စောင်းပြောရွာ၊ မြောင်းပေါရွာ၊ ဇောင်းတောရွာဆိုတဲ့

သုံးမည်ရတဲ့ ပုံပြင်လေးပါ ရွာသားတို ့ရေ..။

ဟိုးရှေးတုန်းက ရွာတစ်ရွာမှာ၊

အသိ ဆင်ခြင်တုံညဏ်နည်းပါးကြတဲ့သူတွေ နေထိုင်ကြတယ်တဲ့။

တစ်ဦးနဲ ့တစ်ဦး  ဖြောင့်ဖြောင့်မတ်မတ် မရှိကြဘဲ

စကားပြောရင်လည်း အစောင်းအငေါ့တွေနဲ ့ပြောဆိုတတ်ကြလို ့

စောင်းပြောရွာ ဆိုပီး  အမည်နာမ တွင်သတဲ့ ။

မေတ္တာတရား လည်း ခေါင်းပါးကြပြီး တစ်ယောက်ပေါ် တစ်ယောက်တွက်ကပ်ပြီး နေနေကြလို ့

ရွာလမ်းက ဆိုးပြီး ချိုင့်ဝှမ်းတွေ မညီမညာနဲ ့ မြောင်းတွေဖြစ်ပြီး မြောင်းတွေပေါလို ့

မြောင်းပေါရွာ ဆိုပီး ခေါ်ကြပြန်သတဲ့။

မကြာခဏ ဆိုသလို  ခြေချော်လဲပီး ထိခိုက် ဒဏ်ရာတွေရရှိကြသတဲ့ ။

အဲဒီရွာက ကံဆိုးချင်ပြန်တော့ ရာသီဥတုကလည်း ပူပြင်းပြီး တစ်ဇောင်းဆူးပင်တွေသာ ပေါလို ့

ဇောင်းတောကြီးဖြစ်နေလို ့ဇောင်းတောရွာလို ့လည်း ခေါ်ဝေါ်သမုတ် တွင်ပြန်သတဲ့။

အဲဒီရွာသားတွေ ထင်းရှာထွက်တာ ထင်းတော့ ရှာမရဘဲ၊

တဇောင်းဆူးပင်တွေကို  လွတ်အောင်မရှောင်နိုင်ကြလို ့ တဇောင်းဆူးတွေနဲ ့ ငြိပီး

အဆိပ်တက်တာ ကိုသာ ခံစားကြရတယ်တဲ့ ။။

ပုံပြင်လေးကိုကြည့်ရင်…

ဆင်ခြင်တုံတရားနည်းပါးတာ တွေ ့ကြရမှာပါ။

စောင်းပြောရွာ

မြောင်းပေါရွာ

ဇောင်းတောရွာ ဆိုပီး သုံးမည်ရတဲ့  ပုံပြင်လေးပါ ။။

About aye.kk

has written 247 post in this Website..