ရွာထဲ သီချင်းမပါရင် စကားမပြောတတ်တော့လို့  Happy Birthday သီချင်းလေး ဆိုပြီး  လုပ်လိုက်ပါတယ် ညီမ မှီ ရေ။
၁၀စုနှစ် တစ်စု ရာထူးတိုးသွား ပေမဲ့  ရှေ့မှာ စီနီယာကြီးများ ရှိပါသေး။
ဒီ တစ်ခါ ပြာသိုလပြည့် အကြိုည မှာ ကောင်းကင်က အတော်ကို ကြည်လင်ပြီး ကြယ်တွေ မှ စုံ လို့။ (အေးလဲ တစ်အားအေးတယ်)
လမင်းကြီး က တစ်ဆင့် လပြည့် မွေးနေ့ရှင် ညီမ ဆီ ကို ဆုမွန်ကောင်း တောင်းလိုက်တယ်။
အခုည မှာ လမင်းကြီး က မှီ့  ဆီ လာပို့လိမ့်မယ်။

အသက် ၂၀ နှစ်ထပ်ကွမ်း မှ စပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း တို့နဲ့ ပိုမိုအောင်မြင်သော၊ မတောင့်မတ မကြောင့်မကျ ဘဝ မှာ လိုရာဆန္ဒများ ပြည့်ဝပါစေ။
သားသမီး ရတနာလေးများ နဲ့ အေးချမ်းပျော်ရွှင်သော မိသားစု လေး ဖြစ်ပါစေ။
လောကီမှာသာ မက လောကုတ္တရာ အရေး မှာပါ အောင်မြင်နိုင်ပါစေ။

ဆုမွန်ဖြင့်
ချစ်တဲ့
ရွာသူ/ရွာသား များ

ကိုယ်စား
အစ်မလတ် :wink:

Bye 40

Happy birthday

Happy birthday to you
Happy birthday to you
Happy birthday
Happy birthday
Happy birthday to you

About မြစပဲရိုး

Khin Latt has written 240 post in this Website..