ပတ္တမြားမြေသို့အလည်တစ်ခေါက်ပို့စ်ရဲ့ အဆက်ဖြစ်ပါတယ်။
ဓါတ်ပုံတွေများလို့ ၂ ပိုင်း ခွဲလိုက်တာပါ။

ပတ္တမြားစေတီတောင်ပေါ်ကနေ မြင်ရတဲ့ မိုးကုတ်မြို့က အလွန်လှပါတယ်။

ပုံ (၁) မိုးကုတ်အလှ

ပုံ (၁) မိုးကုတ်အလှ

ပုံ (၂) မိုးကုတ်အလှ

ပုံ (၂) မိုးကုတ်အလှ

ပုံ (၃) ချမ်းသာကြီးဘုရား

ပုံ (၃) ချမ်းသာကြီးဘုရား

ပုံ (၄) မိုးကုတ်မြင်ကွင်း

ပုံ (၄) မိုးကုတ်မြင်ကွင်း

ပုံ (၅) အမြင်ဒေါင့်မျိုးစုံကနေ ကြည့်မယ်

ပုံ (၅) အမြင်ဒေါင့်မျိုးစုံကနေ ကြည့်မယ်

ပုံ (၆) ကြည့်လို့ မ၀နိုင်

ပုံ (၆) ကြည့်လို့ မ၀နိုင်

နေ့လည်စာ စားပြီးတဲ့အချိန်မှာ ဖောင်တော်ဦးဘုရားဆီကို သွားခဲ့ပါတယ်။ ဖောင်တော်ဦးဆိုတော့ ကန်အစပ်မှာရှိမယ်လို့ ထင်ခဲ့ပေမယ့် မဟုတ်ပါဘူး။ ဒီအတိုင်း မြို့ထဲမှာပဲ ရှိပါတယ်။ ပုံတွေကြည့်လိုက်ကြပါအုန်း။

ပုံ (၇) တန်ဆောင်းကြီးတစ်ခုထဲမှာ ကိုးကွယ်ထားသော ဖောင်တော်ဦးဘုရား

ပုံ (၇) တန်ဆောင်းကြီးတစ်ခုထဲမှာ ကိုးကွယ်ထားသော ဖောင်တော်ဦးဘုရား

ပုံ (၈) ဘုရားအနောက်ဘက်မှာတွေ့ခဲ့ရတဲ့ ရွှေပလ္လင်

ပုံ (၈) ဘုရားအနောက်ဘက်မှာတွေ့ခဲ့ရတဲ့ ရွှေပလ္လင်

ပုံ (၉) ငွေပလ္လင်

ပုံ (၉) ငွေပလ္လင်

ပုံ (၁၀) ဓါတ်ပုံကို ဓါတ်ပုံ ပြန်ရိုက်ခဲ့တာ

ပုံ (၁၀) ဓါတ်ပုံကို ဓါတ်ပုံ ပြန်ရိုက်ခဲ့တာ

ပုံ (၁၁) လှပသော လက်ရာ

ပုံ (၁၁) လှပသော လက်ရာ

ပုံ (၁၂) ခမ်းနားထည်ဝါသော

ပုံ (၁၂) ခမ်းနားထည်ဝါသော

ပုံ (၁၃) စောင်းတန်းပုံစံက အမြင်ဆန်းနေတယ်

ပုံ (၁၃) စောင်းတန်းပုံစံက အမြင်ဆန်းနေတယ်

ပုံ (၁၄) လူသားအစစ်နဲ့ ခွဲမရအောင်တူတဲ့ ရုပ်ထု

ပုံ (၁၄) လူသားအစစ်နဲ့ ခွဲမရအောင်တူတဲ့ ရုပ်ထု

ဖောင်တော်ဦးဘုရားကနေ မြို့လည်ကို လှမ်းမြင်ရပါတယ်။ ထူးခြားတာကတော့ မိုးကုတ်ဈေးပါ တြိဂံပုံ သဏ္ဍာန် တည်ထားပါတယ်။

ပုံ (၁၅) မိုးကုတ်မြို့တွင်း

ပုံ (၁၅) မိုးကုတ်မြို့တွင်း

ပုံ (၁၆) ဈေးကို မြင်ရမယ်

ပုံ (၁၆) ဈေးကို မြင်ရမယ်

မိုးကုတ်က အပြန်မှာတော့ လာလမ်းဖြစ်တဲ့ ပြင်ဦးလွင် မိုးကုတ်လမ်းကို ပြန်မသွားပဲနဲ့ သပိတ်ကျင်း မန္တလေးလမ်းကနေ ပြန်ခဲ့ပါတယ်။ မိုးကုတ် မန္တလေး ၁၂၆ မိုင်ရှိပါတယ်။ သပိတ်ကျင်းအထိ မိုင် (၄၀) လောက် တောင်တက်လမ်း အကွေ့လမ်းတွေရှိပေမယ့် သပိတ်ကျင်းကျော်သွားရင် မြေပြန့်ဖြစ်သွားပါပြီ။ အသွားအလာပိုများပါတယ်။ ပြင်ဦးလွင်လမ်းကတော့ လုံခြုံမှုမရှိဘူးလို့သိခဲ့ရတယ်။ သူပုန်တွေရှိပြီး တစ်ခါတစ်လေ ဓါးမြထွက်တိုက်တတ်တယ်တဲ့။ တိုက်ပွဲဖြစ်ခဲ့ဘူးတယ်လို့လဲ သိခဲ့ရတယ်။ အသွားတုန်းက ဘာမှမသိလို့ မကြောက်ပဲ သွားခဲ့ပေမယ့် အန္တရယ်ရှိတယ်လို့ သိလိုက်ရပြီးတဲ့အချိန်မှာတော့ မပြန်ရဲတော့ပဲနဲ့ အသွားအလာများတဲ့ သပိတ်ကျင်းလမ်းကို ရွေးလိုက်ပါတယ်။ (၄) နာရီလောက်ပဲ ကြာမယ်လို့ ထင်ထားခဲ့ပေမယ့် တကယ်တမ်းသွားကြည့်တော့ ၆ နာရီတောင်ကြာခဲ့ပါတယ်။ တောင်ပေါ်လမ်းက ပြင်ဦးလွင်လမ်းလောက် မကောင်းတာရော၊ ကားအသွားအလာများကို အရှောင်အတိမ်းများတာရောကြောင့်ပါ။ မိုးကုတ်အနောက်ပြင်ဘက်ကနေ သွားခဲ့ရတယ်။ မြို့အထွက်မှာ ရွှေလိပ်ပြာဟိုတယ်နဲ့ လှပတဲ့ ရှုခင်းတွေ မြင်ခဲ့ရတယ်။

ပုံ (၁၇) ရွှေလိပ်ပြာဟိုတယ်

ပုံ (၁၇) ရွှေလိပ်ပြာဟိုတယ်

ပုံ (၁၈) view point တစ်နေရာ

ပုံ (၁၈) view point တစ်နေရာ

ပုံ (၁၉) ဟိုတယ်နေရာယူထားတာလေးကောင်းတယ်

ပုံ (၁၉) ဟိုတယ်နေရာယူထားတာလေးကောင်းတယ်

ပုံ (၂၀)

ပုံ (၂၀)

ပုံ (၂၁)

ပုံ (၂၁)

မိုးကုတ်မြို့ကို နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ် …..

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....