မုံရွာမြို့ရောက်ရင် ကျောက်ကာရွှေဂူနီဘုရားဆီကို သွားဖူးဖြစ်ကြမှာပါ။ မုံရွာမြို့ထဲကနေ ၈ မိုင်ခန့်သာ ဝေးပါတယ်။ ကျွန်မတို့သွားဖြစ်တဲ့အချိန်က ညနေခင်းအချိန်မို့လို့ အေးချမ်းသာယာတယ်။ အဖိုးတန် ကျောက်သံပတ္တမြားများနဲ့ ရွှေသားများစွာရှိခြင်းကြောင့် အထူးစောင့်ရှောက်ထိန်းသိမ်းထားရတဲ့ ဘုရားတစ်ဆူဖြစ်ပါတယ်။

ရွှေဂူနီဘုရား

ရွှေဂူနီဘုရား

ဘုရားကြီးကို ငုံထားသောစေတီ

ဘုရားကြီးကို ငုံထားသောစေတီ

ဘုရားဇောင်းတန်း

ဘုရားဇောင်းတန်း

သန့်ရှင်း သပ်ယပ် ခန့်ထည်စွာ

သန့်ရှင်း သပ်ယပ် ခန့်ထည်စွာ

ကျောက်ကာဆိုတာနဲ့ တစ်ဆက်ထဲ နံမည်ကြီး ထန်းဇလုပ်ရေတံခွန်စခန်းကို သတိရကြမှာပါ။ ကျောက်ကာညနေခင်း ကျောက်ကာသူတွေ ရေခပ်ဆင်းတဲ့အကြောင်း သီချင်းရှိခဲ့ပြီး အလွန်ကျော်ကြားခဲ့ဖူးပါတယ်။ ကျောက်ကာသူတွေအလွန်ချော အလွန်လှတဲ့အကြောင်း ကျောက်တောင်တွေကြားက ရေတံခွန်ထဲမှာ ရေချိုးဆင်းပုံတွေကို ရေးစပ်ထားခဲ့တဲ့သီချင်းကြောင့် ဘယ်လိုနေရာမျိုးနဲ့ ဘယ်လိုများချောမောလှပလဲဆိုတာ သိချင်လောက်အောင် စွဲဆောင်မှုရှိခဲ့ဖူးပါတယ်။ ရုပ်ရှင်ထဲမှာ ပါခဲ့တဲ့ နေရာတစ်ခုမို့လို့လဲ အပြင်မှာ မြင်ချင်မိပါတယ်။ တစ်ခါမှ မရောက်ဖူးသေးလို့ ဒီတစ်ခါတော့ သေချာမေးမြန်းပြီး သွားကြည့်ဖြစ်ခဲ့တယ်။ တော်ရုံနဲ့ မရောက်ဖြစ်ကြတဲ့ ထန်းဇလုပ်ရေတံခွန်စခန်းရဲ့ ညနေခင်းအချိန်ကို ဓါတ်ပုံမှတ်တမ်းတင်ဖြစ်ခဲ့ပါတယ်။

နေတော်တော်စောင်းနေပြီ

နေတော်တော်စောင်းနေပြီ

ရေကစားတဲ့သူတွေရှိတယ်

ရေကစားတဲ့သူတွေရှိတယ်

ရေတံခွန်ကတော့ ခပ်သေးသေးပဲ ရှိတော့တယ်

ရေတံခွန်ကတော့ ခပ်သေးသေးပဲ ရှိတော့တယ်

ရေသိပ်မကြည်ပေမယ့် အေးနေမယ့်ပုံပဲနော်

ရေသိပ်မကြည်ပေမယ့် အေးနေမယ့်ပုံပဲနော်

ကလေးတွေ ရေလွှာလျှောစီးလုပ်နေကြတယ်

ကလေးတွေ ရေလွှာလျှောစီးလုပ်နေကြတယ်

ကြိုးတံတားလေးတစ်ခု ..

ကြိုးတံတားလေးတစ်ခု ..

ဇွန်းနဲ့ စွဲကြည့်ထားတာ

ဇွန်းနဲ့ စွဲကြည့်ထားတာ

ကျောက်သားတွေက အလွှာလိုက်ဖြစ်နေသလိုမျိုး

ကျောက်သားတွေက အလွှာလိုက်ဖြစ်နေသလိုမျိုး

ကျောက်ဆောင်ကြီးတွေလို

ကျောက်ဆောင်ကြီးတွေလို

ရေနဲနဲပဲ ကျန်တော့တယ်

ရေနဲနဲပဲ ကျန်တော့တယ်

သဘာဝတရားက ဆန်းကြယ်တယ်

သဘာဝတရားက ဆန်းကြယ်တယ်

view မျိုးစုံက ရိုက်ကြည့်တယ်

view မျိုးစုံက ရိုက်ကြည့်တယ်

ဘယ်လိုကြည့်ကြည့် လှပနေတာပဲ

ဘယ်လိုကြည့်ကြည့် လှပနေတာပဲ

တစ်ချို့နေရာမှာ ရေနောက်နေတယ်

တစ်ချို့နေရာမှာ ရေနောက်နေတယ်

ငါးခေါင်းပုံကျောက်တုံးနဲ့ စေတီလေး

ငါးခေါင်းပုံကျောက်တုံးနဲ့ စေတီလေး

စေတီလေးက ပြုတ်ကျတော့မယ်

စေတီလေးက ပြုတ်ကျတော့မယ်

ဒီဖက်မှာတော့ ရေကြည်နေသား

ဒီဖက်မှာတော့ ရေကြည်နေသား

ညနေခင်းက စိတ်အေးချမ်းမှုကို ဖြစ်ပေါ်စေတယ်။

ညနေခင်းက စိတ်အေးချမ်းမှုကို ဖြစ်ပေါ်စေတယ်။

ဒီပို့စ်မှာ ဓါတ်ပုံကို ဦးစားပေးထားပါတယ်။

ဇာတ်လမ်းနဲ့ သမိုင်းကြောင်း သိသူများရှိရင် ကွန်မန့်ကနေ ရေးပေးပါလို့ တောင်းဆိုချင်ပါတယ် ..

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....