ပထမ တဆင့်တော့ အောင်မြင်သွားပြီ ကျောင်းသားရဲဘော်တို့… ဒါပေမည့် စစ်တပိုင်းအစိုးမရ နည်းဗျူ ဟာပိုင်း အလျှော့ပေးတာလို့ မြင်တယ်။ ဥပဒေ မပြင်ဘဲ တင်းခံထားရင် တောင်းဆိုမှုတွေ ဖြစ်မည်ဆိုတာ တွက်ထားပြီး မျှော်လင့်တာထက် အင်အားပိုကြီးနေလို့ တကွက်လျှော့ပေးတာ ဖြစ်မည်။ သမိုင်းကို သင်ခန်းစာယူကြ.. စစ်အစိုးရ အစဉ်ဆက် ဘောင်းဘီဝတ် ဘောင်းဘီချွတ် တဂေါင်မှ မယုံရ…။ စေတနာ ရှိသူ တဦးစ နှစ်ဦးစ ရှိလည်း မူဝါဒပိုင်း အဆုံးအဖြတ် မပေးနိုင်။ အဲဒါကို မမေ့နဲ့.. နို့မို့လျင် ပုဂ္ဂိုလ်ခင်လို့ တရားမင်.. တဖက်က လူရိုသေ ရှင်ရိုသေမို့ ကျလောက်အောင်ပြောနိုင်လို နားယောင်ပြီး ရေတိမ်နစ် ဆုံးပါးတတ်တယ်။ ဘယ်သူ့ကိုမှ မယုံနဲ့.. ဒီအခြေအနေအထိ မင်းတို့ဖာသာ ရုန်းကန် လှုပ်ရှားလာခဲ့တာ။ ရင့်ကြက်တန်သလောက် ရင့်ကြက်နေပြီ၊ အတွေ့အကြုံကောင်းတွေလဲ ဘဝနဲ့ချီပြီး ရနေကြပြီ။ အခု လိုက်လျောနေတဲ့ စစ်တပိုင်းအစိုးမရ မင်းတို့နောက် လူထုမရှိ၊ ကျောင်းသားမပါလျင် ဘယ်လို တုံ့ပြန်မည် ထင်သလဲ၊ ဘယ်လို ဆက်ဆံမည် ထင်သလဲ။ ရိုက်မယ် နှက်မယ်၊ ထောင်ချမယ်၊ သပိတ်ခေါင်းဆောင်တွေကို ကြမ်းပိုးသူခိုး ပြည့်တန်ဆာလောက်ဖြစ်အောင် ဝါဒဖြန့် နှိပ်ကွပ်မှာ။ အပြုံးနောက်ကွယ်က ရက်စက်မှုကို သတိရကြ။ ပြောနေတာ ကြောက်ဖို့ မုန်းဖို့ လက်စားချေဖို့ မဟုတ်ဖူး။ မိမိတောင်းဆိုချက် ရပ်တည်မှုကို အယိုင်အလဲ မခံဖို့ စိတ်ပိုင်းဖြတ်ထားဖို့ ပြောတာ။

ခွပ်ဒေါင်းဇာနည် ရဲရဲချီ

ခွပ်ဒေါင်းဇာနည် ရဲရဲချီ

လူထုကို သေချာရှင်းပြ၊ လမ်းခရီးမှာ ဒေသအာဏာပိုင်များရဲ ကောက်ကျစ်မှုတွေ၊ အပြောတမျိုး အလုပ်တမျိုး ဖြစ်ရပ်တွေ…။

ဖွတ်အစိုးမရဖက်က ဗျူ ဟာပြောင်းတော့ ကျောင်းသားထုဖက်ကလည်း လိုက်လျောညီထွေ ပြောင်းလို့ရတယ်။ ဘယ်လိုပြောင်းမည်လဲ.. တောင်းဆိုချက်တွေ မဖောက်ဖျက်ဖို့၊ လျာထားချက် ပြည့်မှီဖို့ စောင့်ကြည့်လေ့လာမှု၊ သေချာရေရာ လက်တွေ့ဆန်တဲ့ အာမခံချက် ရဖို့ တိုက်ပွဲလမ်းချောင်းပြောင်းသင့်ပြောင်း။ သတင်းထောက် ကိုပါကြီးသေတာလို့ အထောက်အထားရှိလည်း စစ်တပ်က ဗျောင်လိမ်တယ် မဟုတ်လား။ သူတို့တပ်တွင်း ပေးမစစ်နိုင်ဘူး နောက်ပိုင်း ငြင်းတော့ ဘာတတ်နိုင်သလဲ။ လွှတ်တော် တခုလုံးတောင် အယင်ရေးပြီးသား ဥပဒေမူကြမ်းကို ပြောင်းပြီး ဘပြောင်ခိုင်းတဲ့ ဝှိုက်ကတ်မဲပေးခွင့် အတည်ပြုလိုက်တယ် မဟုတ်လား။ ရက်ပိုင်းအကြာ အခု လုပ်ပြန်ပြီ.. ဝှိုက်ကတ်တွေ သိမ်းတော့မည်တဲ့။ လွှတ်တော် ထဲက ဘွားဒေါ်လည်း အားမကိုးနဲ့.. သူ့ဟာသူတောင် ဘာလုပ်လို့ လုပ်နေမှန်း သိပုံမရ။

ကျောင်းသား သမဂ္ဂတည်ရှိမှု အရေးကြီးတယ်။ သမဂ္ဂနဲ့သာလျင် အမျိုးသားပညာရေး ပြောင်းလဲမှု၊ တိုးတက်မှုကို စောင့်ကြည့်ပေးနိုင်မည်။ ကျောင်းသား အရေး ကျောင်းသားပဲ လုပ်ရမှာကိုး။ အင်အား မရှိလျင် ဖွတ်အစိုးမရ ဂရုမစိုက်ဆိုတာ ခု ကျောင်းသား သပိတ်က ပြနေတယ်။ အလုပ်သမားတွေ ဆန္ဒ ပြလိုက်တာ.. အနိမ့်ဆုံးလုပ်ခ နည်းဥပဒေ ထွက်မလာ..။ ဘွားဒေါ် လက်နက်ချပြီး လွှတ်တော်နိုင်ငံရေးဝင်လည်း ဘာမှမထူး။ တကယ်လုပ်မှန်းသိ လုပ်ပြနိုင်စွမ်းရှိသူမှ ဒင်းတို့ကြောက်တယ်။ သမဂ္ဂရပ်တည်မှု အားကောင်းလာလျင် ပြည်သူလူထု ထောက်ခံအားပေးမှု ပိုမြင့်လာမည်။ ခုတောင် ငါ့အသိ ပန်းသေးတရုတ်ကြီးတယောက်က သမဂ္ဂအဆောက်အအုံ ဆောက်ဖို့ဆို သူဦးဆောင် လှူ မည်တဲ့။ သမဂ္ဂအဆောက်အအုံ ပြန်လည်တည်ဆောက်ရေး၊ အစိုးရမှ လေးလေးစားစား အသိအမှတ်ပြုရေး၊ သမဂ္ဂကွပ်ကဲမှုနဲ့ ပညာရေးဥပဒေကို တွဲဖက်စောင့်ကြည့်ရေးတို့ဟာ တိုက်ပွဲဗျူ ဟာအသစ်တွက် လုံလောက်တယ်။

ရန်ကုန်ကို ချီတက်ကြ၊ ရန်ကုန်မြို့ကို သိမ်းကြ။ တတိယမြန်တျန့်နိုင်ငံကို တည်ထောင်သူ အလောင်းဘုရားမင်းကြီး ရန်ကုန်မြို့ဝင် အောင်မြေနင်းသလို ကျောင်းသားတပ်လည်း ရန်ကုန်မြို့ဝင် အောင်လံထူကြ၊ ခွပ်ဒေါင်းတံဆိပ် အောင်လံထူကြ။ ရန်ကုန်ထဲ စုပြုံဝင်တာထက် လက်ရှိပုံစံ အခြားစစ်ကြောင်းတွေ အရင်ဝင်ပစေ..။ ပင်မစစ်ကြောင်း နောက်မှလိုက်… အဲဒီအခါ စစ်တပ်သစ္စာခံ ဖွတ်၊လူမိုက်နဲ့လုံထိန်းရဲတွေ အင်အားမမျှ ထိန်းရခက်ကုန်လိမ့်မည်။ ကိုယ့်ဖက်ကလည်း သူတို့ တုံ့ပြန်မှုကို စောင့်ကြည့်ခွင့်ရမည်။ ကိုယ့်အလှည့်ကြမှ ဝင်မရတော့လည်း အတွင်းအပြင် ညှပ်တိုက်ပြီးသား ဖြစ်မယ်။ ထောက်ပံ့ရေး လမ်းကြောင်းတော့ သေချာပစေ။ ရေရှည်တိုက်ပွဲအတွက် ရိက္ခာ၊ရေ၊ဆေးဝါး၊ ဆက်သွယ်ရေးလမ်းကြောင်း အရေးကြီးသည်။

စစ်ကောင်တွေကို မညှာနဲ့ အားမနာနဲ့နော်။ အထူးသဖြင့် တောင်းဆိုချိန်မှာ လုံးဝ အလျော့မပေးရဘူး၊ ဆွေးနွေးလို့ လက်တွေ့ဖြစ်မြောက်ရန် နီးစပ်ပြီဆိုမှ လျော့တန်တာလျော့..။ လူထုပါဝင်မှုကို ဒင်းတို့ မျက်လုံးဒေါက်ထောက် ကြည့်နေတယ်.. လူထု အားပေးမှု ကျသွားချိန်ဟာ ဒင်းတို့ အကြမ်းဖက်မည့် အချိန်ပဲ။ ပထမဆုံး နေပြည်တော်ခေါ် အယောင်ပြ ဆွေးနွေးပွဲလုပ်ပြတယ်.. အကယ်၍ လူထုသာ ဝေဝါးသွားလျင် ကျောင်းသား အုပ်စုကွဲလျင် ဒီနေ့ဒီအချိန် သပိတ်ခေါင်းဆောင်များ ထောင်ထဲရောက်ပြီ။ ထင်သလို မဖြစ်တော့ နောက်တပွဲ လုပ်ပြရပြီ။ နောက်ပိုင်း လူထု တုံ့ပြန်မှုသည် တိုက်ပွဲ အဆုံးအဖြတ်ပဲ…။ ရန်ကုန်ကို သိမ်းကြ.. အောင်ပွဲ အရယူကြ ခွပ်ဒေါင်း ရဲဘော်တို့…။

အောင်ပွဲဆိုတာ အနိုင်ယူရဲသူများ အတွက်သာ…

အောင်သေအောင်သားစားမည့် ကြောင်ကြီး

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 647 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး