက်…။ :k:

    • ဦးကျောက်ခဲ

      September 13, 2014 at 10:23 am

      ကွန်ပြူတာထဲကို ဘရိမ်းမီမိုရီထရန်စဖား လုပ်မယ်ဆို သေခြာမေးပါဦး…
      – ဟာလေးလုလျာ ဆာဗာက မီမိုရီကို ဖောမတ်ရိုက်ပြီးမှ လက်ခံသတဲ့…
      အလာဂျီးတို့ဆာဗာကတော့ ဟာလာလုပ်ပြီး ထရန်စဖားလုပ်တာတောင်…
      အခပ်မသင့်ရင် မီမိုရီတွေကြွမ်းကုန်လို့ အီရတ်ရောက်ကုန်ကြသတဲ့…
      – မဟာသျှီဝဆာဗာကတော့ သွသူ ဆင်ခေါင်းနဲ့လူကိုယ်ဖြစ်နေတာကို…
      တောင်မေးမြောက်မေး ဟုတ်ပါ့မလားမေးရင် ဆော်ဒီးပါတဲ့…
      – အဲ… ဘဂဝါဆာဗာလား… မိုးပြာဗိုင်းရပ်စ်ရှိရင်…
      လုံးဝ… လုံးဝ…ကို လက်မခံပါဘူးတဲ့ ခင်ဗျာ… ဟီ ဟိ
      မီမိုရီစတစ်ကြီး ချာချာလည် ဖစ်နေဦးမယ်… :k:

      • သုဘရာဇာ သံချောင်း

        September 13, 2014 at 10:39 am

        မိုးပြာဗိုင်းရပ်စ် ပါတဲ့ အလောင်းဆိုရင်
        မသာချခ နှစ်ဆယူတယ်နော်
        မပြောမရှိနဲ့
        အဲသည် အလောင်းကိုသရဏဂုံတင်ရင်
        မိုးပြာနည်းနဲ့တင်ရလို့ ပါ
        မိုးပြာဆရာတွေရှာရခက်သဗျ 🙂

        • kai

          September 13, 2014 at 11:26 am

          သူတို့အတွေးအခေါ်တွေအရကောက်ပြောရင်ဆို.. မိုးပြာတွေ သရဏဂုံတင်မယ်မထင်…။
          =
          ဒီလိုဆြာကျောက်စ်ရဲ့..
          အဲဒီ ဘရိန်းမီမိုရီထရန်စဖားကိစ္စမှာ.. တင်းခံနေတာ.. God အပေါ်ယုံကြည်မှုလို့ထင်သဗျ…။
          သိပ္ပံပညာရှင်အများစုက.. ခရစ်ယန်တွေဆိုတော့… အဲဒီ”တောင်”မောင်မကျော်နိုင်ဖြစ်နေပုံရပါတယ်.။
          ကျော်နိုင်တဲ့နေ့.. ဖန်တီရှင်းဝါဒ.. ဒီကမ္ဘာကပျောက်မယ်လို့… ထင်..။ :k:

  • သုဘရာဇာ သံချောင်း

    September 13, 2014 at 9:58 am

    ပထမဆုံး အားပေးသူ ကတ်စတန်မာ အဖြစ် အခမဲ့ ဆောင်ရွက်ပေးပါမယ်ခင်ဗျ :mrgreen:

    • kai

      September 13, 2014 at 10:08 am

      အခမဲ့ဆိုပြီးး ကလီစာတွေမှောင်ခိုတော့.. ထုတ်မရောင်းနဲ့နော..
      ခုခေတ်မှာ.. ဒါတွေက.. စိန်ရွှေတွေထက်တန်းဖိုးရှိ…။

      ဆိုတော့…
      မာဖီးယားရုပ်ရှင်တို့ရဲ့အဖေ.. ဂေါ့ဖားသားကားထဲ.. အဓိကဇတ်ကွက်တခုက… ဂေါ့ဖားသားက.. သုဘရာဇာနဲ့ မိတ်ဆွေဖြစ်သမို့.. အလောင်းတခုရှင်းနိုင်လိုက်တဲ့ဇတ်ကွက်ဗျ..။
      သုဘာရာဇာနဲ့..မိတ်ဆွေဖြစ်ရတာ.. မြတ်တယ်..လို့.. :k:

      ကြုံလို့ထပ်ပြောပြရရင်..
      ဂေါတမဗုဒ္ဓရဲ့ခန္တာကိုယ်ကို.. မီးရှို့တော့.. ဓာတ်တော်ကျွင်းတယ်ပေါ့..
      အဲဒါတွေထဲကတန်ဖိုးအရှိဆုံးတချို့ကို. ဦးစီဦးဆောင်လုပ်တဲ့.. သုဘရာဇာ (ပုဏ္ဍားတယောက်)က.. လာတောင်းတဲ့မင်းညီမင်းသားတွေကိုတာဝန်ယူခွဲဝေပေးရင်း.. အသာလေး နှိုက်ယူခိုးဖူးတယ်လို့.. သမိုင်းကဆိုတယ်..။
      အမှတ်မမှားရင်.. အဲဒီပုဏ္ဍားက..အရိယာသူတော်စင်တဲ့..။
      အော်.. အင်း..
      ထေရာတို့ဝါဒရဲ့.. ငါးပါးသီလ.. :k:

      • သုဘရာဇာ သံချောင်း

        September 13, 2014 at 10:18 am

        အယ် …… ကလီစာတော့ရောင်းပါဘူးဗျာ
        အဲသည့်ဟာတွေက ဥပဒေနဲ့မလွတ်ဘူး
        လွတ်လွတ်ကင်းကင်း အဝတ်အစားဘဲချွတ်ယူမှာ
        ဆိုတော့ …… အခုထဲကမေးထားမယ်
        အတွင်းခံချန်ထားပေးရမလား
        အကုန်ချွတ်ရမလား
        အတွင်းခံချန်စေချင်ရင် ပါးစပ်ထဲ တစ်မတ်တော့မငုံလာနဲ့
        ဒေါ်လှတစ်ရာလောက်ငုံလာခဲ့ :mrgreen:

        • kai

          September 13, 2014 at 10:24 am

          ကူးတို့ခဈေးတက်တာလား.. ပွဲစားကဈေးတင်တာလား..။
          မှတ်ချက်…။ ။ ငရဲနဲ့ဘုံ ပွဲစားတွေကိုတိုင်ပင်ရမယ်ထင်…။

        • သုဘရာဇာ သံချောင်း

          September 13, 2014 at 10:30 am

          ဟုတ်ဘူးဗျ
          သုဘရာဇာက်ိုအရူးလုပ်လို့
          ကျုပ်မှာဗျာ အခေါင်းကြီးထမ်းပြီးပြေးလာရတာ
          ဒီလဲရောက်ရော မသေဘူး တဲ့
          ဒီတော့ မရ ရတဲ့သူဆီက နှိုက်ရတော့မပေါ့
          :kwi:

      • ဦးကြောင်ကြီး

        September 15, 2014 at 8:24 am

        မဆိုင်ဘူးလေ ဦးမာမွတ်ရဲ့.. ဘုရားရှင် ချန်ရစ်ခဲ့တဲ့ ဓာတ်တော်ကို ဘယ်သူအပိုင်လို့ သိမ်းခွင့်ရှိစရာလား။ ဒါကြောင့် စေတနှာဆိုးနဲ့ မဟုတ်လျင် ယူတာ အပြစ်မထိုက်.. ယူသင့် မယူသင့် ယူအပ် မယူအပ်ကတော့ နောက်ဆက်တွဲ မေးခွန်းများသာဖြစ်တယ်။ သဂျီးဇုတ်ပြောသလိုမျုးိ အင်တာနက်မှာ တွေ့ဖူးလို့ ဝင်ပေါဒါ။ သဲအင်းဂူ ဆရာတော်ကြီး ပျံတော်မူတော့ သူ့ခန္ဓာမှာ ကျန်ခဲ့တဲ့ မျက်ရှင်တော် သူ့တပည့် ဦးဥတ္တရ (ယခု လားရှိုးကျောင်းတိုက် ဆရာတော်) က ဖြုတ်ခိုးခဲ့ကြောင်း ဆရာတော်ကြီးအကြောင်း သူ့ကိုယ်တွေ့ အသံဖိုင်မှာ ပါတယ်။ ဦးမာမွတ် ကိုယ့်လျှာကိုယ်ပွတ် စဉ်းစားကြည့်နော်.. မြတ်စွာဘုရားကိုယ်တိုင် ငါဘုရာ သာသနာ ငါသာပိုင်တယ်လို့ မဟာပန်၊ စူဠပန်ဇာတ်မှာ ပြောခဲ့ကြောင်း မှတ်တမ်းရှိတယ်။ ဒါကို ဘုမသိဘမသိ အပြစ်တင်ဇောနဲ့ (ဖြီးကြူ ရွှီးကြူ သုံးပြီး) တတ်ယောင်ကားလုပ်တဲ့အထဲ ဦးမာမွတ် မပါစေနဲ့..

  • မနေ့တုံးက လက်ဖက်ရည်ဆိုင်ထိုင်ရင် ဂျာ နယ်တစ်စောင်ကောက်ဖတ်လိုက်တယ်။

    သံတော်ဆင့်လား ဘာ လား မသိ။

    အခေါင်းကို ဆိုက်ကားနဲ့ လိုက်ပို့ တဲ့ မိန်းမ တစ်ယောက်အကြောင်း။

    အရင် က တစ်ရက် ကို ငွေတစ်သောင် း ဝင် သတဲ့။

    အခုအရင်လို မဝင် အခေါင်း သိပ်မပို့ ရတော့ ဘူးတဲ့

    နာ ရေး ကူ ညီ မူ့ အသင်းတွေ များ လာတော့ အရင်လို အခေါင်း မှာ သူ မရှ ိ လို့ တဲ့

    အဲတော့ သု ဘ ရာ ဇာ ကြီး တွက်ချေ ကိုက်ပါ့ မလား စဉ်း စား နော်

    အဲ့ လာ လေး လာ ပြော တာ ပါ

    • သုဘရာဇာ သံချောင်း

      September 13, 2014 at 1:19 pm

      ငှဲငှဲ
      နာရေးကူညီမှုအသင်းဆိုတာလည်း မျက်ကွယ်မှာတော့ သုဘရာဇာက်ိုဘယ်ကျော်လုပ်လို့ရမလဲဗျာ
      အောက်ကွက်တွေ ဖျောက်ကွက်တွေရှိတာပေါ့

      ဘာလဲလို့တော့မမေးနဲ့ မပြောဘူး
      တော်ကြာ လုပ်ငန်းတူအပြိုင်အဆိုင်တွေတိုးလာရင်ခက်မယ်
      အခုတောင် မသာနံ့ရလို့ပြေးလာတာ အမောဆို့တယ်ဗျာ

  • ခင် ခ

    September 13, 2014 at 1:54 pm

    ငယ်ငယ်က ရုပ်ရှင်ဇတ်ကားတစ်ခုရှိခဲ့တယ် ကျွန်းသေတ္တာကြီးချာချာလည်တဲ့ဗျ
    အခု ဆြာသံချောင်းပြောပုံအရဆို ခေါင်းတလားကြီး ချာချာလည် ပေါ့နော်။

    • သုဘရာဇာ သံချောင်း

      September 13, 2014 at 2:33 pm

      ပြောပါကိုကြီးခ
      ဘယ်သူ့အမြင်ကတ်လဲ
      ပခုံးပေါ်ကဟာကြီးသွားပို့လိုက်မယ် 🙂

  • မြစာကလေး (23122011)

    September 13, 2014 at 1:55 pm

    မောင်ရာဇာ သုဘ ရယ်
    ရွာထဲ ဝင်ပြီး အကျိုးတော်ဆောင်ပေးတာ ကျေးဇူးကြီးပါ။

    သို့ပေသည့် ဒီ ရွာက တောသွားရင် တောင်ရောက် သကွဲ့။
    အခုလဲ ကြည့်လေ မသာ ကနေ အပြာ ကို ငြင်းရပြီ ဟုတ်။
    ဒါလေး နဲ့ ဘဲ ရွာကြီး က လှ နေတော့တာ။ :-)))))

    ဒါထက်
    ဒီပွဲပြီး ရင် မင်း လဲ ပျောက်သွားဦးမယ်လား။ lol:-))

    • သုဘရာဇာ သံချောင်း

      September 13, 2014 at 2:53 pm

      မသာပေါ်တယ်ကြားရင် ပြန်လာမှာပေါ့ အန်တီစပဲရိုးရယ် 🙂

  • ကျောက်စိမ်း တိန်ညင်

    September 13, 2014 at 2:17 pm

    ဘရိန်း မမ်မိုရီ ဆိုလို့ …
    အလဂါး သဂျီးက ဘရွတ်ဝီလီရိုက်ထားတဲ့
    Surrogates ဆိုလား အဲ့ကားကြည့်ပီး ဆိတ်ကူးယဉ်နေတာ

    စကားမစပ် ဒါနဲ့ ဘယ်သူသေတုန်းဗျ ????
    တခါသားတော့ ရွာထဲက Change အုသျှောင် ဖပ်တီးကတ်ကြီး စေကား ပျန်ကောက်ရရင် ရွာထဲမယ်
    အလှူပွဲ
    မင်္ဂလာပွဲ
    တွေ့ဆုံပွဲ အဲ့လာဒွေ ပီးလို့ မသာပွဲပဲ ကျန်တော့တယ် ဆိုလားးးးး ငိ ငိ

    • မြစာကလေး (23122011)

      September 13, 2014 at 2:19 pm

      ရှင်ပြုပွဲ
      ပဇဉ်းတက်ပွဲ ကျန်သေးလယ်။
      သူကြီး နွဲ လိမ့်မယ်။
      မောင်ကျောက်စိမ်းခြစ်ကင်း ရော ပူးပေါင်းချင်လား။ lol:-)

    • သုဘရာဇာ သံချောင်း

      September 13, 2014 at 2:54 pm

      ဆြာကျောက်စိမ်း
      နောက်ကျနေတယ်နော်
      :mrgreen:

  • Myo Thant

    September 13, 2014 at 3:19 pm

    အချိန်နဲ့ တစ်ပြေးညီ ပြေးလာနိူင်တဲ့

    ရာဇာကြီးကိုတော့ ဘရာဗိုပါ ၊

    ဒါပေမယ့် ရွဲကုန်သည်ဇာတ်ထဲကလို ဆိုရရင်ဖြင့်

    ( အလာကောင်းပေမယ့် အခါနှောင်းပြီကွယ် )
    ( အလာကောင်းပေမယ့် အခါနှောင်းပြီကွယ် )

    အလောင်းပျောက်နေသတဲ့ဗျာ ၊ 🙂

    • သုဘရာဇာ သံချောင်း

      September 13, 2014 at 3:39 pm

      ဒီလိုရရိုးလားဗျာ
      စားရိတ်တော့ပြန်ရှာသွားမှာပေါ့ :mrgreen:

  • alinsett

    September 15, 2014 at 9:26 am

    ဖတ်ရင်းနဲ့တောင် ငုတ်တုတ်ကြီး တေဂျင်ဇိတ် ပေါက်သွားတယ်။
    ဂွစ်စ်ဂွစ်စ်

    ဖွေးဖွေးဂို ဖက်ပြီး သေလိုက်ရရင် အရသာ ရှိမယ်ထင့်

    :mrgreen:

Leave a Reply