ဒီနေ့ (4.10.14) ကျောက်မြောင်းက ကျနော့်ညီအိမ်ကို ဒါးကိုင် လူ ၃ ယောက် အနုကြမ်း ဝင်စီးပါတယ်
ညထဲက ပိုက်လုံးက တွယ်တက်ပြီး ဝရန်တာမှာ တံခါးဖွင့်မယ့် အချိန်ကို စောင့်နေတာ
ကံကောင်းချင်တော့ တညလုံး ဝရန်တာ တံခါး မဖွင့်မိဘဲ မနက် ၇:၃၀ မှာ ဆိုင်ဖွင့်ဖို့ ထွက်သွားကြပါတယ်
အိမ်ဖေါ် ကောင်မလေး ၂ ယောက်ပဲကျန်ခဲ့ပါတယ်
၈ နာရီလောက်မှာ အဝတ်လှမ်းဖို့ ဝရန်တာ တံခါး ဖွင့်လိုက်တာနဲ့ ဒါးနဲ့ထောက်ပြီး အိမ်ထဲဝင် မွှေနှောက်ပါတယ်
နေ့လည် ၂ နာရီလောက်မှာ ညီရဲ့ သား။ သမီး။ တူ နဲ့ ပန်းထိမ်ဆရာတယောက် အိမ်ပြန်လာပါတယ်
ပထမဆုံး ဝင်သွားတဲ့ ၂ ယောက်ကို ဒါးထောက်ပြီး ဖမ်းထားလိုက်ပါတယ် နောက်ကျတဲ့ ၂ ယောက်ကတော့ ပြန်လှည့်ပြေးလို့ လွတ်သွားပါတယ်
အဲဒီတော့မှ ဓမြတွေလဲ ထွက်သွားပါတော့တယ် အမှုဖွင့်ထားပါတယ်

ကိုယ့်အိမ် လုံခြုံရေး ဂရုစိုက်ကြပါ

About Zaw Aung

Zaw Aung has written 48 post in this Website..