မြစပဲရိုးMarch 20, 20152min39926
ဒီတစ်ခါတော့ နိုင်ငံရေး အကြောင်း တွေ ကနေ လိုင်းပြောင်းချင်ရဲ့။ . ပြီးခဲ့တဲ့ ရက် တွေ  ထဲ မှာ အရီး ရဲ့ ချစ်တူမ လေးများ ဆီက သံယောဇဉ်ဖွဲ့ အသဲကွဲ သံစဉ် လေး တွေ နားထောင်ပြီး သဘောကျ နေတာ။ အဲဒါ ကို မနန်း ရဲ့ ရုပ်ရှင် ပဟေဠိ ထဲ က The Notebook ကို တွေ့လိုက်ပြီး တစ်ခါက အကြောင်းလေး ကို ပြန်သတိရ လိုက်မိတယ်။ ဒါနဲ့ အဲဒီ အကြောင်း ကို သီချင်း နဲ့ တွဲ စဉ်းစားလိုက်တော့ ဇီကလေး ရဲ့ အခေါ် “ကိုမှိုး” လေး […]


မြစပဲရိုးMarch 15, 20153min35024
“တစိမ်း”  လို့ကြားလိုက်တာနဲ့ ကိုယ် နဲ့ လုံးဝ မသိတဲ့ သူ (ဒါမှမဟုတ်) ကိုယ်နဲ့ သိပ်ပြီး ရင်းနှီးကျွမ်းဝင်ခြင်း မရှိတဲ့ အခြေအနေ (ဒါမှမဟုတ်) ကိုယ်မရောက်ဖူးတဲ့ နေရာဒေသ/အစားအစာ လိုမျိုး တွေ ကို ဆိုလိုတာ သိလိုက်ကြပါတယ်။ တကယ်တော့ “တစိမ်း” ဆိုတာဟာ အပြင် မှာ လူတစ်ယောက် လို အနေနဲ့တင် မဟုတ်ဘဲ ကိုယ့်ရဲ့ စိတ်အတွင်း သဏ္ဍာန် ထဲ မှာလဲ ရှိနေပါတယ်။ The Stranger သီချင်း က ဒီ ရက်ထဲ  စိတ် ဂယောက် ဂယက် ဖြစ်နေတဲ့ အခြေအနေ တွေ ကို ပြန်တွေးရင်း  ညည်းတွားမိ နေခဲ့ တဲ့ နားဦးတည့်ရာ သီချင်းပေါ့။ […]


မြစပဲရိုးMarch 8, 20151min32834
ကျွန်မ မှာ အကျင့်တစ်ခု ရှိတယ်။ တစ်ခုခုကို လုပ်ပြီး ပြောပြီးလဲ ပြန်လှည့်ကြည့် ပြီး စမ်းစစ်တတ် တဲ့ အကျင့်။ တစ်ချို့ က ကျွန်မ ကို ရီ ကြတယ်။ သူတို့ကတော့ ပြတ်သတဲ့။ လုပ်ပြီး အလုပ် ကို ဘယ်တော့မှ နောင်တမရဘူး၊ ပြန်မကြည့်ဘူး တဲ့။ ဟုတ်မှာပါ။ ကျွန်မ မှားနေမှာပါ။ အခုလဲ ဒီရက် ဖြစ်နေတဲ့ အကြောင်း တွေ နဲ့ ဆက်လို့ ၈၈ က စတဲ့ သမိုင်းကြောင်းထဲ ကျွန်မ မှားခဲ့၊ အမှားဖက်က ရပ်ခဲ့ တာ တွေ ကို ဝန်ခံဖို့ ဒီစာစု ကို ရေးပါတယ်။ အမှား(၁) မနေ့က ပါပီမတို့ရဲ့ […]


မြစပဲရိုးMarch 1, 20153min27417
ဘီဘီစီ documentary  တွေ ထဲ မှာ ” How We Got to Now”  ဆိုတာ ရှိတယ်။ ဟိုးရှေးရှေး က တီထွင်ကြံဆ ခဲ့မှု တွေဟာ ကမ႓ာကြီး ကို ဘယ်လိုတိုးတက်ပြောင်းလဲ စေခဲ့ တယ် ဆိုတဲ့ အကြောင်းတွေ ကို ပြောထားတာမို့ အတော်လေး စိတ်ဝင်စားဖို့ကောင်းပါတယ်။ ပြပြီးတဲ့ စီးရီး အတွဲတွေ က Clean, Time, Glass, Light, Sound နဲ့ Cold တဲ့။ အားလုံး ကိုတော့မသိပါဘူး။ သိလိုက်တဲ့ “Cold ” ဆိုတဲ့ စီးရီး အကြောင်း က တစ်ချို့ ကို အချုပ်ပြောချင်ရဲ့။ အမေရိကားတိုက် ရဲ့ […]


မြစပဲရိုးFebruary 21, 20151min27714
. ပြီးခဲ့တဲ့ တစ်ပါတ်ကျော်က တင်ခဲ့တဲ့ “Whatever Will Be, Will Be” မှာ ဝင်ပြီး အားပေးခဲ့ တဲ့ ပွဲကြိုက်မောင် မင်္ဂလာဂီ ၊ မောင်ကာကြီး၊ သူကြီးမင်း၊ ဆက်ဆက်၊ အစ်မဒုံ၊ ဇီဇီ၊ မိုက်၊ မမ ဖိုးသိကြား၊ ပုချ်၊ မပြုံး၊ ကြောင်ကြောင် တို့ကို ကျေးဇူးပါ။ စာပြန်ရမဲ့ အချိန် ကို မိန့်ခွန်း တင်ဖို့ ကူး ရေးရင်း ကုန်သွားလို့ တစ်ယောက်ချင်း တော့ မပြန်နိုင်တာ စောဒီးပါ။ . လောလောဆယ် အလိုချင်ဆုံး က ကိုယ်တွေးလိုက်တာ ကို တခါတည်း ချရေးလိုက်နိုင်တဲ့ ပရိုဂရမ် တစ်ခုဘဲ။ တကယ်တော့ အသံထွက် ကို လိုက်ရိုက်ပေးနိုင် […]


မြစပဲရိုးFebruary 14, 20154min39226
နင်းနင်း တို့ ဇနီးမောင်နှံ ရဲ့ တစ်နှစ်မြောက် မင်္ဂလာနှစ်လည် မှ အိုမင်းသည့် အချိန်တိုင် တွဲလက်များ မြဲစေသား။ အိမ်မက်များ လက်တွေ့အကောင်အထည် ပေါ်စေသား။ အချင်းချင်း နားလည် ခွင့်လွှတ် မှုများ နဲ့ ပိုမို ရင့်ကျက် စေသား။ လိုရာဆန္ဒများ အားလုံးပြည့်စေသား။ ဆုမွန်ဖြင့် ချစ်သော အရီး (ဂဇက် ရွာသူ/သား များ ကိုယ်စား) :)) Happy Marriage Anniversary Song Happy marriage anniversary You survived another year, so scary, Thank heavens, you’re not flashing knives at each other In […]


မြစပဲရိုးFebruary 13, 20151min21714
ဒီတစ်ခါ နားဦးထဲကို တည့်တည့် ကြီး တိုးဝင်ပြီး အလှည့်ရောက်လာတာက လေးဖြူ ရဲ့ “အဖေ”။ ဘယ်သူရေးတယ် ဆိုတာ မသိတာမို့ ရေးစပ်သူ ကို သိရင် မျှပေးကြပါဦး။ ဗီစီဒီ ထုတ်ချိန် ဆင်ဆာ မကျ တာမို့ ထုတ်ခွင့်မရခဲ့တဲ့ သီချင်းလေး လို့ နားလည်မိတာ။ ၂၀၁၄ က လုပ်ခဲ့တဲ့ ဒီချုပ် ရန်ပုံငွေပွဲမှာ လေးဖြူ က ဒီ သီချင်း နဲ့ ဖွင့်ခဲ့ သတဲ့။ . နောက်ခံ ကတော့ ဗိုလ်ချုပ် အောင်ဆန်း ရဲ့ ပုံရိပ်တွေ နဲ့။ သီချင်း ကို နားထောင်ရင်း မျက်ရည် ဝဲ ပါတယ်။ ဒီလို လူ ကို တိုင်းပြည် […]


မြစပဲရိုးFebruary 7, 20153min28116
ငြင်းဖို့ အားယူနေတုန်း အကြောင်းတွေ ပွါးပွါးလာတာမို့ ဘယ်ကစ ရမလဲ အတော်စဉ်းစားနေရပါ့။ 😉 ပထမဆုံး artificial intelligence လို့ ခေါ်တဲ့ အေအိုင် ကို ကွန်ပျုတာ ဂုရုကြီး ဘီလ်ဂိတ်စ် ကိုယ်တိုင် ဘာလို့ ကြောက်နေရတာ လဲ ဆိုတဲ့ ကိုယ်ပိုင် အမြင် လေး ကို မျှပါရစေ။ တကယ်ဆို အတု ဟာ အတုဘဲ အစစ် ကို ဘယ်လို မှီပါ့မလဲ နော။ ကြောက်စရာလား။ ပြောသာပြောရ။ နောင်အနာဂါတ် မှာ လူ တွေ ရဲ့ အလုပ်တော်တော်များများ ကို အသိဉာဏ် အတု နဲ့ စက်များ က ခြိမ်းခြောက် စပြုလာပြီ။ ကလေး ကို […]


မြစပဲရိုးFebruary 3, 20151min46124
ရွာထဲ သီချင်းမပါရင် စကားမပြောတတ်တော့လို့  Happy Birthday သီချင်းလေး ဆိုပြီး  လုပ်လိုက်ပါတယ် ညီမ မှီ ရေ။ ၁ဝစုနှစ် တစ်စု ရာထူးတိုးသွား ပေမဲ့  ရှေ့မှာ စီနီယာကြီးများ ရှိပါသေး။ ဒီ တစ်ခါ ပြာသိုလပြည့် အကြိုည မှာ ကောင်းကင်က အတော်ကို ကြည်လင်ပြီး ကြယ်တွေ မှ စုံ လို့။ (အေးလဲ တစ်အားအေးတယ်) လမင်းကြီး က တစ်ဆင့် လပြည့် မွေးနေ့ရှင် ညီမ ဆီ ကို ဆုမွန်ကောင်း တောင်းလိုက်တယ်။ အခုည မှာ လမင်းကြီး က မှီ့  ဆီ လာပို့လိမ့်မယ်။ အသက် ၂ဝ နှစ်ထပ်ကွမ်း မှ စပြီး စိတ်၏ချမ်းသာခြင်း၊ […]


မြစပဲရိုးFebruary 1, 20151min33821
အခု လာမဲ့ အဂါင်္နေ့ က တပို့တွဲလပြည့် တဲ့။ ဟုတ်မှာပါ။ မနေ့ည က ကောင်းကင် ကလဲ ကြည်လင်ပြီး  လ ရောင် ကြား မှာ ကြယ်တွေ မှ စုံလို့။ လှလိုက်တာ လို့ တွေးလိုက်ပြီး ဖြတ်ကနဲ သတိရလိုက်မိတာ က ဒီလိုဘဲ ကောင်းကင်မှာ ကြယ်တွေ စုံခဲ့တဲ့ တစ်ချိန်က ည တွေ အကြောင်းပေါ့။ အဲဒီချိန်တွေ တုန်းကတော့ အခုလို လှလိုက်တာ မတွေးမိဘူး။ “ကြယ်တွေစုံတဲ့ည အဝေးအိမ်ကိုလွမ်းတယ်” ဆိုတာ ကိုဘဲ ထပ်ခါ ထပ်ခါ ရွတ်ပြီး အဲဒီ ကြယ်တွေ ကို အားကိုးတကြီး ကြည့်ရင်း အိမ်ပြန်ခဲ့တာ။ တကယ်တော့ “အိမ်” မဟုတ်ပါဘူး။ “အဆောင်” […]


မြစပဲရိုးJanuary 24, 20154min20321
မိုက်ခ် ရဲ့ သူငယ်ချင်းကြီး ငွေဆန် ရဲ့ ဂျာပွန်မလေး ကို ကြည့်ပြီး ကိုယ့်ရဲ့ ချစ်သော ဂျာပွန်ကြီး ကိုပါ လွမ်းသွားတာနဲ့ …… ဒီတစ်ပါတ် မှာတော့ နားဦးတည့်ရုံမက အမြင်ဦးပါတည့်သွားခဲ့ပေါ့။ အခုခေတ် ကလေး တွေ ရဲ့ ကိုးရီးယားမင်းသား ဟော့ရှော့ အလန်း လေး တွေ ကြားထဲ အရီး ရဲ့ မင်းသားကြီး မှာ ဟာသ ကြီး ဖြစ်နေမယ်မှန်းတော့ သိပါရဲ့။ သို့ပေမဲ့ ကြိုက်မိတော့လဲ ကြော်ငြာဝင်ပါ့မယ်။ အင်မတန် အရုပ်ဆိုးတာမှန်ပေမဲ့ သရုပ်ဆောင် ကောင်းလွန်းတာမို့ တစ်ချိန်ကအတော်လေး သဘောကျခဲ့ ဖူးတဲ့  ကိုယ့်ရဲ့ မင်းသား ဖြစ်လိုက်ပါသေးတယ်။ ပြောသာပြောရ။ သူ့ရုပ်ရှင်တွေကို နှစ်ခါဘဲ ကြည့်ဘူးတာ။ ၁၉၈၄ ပါတ်ဝန်းကျင်လောက်ကပေါ့။ […]


မြစပဲရိုးJanuary 19, 20151min25317
ဟိ။ ဒီ တစ်ပါတ်တော့ စိုးလွင်လွင် သီချင်းပါ။ စိုးလွင်လွင် ဆို တစ်ချို့ ကလေးများ သိကြပါ့မလားဘဲ။ ကိုယ့် ဂျဲန် ထဲက သိုးမဲကြီးများ ကတော့ မသိသူမရှိလောက် ရှားမှာပါ။ သူ့ အသံ ကို ကောင်းတယ်မခေါ်နိုင်ဘူး ထင်ရဲ့။ ဒါပေမဲ့ နားထောင်ကောင်းတာတော့ အမှန်။ သူ့သီချင်းတွေပေါက်ခဲ့တာ တေးရေး ပညာရှင်စစ်စစ်များ ရဲ့ ရင်တွင်းဖြစ် တန်ခိုး ကြောင့် ဆိုလဲ မမှားပါဘူး။ ကိုယ့် အပေါ်ကို အတော် ပါဝါရှိခဲ့ တဲ့ သူ့သီချင်းတွေ အများသား။ “မျက်နှာထား တင်းတင်း နဲ့ နောက် မလာ နဲ့ လို့ ပြောလွှတ်လိုက်တယ်” ဆိုတဲ့ “ခေါင်းငုံ့ချစ်နေမယ်” သီချင်း။ အားကျပြီး ကိုယ့်မျက်နှာထား ကို […]


မြစပဲရိုးJanuary 11, 20152min21515
အခု ကမ္ဘာမှာ ဘာသာရေး အကြောင်းပြုပြီး လူ တွေ သွေးမြေကျ နေရတယ်။ ကလေးငယ် တွေ အသတ်ခံ နေရတယ်။ မိန်းမ တွေ အနှိမ်ခံ နေရတယ်။ လူသား အချင်းချင်း မှာ ကို အမုန်းတရား တွေ နဲ့ ရန်ဆောင် နေကြတယ်။ မြန်မာပြည်ထဲ မှာရော ဘာထူး သေးလဲ။ ဘာသာရေး ကို အကြောင်းပြုပြီး တိုင်းပြည် မငြိမ် အောင် ကစား ကြတယ်။ စားပေါက်ချောင် အောင် နိုင်ရာလူ ဖိထောင်းတယ်။ မလို တဲ့ အဆင့်မရှိတဲ့ လူရီဖွယ် ဥပဒေ ထုတ်ကြတယ်။ လူသား အချင်းချင်း မှာ ကို အမုန်းတရား တွေ နဲ့ ရန်ဆောင် […]