ထိုင်ဝမ်နိုင်ငံကို စတင်တည်ထောင်ခဲ့တဲ့ ချန်ကေရှိတ်ကို ထိုင်ဝမ်နိုင်ငံရဲ့ သူရဲကောင်းကြီးအဖြစ် ပြည်သူပြည်သားတွေက ချစ်ခင်လေးစား တန်ဖိုးထားကြပါတယ်။

အဲဒါကြောင့်ပဲထင်ပါရဲ့ ထိုင်ပေမြို့ရဲ့နေရာတော်တော်များများမှာ သူ့ရဲ့ရုပ်တုတွေကို တွေ့မြင်နိုင်ပါတယ်။

ပန်းခြံထဲက ချန်ကေရှိတ်ရုပ်တုအများကြီးထဲက တစ်ခု

 

သူတို့နိုင်ငံကို အလည်လာသူတွေကို အိမ်ရှင်တွေက တောင်ပေါ်မှာရှိတဲ့ ချန်ကေရှိတ်လဲလျှောင်းရာ ဂူဗိမ္မာန်ကို အမှတ်တရလိုက်ပို့လေ့ရှိကြပါတယ်။

ဗိမ္မာန်ဝင်းရဲ့ အ၀င်ဝမှာပဲ ချန်ကေရှိတ်ရုပ်တုကြီးကို ကြီးမားခန့်ညားစွာ တွေ့မြင်ရပါတယ်။

 

IMG_2283

ချန်ကေရှိတ်ဂူဗိမ္မာန်ထားတဲ့ တောင်ပေါ်က ရုပ်ထု

ဂူဗိမ္မာန်ရှိတဲ့နေရာကို တောလမ်းလေးအတိုင်း လမ်းလျှောက်ပြီး ၀င်ရပါတယ်။

CKS ဗိမ္မာန်အ၀င် တောလမ်းကလေး

CKS ဗိမ္မာန်အ၀င် တောလမ်းကလေး

လမ်းမှာ အင်းလေးကန်လို တောင်ပေါ်ရေကန်လေးကိုလည်း သာယာရွှင်မြူးဖွယ်ရာ တွေ့မြင့်ခဲ့ရပါသေးတယ်။

တောင်ပေါ်က ရေကန်

 

ချန်ကေရှိတ်ရဲ့ဂူဗိမ္မာန်ကို လူငယ်လက်ရွေးစင်တပ်သားတွေနဲ့ အစောင့်ချထားပါတယ်။

IMG_2372

 

အ၀င်ဝမှာ ရုပ်သေလို မလှုပ်မယှက်ရပ်နေရတဲ့ အစောင့်ရဲဘော်၂ယောက်ကို ၁နာရီတစ်ခါ အခမ်းအနားနဲ့ တာဝန်လဲပါတယ်။

IMG_2322

 

ပိတ်ရက်မို့ထင်ပါရဲ့။

အဲဒီတာဝန်လဲတဲ့အခမ်းအနားမီအောင် လာကြည့်ကြတဲ့ ဧည့်သည်တွေကလည်း အင်မတန်မှ များပြားလှပါတယ်။

IMG_2374

CKS ဗိမ္မာန်အ၀င်ဝ

ချန်ကေရှိတ်အုတ်ဂူကို ဓာတ်ပုံရိုက်ခွင့်၊ ၀င်ကြည့်ခွင့်မရှိပါဘူး။

အဆောက်အအုံအပြင်က ကော်ရစ်ဒါလမ်းအတိုင်းပဲ တန်းစီဝင်ကြည့်ရပါတယ်။

ချန်ကေရှိတ်လဲလျှောင်းရာနေရာ

ကော်ရစ်ဒါလမ်းလေးအတိုင်း တန်းစီဝင်ပြီး ကြည့်ရတယ်။

ဂါရ၀ပြုချင်သူတွေက အုတ်ဂူရှေ့ ကော်ရစ်ဒါကနေ ခေတ္တခဏ ဂါရ၀ပြုရုံအပြင် အကြာကြီး ရပ်နေလို့ မရပါဘူး။

အသွားတုန်းက အချိန်မီရောက်ချင်စိတ်နဲ့ အပြေးအလွှား  သွားလိုက်လို့ ပတ်ဝန်းကျင်အလှကို သတိမထားမိဘူး။

အပြန်လမ်းကျမှပဲ လမ်းတလျှောက် သာယာလှပအောင် ပြုပြင်ချယ်သထားတာတွေကို အေးအေးဆေးဆေး ငေးမောရပါတော့တယ်။

 

လမ်းဘေးမှာ အလှဆင်ထားတဲ့ ပန်းအိုးတွေ

လမ်းဘေးမှာ အလှဆင်ထားတဲ့ ပန်းအိုးတွေ

 

အဲဒီအချိန်မှာပဲ ကောင်းကင်ကို မော့ကြည့်မိလိုက်တော့ တိမ်တွေ က နေတာကို  ပျော်ရွှင်ဖွယ်ရာ တွေ့လိုက်ရတယ်။

ကောင်းကင်ကို မော့ကြည့်မိလိုက်တော့....

ကောင်းကင်ကို မော့ကြည့်မိလိုက်တော့….

 

ပြောင်းအကြီးအသေးသမားတွေ ရိုက်နေတာတွေ့လို့ လမ်းဘေးက ပန်းကလေးတွေကို အားကျမခံ ရိုက်လာခဲ့တယ်။

သူများရိုက်တာတွေ့လို့ ရိုက်လာတာ

သူများရိုက်တာတွေ့လို့ ရိုက်လာတာ

 

တောင်စောင်းတလျှောက်ပွင့်နေတာ ပန်းနံမည်တော့ မသိဘူး။

ပန်းနီနီ

ပန်းနီနီ

ပြန်အထွက်မှာတော့ သိပ်မဝေးလှတဲ့နေရာမှာ သာယာရှု့မောဖွယ်ရာ ပန်းခြံကြီးတစ်ခုကို တည်ဆောက်ထားပါတယ်။

IMG_2422

ပန်းခြံထဲမှာ အရက်အိုးတွေ အများကြီးနဲ့ အလှဆင်ထားတာတွေ့တော့ ရွာထဲက သမဂ္ဂ၀င်တွေကို လက်ဆောင်ပေးဖို့ သတိတရ ရိုက်လာခဲ့တယ်။

နယ်စည်းမခြားတွေအတွက်  အ၀သောက်ဖို့ လက်ဆောင်

နယ်စည်းမခြားတွေအတွက် အ၀သောက်ဖို့ လက်ဆောင်

ပန်းခြံထဲမှာ ရေမြောင်းလေးရယ်၊ မြောင်းကူးတံတားလေးရယ်က ဓာတ်ပုံရိုက်ချင်စရာနေရာလေးပေါ့။

 

လာလည်ကြတဲ့သူတွေ ဓာတ်ပုံရိုက်ကြတဲ့နေရာလေးပေါ့။

လာလည်ကြတဲ့သူတွေ ဓာတ်ပုံရိုက်ကြတဲ့နေရာလေးပေါ့။

ရေမြောင်းကူးတံတားလေးကနေ ရှေ့ဆက်သွားရင် ….

ပန်းခြံထဲမှာ သာသာယာယာ

ပန်းခြံထဲမှာ သာသာယာယာ

နိုင်ငံခေါင်းဆောင်များရဲ့ ရုပ်တုပေါင်းများစွာနဲ့ ဆင်ယင်ထားပါတယ်။

 

ရုပ်တုတွေက နေရာအစုံ ပုံစံအစုံ ရှိတယ်။

ရုပ်တုတွေက နေရာအစုံ ပုံစံအစုံ ရှိတယ်။

 

လူသွားလမ်းတလျှောက်မှာလည်း ရုပ်တု

လူသွားလမ်းတလျှောက်မှာလည်း ရုပ်တု

ပန်းခြံက ပြန်အထွက်မှာတော့ အဲဒီနေရာကထွက်တဲ့ သီးစုံယိုတွေကို အမှတ်တရ ရောင်းချပေးနေတဲ့ ဈေးဆိုင်တန်းရှိပါတယ်။

ပန်းခြံအထွက်က ဈေးဆိုင်တန်းကလေး

ပန်းခြံအထွက်က ဈေးဆိုင်တန်းကလေး

လျှောက်ရတာလည်း မောလောက်ပြီ။

နောက်တစ်နေရာကို နောက်တစ်ခေါက်ကျမှ ထပ်ခေါ်သွားပါအုံးမယ်။

 

ဒီတခေါက် ရိုက်လာတဲ့ ဓာတ်ပုံတွေ များလွန်းလို့ ပြချင်ပေမယ့်

ဒီက ကွန်နဲ့ဖြစ်မှဖြစ်ပါ့မလားလို့ စိတ်ပူနေတာ။

 

မောင်ဂီရေးခဲ့ဖူးတဲ့ အလီဘာဘာဆိုဒ်တည်ထောင်သူရဲ့ တရုတ်ပြည်က ကွန်မကောင်းတဲ့အခြေအနေကို ကျော်လွှားပုံလေး သတိရပြီး အဲဒီနည်းအတိုင်း ကျော်လွှားရေးသားထားလို့…………

မောင်ဂီကို ကျေးဇူးတင်ကြောင်း အမှတ်တရ ပြောချင်ပါတယ်။

 

အဲ- ပိုစ့်တစ်ပုဒ်ကို တစ်ပတ်လောက် ကြာတာပဲရှိတယ်။ :mrgreen:

 

 

About Ma Ma

Ma Ma has written 143 post in this Website..

ဗေဒင်ဆရာ မမေးပဲ နာမည်ပေးလိုက်မယ်။ သိပ္ပံမောင်ဝရဲ့ ခေတ်ဆန်းစာပေကို အားကျပြီး ရေးမိရေးရာ ရေးထားတဲ့ လက်စမ်းစာပေလို့။ THAKHIN CJ #8212010 ( 5/2/2016)