ခေတ်မီဖွံ့ဖြိုးတိုးတက်နေတယ်ဆိုတဲ့ စကားလုံးက ကြားနေကျမို့ ထူးပြီးတော့ ဆန်းတယ် မထင်သလို ………..
ထူးခြားပြောင်းလဲလာဖို့လည်း မျှော်လင့်မထားပါဘူး။

ဒါပေမယ့် တကယ့်ကို လက်တွေ့ကျကျ ပြောင်းလဲတိုးတက်နေတာတွေကိုတွေ့လာရတော့လည်း တခြားသူတွေပါ သိစေချင်မိပါတယ်။

ဗဟိုအမျိုးသမီးဆေးရုံကြီးသို့တစ်ခေါက်…………… myanmargazette.net/202209
ဆိုပြီး ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ အရင်တုန်းကလို မဟုတ်ပဲ အများပြည်သူအားကိုးအားထားပြုနိုင်လောက်အောင် ပြောင်းလဲနေတာကို ရေးခဲ့ပါသေးတယ်။

အခုလည်း ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံရဲ့ လက်ထောက်ဆေးရုံအုပ် (ထင်တာပဲ) ဒေါက်တာဆန်းလင်းရဲ့ ဖေ့စ်ဘုတ်ကတဆင့် စိတ်ကျန်းမာရေးဆေးရုံက လူနာတွေကို ပြုစုကုသတဲ့နေရာမှာ ပြောင်းလဲတိုးတက်တာတွေ အများကြီး သိရလို့ ၀မ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။

လှုပ်ရှားတွေကို အမြဲတင်ပေးနေတဲ့ ဒေါက်တာဆန်းလင်း ရဲ့ တိုင်းမ်လိုင်းကတစ်ခုကို ပြရရင်……..

(Souvenir Shop (unit-2 ) ၀င်ငွေရတော့
အလုပ်တူတူဝိုင်းလုပ်ပေးသူ(လူနာ)တွေကို ဘဲသားဟင်းချက်ကြွေးမယ်ဆိုတော့၊ ထမင်းနဲ့ဟင်းက စားနေကြတဲ့ ခေါက်ဆွဲကြော် အသားများများနဲ့ကြော်ပေးပါတဲ့၊တယောက်က ခေါက်ဆွဲ တစ်ပိဿာကို ၀က်သား ၃-ပိဿာ နဲ့ကြော်ကြွေးတဲ့ ဒါမှ အသားများမှာတဲ့လေ –
ခေါက်ဆွဲကြော် စားချင်တဲ့သူ လက်ညိုးထောင်လို့ဆိုတော့ မြင်တဲ့အတိုင်းပဲ – sister ဒေါ်သိဂီ က ဗုဒ္ဓဟူးနေ့ကျရင် ကြော်ကြွေးမယ်တဲ့.. ဟေး)

ဟေးးးးးးးးးးးးး

ဟေးးးးးးးးးးးးး

(Sun Lin ခေါက်ဆွဲ ၇ ပိဿာ ကို ၀က်သား ၃ ပိဿာ နဲ့ ကြော် ပြီးကြွေးလိုက်တယ်။)

အားရပါးရ စားလိုက်ကြ

အားရပါးရ စားလိုက်ကြ

ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံရဲ့ လှုပ်ရှားမှုတွေကို သိချင်ရင် ဒေါက်တာဆန်းလင်း (Sun Lin) ရဲ့ ဖေ့စ်ဘုတ်မှာ ၀င်ကြည့်နိုင်ကြပါတယ်။

တခါတုန်းက စကားကြုံရင်း မိတ်ဆွေတစ်ယောက်က

အမှိုက်ဆိုတာ ဘာလဲလို့ မေးလာပါတယ်။

အသုံးမ၀င်လို့ စွန့်ပစ်တာ အမှိုက်ပေါ့….

လို့ ပြန်ပြောတော့
မှားနေတယ်.. တဲ့လေ။

သူ့နေရာနဲ့သူ မရှိတာ အမှိုက်

တဲ့။

ပစ္စည်းတစ်ခုဟာ သူအသုံးဝင်မယ့်နေရာမှာရှိနေရင် တန်ဖိုးရှိပြီး
သူ့ကိုမလိုအပ်တဲ့ အခြားနေရာကို ရောက်သွားရင် အမှိုက်ဖြစ်သွားတယ် လို့ ပြောပါတယ်။

ဥပမာအားဖြင့် အရေးကြီးတဲ့ စာရွက်စာတမ်းတစ်စောင်ကို မသိတဲ့သူက သာမန်စာရွက်ဟောင်းတစ်ရွက်လို့ထင်ပြီး လွှင့်ပစ်တာမျိုး ပေါ့။

ကိုယ်တိုင်က ဂေါက်ကလပ်ဝင်ပီပီ၊ အပျိုကြီးပီပီ ကပ်စေးနဲ ကုပ်ကုပ်စပ်တတ်တဲ့ ၀ါသနာဗီဇက ပြင်မရပါဘူး။

အနုပညာသမားတွေ ဆိုင်းသံကြားရင် က ချင်သလို………..
အစားအစာတွေ၊ ရေတွေ ပစ်စလက်ခတ် သွန်ပစ် စွန့်ပစ်နေတာတွေ့ရင် မနေနိုင် မထိုင်နိုင်နဲ့ စိတ်ထဲမှာ ခိုးလိုးခုလု ဖြစ်ရပါတယ်။

အဲဒါကြောင့်ပဲ အလဟဿ လွှင့်ပစ်ပြီး ဆုံးရှုံးရမှာတွေကို ချွေတာရင်ပဲ အကုန်အကျအများကြီး သက်သာပြီး (၀င်ငွေတိုးသလို) ငွေပိုငွေလျှံထွက်လာနိုင်တယ်ဆိုတာကို ချွေတာရေးနဲ့ ငွေရှာရေး http://myanmargazette.net/59288 မှာ ရေးထားခဲ့ဘူးတယ်။

ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံရဲ့ လှုပ်ရှားမှုတစ်ခုဖြစ်တဲ့ ကော်ဖီမစ်အိတ်ခွံလေးတွေကို Recycle လုပ်ပြီး လူသုံးကုန်ပစ္စည်းလေးတွေ ထုတ်လုပ်တာရှိပါတယ်။

လွှင့်ပစ်ရမယ့် ကော်ဖီမစ်အိတ်ခွံလေးတွေကို အမှိုက်ဆိုတဲ့ တန်ဖိုးမရှိတဲ့အဖြစ်ကနေ တန်ဖိုးရှိအောင်လုပ်နိုင်တာမို့ အမှိုက်က ရွှေဖြစ်တဲ့လုပ်ငန်းလေးကို
အင်မတန်သဘောကျပြီး အားပေးချင်ပါတယ်။

အဲဒါကြောင့် ကော်ဖီမစ်အိတ်ခွံလေးတွေကို ဒေါက်တာဆန်းလင်းရဲ့ ဖေစ့်ဘုတ်မှာ အလှူ ခံနေတာကို အားလုံးသိအောင် မျှဝေပေးပါတယ်။

ပန်းနန်းအိမ်ဖောင်ဒေးရှင်း၏ လက်မှုသင်တန်းတွင် ကော်ဖီမစ်ထုပ်အခွံလေးများအား recycling လုပ်ပြီး အသုံးတည့်မည့် ခိုင်ခံ့လှပသည့် လူ့အသုံးအဆောင် ပစ္စည်း များ ပြန်လည်ပြုလုပ်သည့် နည်းပညာ လာသင်ပေးလို့ –
ဒီအိပ်ခွံလေးတွေ ဟာ တော်ရုံနဲ့ မပျက်စီးတတ်ပါ အဲ့ဒါကြောင့် ခိုင်ခံ့တယ်- ပြီးတော့ လှလဲလှတယ် –
သဘာဝ ၀န်းကျင်ထိမ်းသိမ်းရေး ကိုလည်း ကိုယ့်လူတွေက တတပ်တအားပေါ့ –
* ညီညီညာညာ[ကတ်ကြေးနဲ့ညှပ်]ဖောက်ထားပြီး သန့်ပြန့်တဲ့ ကော်ဖီမစ်အိပ်ခွံ/နို့မှုန့်အိပ်ခွံ လေးများ လိုချင်ပါတယ်- လုပ်ငန်းနည်းပြဌာန – စိတ်ကျန်မားရေးဆေးရုံကြီး *

(ဒေါက်တာဆန်းလင်း ဖေ့စ်ဘုတ်က ကူးလာတာ)

ကိုယ်သုံးပြီး စွန့်ပစ်ရမယ့် အမှိုက် ( ကော်ဖီမစ်အိတ်ခွံ) လေးတွေကို စုဆောင်းပြီး လှူ ဒါန်းခြင်းဖြင့်…….

ကိုယ်တိုင်လည်း အမှိုက်ပစ်ရတာ သက်သာတယ်။
တပါးသူအတွက်လည်း လူသုံးကုန်လေးပစ္စည်းလေးတွေရမယ်။
စိတ်ကျန်းမာရေးဆေးရုံအတွက် ၀င်ငွေလည်းရ၊
လူနာတွေကိုလည်း စိတ်အခြေအနေတိုးတက်စေတဲ့ ကုထုံးတစ်ရပ်ဖြစ်တယ်။
ဘယ်ဘက်ကကြည့်ကြည့် အကျိုးများတာချည်းပဲမို့………..

စုပေါင်း စုဆောင်း လှူ ဒါန်းခြင်းဖြင့် အားပေးကြပါစို့လား။ :)

About Ma Ma

Ma Ma has written 143 post in this Website..

ဗေဒင်ဆရာ မမေးပဲ နာမည်ပေးလိုက်မယ်။ သိပ္ပံမောင်ဝရဲ့ ခေတ်ဆန်းစာပေကို အားကျပြီး ရေးမိရေးရာ ရေးထားတဲ့ လက်စမ်းစာပေလို့။ THAKHIN CJ #8212010 ( 5/2/2016)