အိမ်​ပြန်​ဖို့
မီးအိမ်​တစ်​လုံးမရှိ​သေးဘူး
အိပ်​​ပျော်​ဖို့
က​စော်​နံ့နဲ့မယဉ်​ပါး​သေးဘူး
အောင်​မြင်​ဖို့
ပလက်​​ဖောင်းနဲ့အဖက်​မလုပ်​တတ်​​သေးဘူး
ရယူဖို့
အိုဘားမားနဲ့မ​ပေါင်းဖြစ်​​သေးဘူး
ပေးဆပ်​ဖို့
ခန္ဓာကိုယ်​အမှားကိုမဖတ်တတ်​​သေးဘူး
ချဲ့ထွင်​ဖို့ ဆံသဆိုင်​မမြင်​ဖူးဘူး
ညံပုံက
ကစ်​စမီပန်း​တွေသာ အထပ်​လိုက်​ပွင့်​​နေကြတယ်
ငါ
အချစ်​ကိစ္စကို
တစ်​ချက်​တည်းနဲ့ကျင်းဝင်​​အောင်
မရိုက်​တတ်​​သေးဘူး
အေး​လေ
ငါ့နာမည်​မှာ
ရုပ်​ရှင်​မင်းသား​တွေနဲ့
နာမည်​တူတစ်​လုံး​တောင်​မပါခဲ့တာကိုက
အညံ့နဲ့တာထွက်​ခဲ့ရသူပါ
ကိုစစ်

ko six

About ko six

ko six has written 94 post in this Website..

ဘဝဆိုတာ အပိုင်းနှစ်ပိုင်းနဲ့ရွေ့နေတဲ့ ဂေါက်သီး။ ရယူမှာလား။ ပေးဆပ်မှာလား။ အဲ နှစ်ခုစလုံးတော့ကြုံရမယ်။ ဘယ်ဟာကို အရင်ကြုံချင်လဲဆိုတာမှာ လူတော်လူညံ့ကွဲကုန်တာ။ CJ # 1122014