တရိပ်​ရိပ်​နဲ့ တက်​လာတဲ့​ဝေဒနာက
ကိုယ့်​ရဲ့အား​ပေး​ဖော်​လား
မေတ္တာ အစစ်​အမှန်​ကဘယ်​မှာ
သံ​ယောဇဉ်​က​ရော​အေးမြရဲ့လား
ပူ​လောင်​​နေ တဲ့ စိတ်​မှာ​တော့
ကိုယ့်​လိပ်​ပြာ​လေးငို​နေတယ်​မိုင်
တကယ်​​တော့ကိုယ်​ရူးတယ်​လို့ပဲဆိုချင်​ဆို
ကိုယ်​ဟာ
အတ္တ တစ်​ခုကိုဦးစား​ပေးသူပါ မိုင်
နှစ်​​ယောက်​တူတူ​လျှောက်​ခဲ့​ပေမယ့်
လမ်း​တွေက ပြဒါးနဲ့ သံ​လေ
မိုင်​ ဦး​နှောက်​သုံးပြီး ​ရွေးချယ်​ခဲ့တုန်းက
ကိုယ့်​အတ္တ​တွေ ခါးခဲ့တယ်​။
အရိပ်​​တွေဟာ
ကိုယ့်​စိတ်​ကို​နှောင့်​ယှက်​​နေတယ်​ မိုင်​။
အလွမ်း​တွေနဲ့ နွမ်း​ကြွေ​နေပြီပဲ
အနမ်း​တွေကိုမတမ်းတ​တော့ပါဘူး။
အဆုံးသတ်​ဘ၀ တခုမှာ ​တော့
ခပ်​စိမ်းစိမ်းပဲ​နေမယ်​မိုင်​။

အ​တွေး​လေး (ပြင်​ဦးလွင်​)
29-9-2014

About အတွေးလေး

athwe lay has written 11 post in this Website..

ကျွန်တော် စတုတ္ထနှစ် ဥပဒေမေဂျာ တက်ရန်စီစဉ်နေတယ်။စာတွေရေးမယ် ဖတ်မယ်။ဒါပေမယ့် အလုပ်တစ်ဖက်နဲ့မို့ အချိန်သိပ်မပေးနိုင်သေးတာကြောင့်ရေးအားရောဖတ်အားပါနည်းနေသေးပါတယ်။