မုံရွာခရီးအကြောင်းမှာ သမ္ဗုဒ္ဓေဘုရားကို နောက်ဆုံးမှ တင်ဖြစ်ခဲ့တာကတော့ ဓါတ်ပုံတွေကို စိတ်တိုင်းမကျခဲ့လို့ .. အဲဒီနေရာကို ကိုယ်တိုင်ရောက်သွားသလို ခံစားရအောင် ပုံဖော်ပေးချင်တဲ့စိတ်နဲ့ စဉ်းစားခဲ့ပေမယ့် တကယ်တမ်းကြိုးစားကြည့်တော့ ရှင်းပြရခက်နေခဲ့ပါတယ်။ အဲဒါကြောင့် ဒီအတိုင်းပဲ ဖိုတိုအက်ဆေးလိုပဲ တင်လိုက်ပါတော့မယ် ..

မုံရွာမြို့ကနေ ၄ မိုင်လောက်ပဲ ကွာဝေးပါတယ်။ ဗောဓိတစ်ထောင်ဆီကိုဖြတ်လမ်းရှိပြီး ၇ မိုင်ပဲ ဝေးတယ်လို့ သိရပါတယ်။ လမ်းတွေအတော်ကောင်းနေပါပြီ။ ကျွန်မအတွက် ၄ ကြိမ်မြောက်ရောက်ဖူးခဲ့တာဖြစ်လို့ တစ်ကြိမ်နဲ့တစ်ကြိမ် ပိုပြီးတောက်ပလာတာကို သတိထားမိလိုက်တယ်။ အရောင်တွေစပ်ထားပုံနဲ့ အဆောက်အဦးလက်ရာကတော့ တခြားဘုရားတွေနဲ့မတူပဲ တမူထူးခြားနေပါတယ်။

ပုံ (၁) ရောက်ရောက်ခြင်း အပေါက်ဝမှာ စတွေ့တာက ဆေးခန်းတစ်ခုရဲ့ ၀င်ပေါက် .. ကျားပုံတွေနဲ့မို့ ကြည့်လိုက်တော့ ကျားဘမ်းပရုတ်ဆီက လှူခဲံတာတဲ့ ..

ပုံ (၁) ရောက်ရောက်ခြင်း အပေါက်ဝမှာ စတွေ့တာက ဆေးခန်းတစ်ခုရဲ့ ၀င်ပေါက် .. ကျားပုံတွေနဲ့မို့ ကြည့်လိုက်တော့ ကျားဘမ်းပရုတ်ဆီက လှူခဲံတာတဲ့ ..

ပုံ (၂) မုခ်ဦးပေါက်ကနေ ၀င်ကြည့်လိုက်တဲ့အခါ ခမ်းနားထည်ဝါသောအဆောက်အဦးတစ်ခု .. (အပေါက်ဝမှာ တရုတ်ကြီးပုံထုထားတယ်)

ပုံ (၂) မုခ်ဦးပေါက်ကနေ ၀င်ကြည့်လိုက်တဲ့အခါ ခမ်းနားထည်ဝါသောအဆောက်အဦးတစ်ခု .. (အပေါက်ဝမှာ တရုတ်ကြီးပုံထုထားတယ်)

ပုံ (၃) အနီးဆုံးအပေါက်က စ၀င်ခဲ့လိုက်တယ်

ပုံ (၃) အနီးဆုံးအပေါက်က စ၀င်ခဲ့လိုက်တယ်

ပုံ (၄) အထဲကို ၀င်ချင်ရင် ကြိုက်တဲ့အပေါက်က ၀င်လို့ရပါတယ်

ပုံ (၄) အထဲကို ၀င်ချင်ရင် ကြိုက်တဲ့အပေါက်က ၀င်လို့ရပါတယ်

ပုံ (၅) လက်ရာတွေက တော်တော်အနုစိပ်တယ်

ပုံ (၅) လက်ရာတွေက တော်တော်အနုစိပ်တယ်

ပုံ (၆) အပြင်မှာ တွေ့တာတွေကို ဟိုရိုက်ဒီရိုက်ပဲ ..

ပုံ (၆) အပြင်မှာ တွေ့တာတွေကို ဟိုရိုက်ဒီရိုက်ပဲ ..

ပုံ (၇) အထဲကို ၀င်လိုက်ပါပြီ

ပုံ (၇) အထဲကို ၀င်လိုက်ပါပြီ

ပုံ (၈) ဘုရားတွေ အများကြီးပဲ

ပုံ (၈) ဘုရားတွေ အများကြီးပဲ

ပုံ (၉) ဒေါင့်စုံအောင် ရိုက်ပြချင်လို့ ..

ပုံ (၉) ဒေါင့်စုံအောင် ရိုက်ပြချင်လို့ ..

ပုံ (၁၀) ဒါမျိုးတွေ အများကြီးပဲ

ပုံ (၁၀) ဒါမျိုးတွေ အများကြီးပဲ

ပုံ (၁၁) ဘုရားလေးတွေ ၀ယ်လှူလို့ရတယ်

ပုံ (၁၁) ဘုရားလေးတွေ ၀ယ်လှူလို့ရတယ်

ပုံ (၁၂) အရွယ်အစားမျိုးစုံ ၀ယ်လှူလို့ရပါတယ်

ပုံ (၁၂) အရွယ်အစားမျိုးစုံ ၀ယ်လှူလို့ရပါတယ်

ပုံ (၁၃) အပြင်ကနေ ပြန်ကြည့်တယ်

ပုံ (၁၃) အပြင်ကနေ ပြန်ကြည့်တယ်

ပုံ (၁၄) အနီးကပ်လဲ ကြည့်လိုက်သေးတယ်

ပုံ (၁၄) အနီးကပ်လဲ ကြည့်လိုက်သေးတယ်

ပုံ (၁၅) အရောင်စပ်တာ တော်လိုက်တာနော် ..

ပုံ (၁၅) အရောင်စပ်တာ တော်လိုက်တာနော် ..

ပုံ (၁၆) ဒါက တစ်နေရာ (ပန်းရောင်လေးမို့ ကျွန်မတော်တော်ကြိုက်ခဲ့တယ်)

ပုံ (၁၆) ဒါက တစ်နေရာ (ပန်းရောင်လေးမို့ ကျွန်မတော်တော်ကြိုက်ခဲ့တယ်)

ပုံ (၁၇) စာကိုဖတ်ကြည့်ပါ .. ထူးခြားလို့ မှတ်တမ်းတင်ခဲ့ပါတယ်

ပုံ (၁၇) စာကိုဖတ်ကြည့်ပါ .. ထူးခြားလို့ မှတ်တမ်းတင်ခဲ့ပါတယ်

ပုံ (၁၈) လျှောက်ကြည့်ချင်စရာ ..

ပုံ (၁၈) လျှောက်ကြည့်ချင်စရာ ..

ပုံ (၁၉) မိုးညှင်းဆရာတော်ဘုရားကြီးပြခန်းထဲမှ ဆရာတော့်ပုံတော်

ပုံ (၁၉) မိုးညှင်းဆရာတော်ဘုရားကြီးပြခန်းထဲမှ ဆရာတော့်ပုံတော်

ပုံ (၂၀) အတွင်းဘက်မှာလဲ ဘုရားတွေ ရှိသေးတယ်

ပုံ (၂၀) အတွင်းဘက်မှာလဲ ဘုရားတွေ ရှိသေးတယ်

ပုံ (၂၁) အရောင်သိပ်မတောက်ဘူး

ပုံ (၂၁) အရောင်သိပ်မတောက်ဘူး

ပုံ (၂၂) ဆေးရောင်ခပ်မှိန်မှိန်ပေမယ့် စွဲဆောင်မှုရှိပါတယ်

ပုံ (၂၂) ဆေးရောင်ခပ်မှိန်မှိန်ပေမယ့် စွဲဆောင်မှုရှိပါတယ်

ပုံ (၂၃) စိတ်ဝင်စားစရာလက်ရာ

ပုံ (၂၃) စိတ်ဝင်စားစရာလက်ရာ

ပုံ (၂၄) လက်ရာတွေကတော့ ခပ်ဆန်းဆန်းပဲ ..

ပုံ (၂၄) လက်ရာတွေကတော့ ခပ်ဆန်းဆန်းပဲ ..

ပုံ (၂၅) ဘုရားဖူးလာသူတွေ တည်းခိုနိုင်တဲ့ အခမဲ့တည်းခိုခန်းတွေ ..

ပုံ (၂၅) ဘုရားဖူးလာသူတွေ တည်းခိုနိုင်တဲ့ အခမဲ့တည်းခိုခန်းတွေ ..

အားလုံးနှံ့အောင် လှည့်ကြည့်မယ်ဆိုရင်တော့ အနဲဆုံး (၁) နာရီလောက် အချိန်ယူရပါလိမ့်မယ် .. သမိုင်းကြောင်းလိုက်ပြောပေမယ့် ပန်းသည်ကလေးတွေရှိပါတယ် .. ကျွန်မကတော့ ဓါတ်ပုံရိုက်ဖို့သာ အာရုံများနေခဲ့တာမို့ နားမထောင်ဖြစ်ခဲ့ဘူး ..

အတွေးထဲမှာတော့ ချမ်းသာလိုက်ကြတာလို့ .. ဗိသုကာလက်ရာတွေလဲ ကောင်းလိုက်တာလို့ .. နိုင်ငံခြားသားခရီးသွားဧည့်သည်တွေကို စွဲဆောင်နိုင်တဲ့ နေရာတစ်ခုမို့လို့ ကျေနပ်အားရစိတ် ဖြစ်ခဲ့ပါတယ် …

ဒီပို့စ်နဲ့ပဲ မုံရွာခရီးစဉ်ကို အဆုံးသတ်လိုက်ပါတော့မယ် …

အားလုံးပဲ ကျမ်းမာ ချမ်းသာ ကြပါစေလို့ ဆန္ဒပြုရင်း ….

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....