ကိုရီယား ပဲခေါက်ဆွဲကို မြန်မာမှုနဲ့ လုပ်စားမယ်

NovyFebruary 23, 20151min31122

ကိုရီယား ပဲခေါက်ဆွဲကို မြန်မာမှု့နဲ့ လုပ်စားမယ်နော်

ပါဝင်ကစ္စည်းတွေကတော့

နဲနဲအလုံးကြီးတဲ့ခေါက်ဆွဲ

ကြက်သား/ဝက်သား

မုန်လာဥနီ

ပဲစိမ်းလုံး /ပဲသီး

ကြွက်နာရွက်မှို

ရှီတာကီ  (shitake) မှို

ပုန်းရည်ကြီး (အစိမ့်)

ပဲငံပြာရည်အပျစ် (ကြာညို့)

ဆီ

ပဲငံပြာရည်အကျဲ

သကြား/ ဆား/ ဟင်းခတ်မုှန့်/ တရုပ်မဆလာ

20150222_092334

20150222_092521

ပုန်းရည်ကြီးတွေကို ရေနွေးနဲဖျော်ထားပါ

 

ပစ္စည်းတွေစုံရင်ချက်မယ်နော်

ခေါက်ဆွဲခြောက်တွေကိုတော့ ရေနွေးနဲ့ပြုတ်ပြီ ခေါက်ဆွဲအစိုဖြစ်အာင်လုပ်ထားပါ

ပုန်းရည်ကြီးတွေကို ရေနွေးနဲဖျော်ထားပါ

အသားကတော့ မိမိကြိုက်နှစ်သက်ရာ ကြက်/ဝက် ကို အတုံးသေးသေးလေးတွေဖြစ်အောင်တောက်တောက်စဉ်ထားပြီး

ဆားနနွင်းနယ်ထားပါ

မုန်လာဥနီ /ပဲသီး /ကြွက်နာရွက်မှို /ရှီတာကီ  (shitake) မှို တွေကိုလဲ ပုံပါအတိုင်း လှီးထားပါ့မယ်

ပြီးရင်တော့ အသားတွေကို ဆီသတ်ပါ့မယ် အသားကျတ်လောက်ပြီဆိုမှ ရှီတာကီ  (shitake)မှိုထည့်မယ်

မုန်လာဥနီ /ကြွက်နာရွက်မှို /ပဲသီး စတဲ့ လှီးထားတဲ့အသီးအရွက်တွေထည့်မယ်

ပုန်းရည်ကြီးတွေကို ရေနွေးနဲဖျော်ထားတာထဲ့မယ် ပဲငံပြာရည်အပျစ် (ကြာညို့)

ပဲငံပြာရည်အကျဲ /သကြား/ ဆား/ ဟင်းခတ်မုှန့်/ တရုပ်မဆလာ အကုန်လုံးထဲ့ပြီးခဏနေရင်တော့မွှေးကြိုင်နေတဲ့ ပဲခေါက်ဆွဲအနှစ်ရပြီဖြစ်ပါတယ်

ခေါ်က်ဆွဲထဲကို ပဲအနှစ်လေးဆမ်း /ကြက်ရိုးဟင်းချိုလေးချက်ပြီး ရှမ်းချဉ်သို့မဟုတ် ဂင်ချီလေးနဲ့တွဲပြီးသုံးဆောင်လိုက်ပါရှင်

20150222_101056

20150222_100953

 

22 comments

  • ခင်ဇော်

    February 23, 2015 at 4:13 pm

    ဟာ။။
    ပုံးရည်ကြီး နဲ့ လုပ်စားလို့ ရတယ် ဟုတ်လားးး
    ကတောက်။
    ဂလိုမှန်းသိ ပုဂံက ပုံးရည်ကြီးတွေ စီးပွါးဖြစ်သယ်လာပါတယ်။
    လုပ်စားကြည့်မယ် မွနို။
    ကျေးကျေးး
    ချက်တတ်တဲ့သူတွေကျတော့ လွယ်တာကို။

    :sar:

  • အလင်းဆက်

    February 23, 2015 at 4:38 pm

    .မှန်တာပြောရရင် ဒီအစားအစာကို ဖွေးဖွေးလောက် မကြိုက်ဖူး..

    :k:

  • ဦးကျောက်ခဲ

    February 23, 2015 at 4:40 pm

    ကိုရီးယားစာ သိပ်မကြိုက်ပေမည့် ပဲခေါက်ဆွဲတော့ လုပ်စားဖြစ်ပါတယ်…
    သိပ်ညွှန်းလွန်းတဲ့ ကိုရီးယားပြန် စလုံးသူငယ်ချင်းကို ပုန်းရည်ကြီးနဲ့ လုပ်ကျွေးလိုက်တာ…
    စားကောင်းလွန်းလို့ အဲသည့် ပဲပိစပ်အနှစ် ဘယ်ကဝယ်လာသလဲတဲ့…
    အဲဒါနဲ့…. မိတ်အင်ဘားမား ပုန်းရည်ကြီး ကွ လို့ … အဟိ ရှလွတ်စ်… ရှလွတ်စ်
    :k:

  • Novy

    February 23, 2015 at 5:01 pm

    လုပ်ရတာလွယ်စားလို့လဲကောင်း
    လုပ်စားဖြစ်အောင် စားကြည့်ပါရှင်

    • အလင်းဆက်

      February 23, 2015 at 5:07 pm

      အန်တီနိုရဲ့ လက်ရာကို အိမ်မှာ လာစားလို့ ရမလား..အန်တီနို..
      စကားမစပ် …သမီးတော်လေးရော…နေကောင်းတော်မူတယ်ဟုတ်…
      စာတွေ ကျက်နေရလို့ ပင်ပန်းနေပြီထင်တယ်..

      :k:

  • Kaung Kin Pyar

    February 23, 2015 at 5:14 pm

    ပဲခေါက်ဆွဲတော့ လုပ်မစားဖူးဘူး….။ အသင့်စားခေါက်ဆွဲခြောက် ဝယ်စားဖူးတယ်…..။ ဆိုင်မှာသွားစားဖြစ်တုန်းကတော့ ပုန်းရည်ကြီးနဲ့ နယ်ထားသလိုလို့ တွေးမိသား…။ ကိုရီးယားကားတွေထဲ စားပြတာတော့…အရသာရှိသလိုလို….။ သူတို့စားတဲ့ ပဲခေါက်ဆွဲစစ်စစ်ကိုပဲ မစားမိသေးတာလား…၊ ကိုယ်နဲ့ပဲ အရသာခံတာချင်း မတူလို့လားမသိ…။
    ဒါလေးလဲ လုပ်စားကြည့်ဦးမယ်…။ ပါတဲ့အမယ်တွေက ရှာရလွယ်သား…။ ကျေးဇူးပါ မနိုဗွီရေ…

  • hmee

    February 23, 2015 at 7:30 pm

    မနိုက သူ့ ပဲ​ခေါက်​ဆွဲ ​ရောင်​းမ​ကောင်​းမှာ စိုးရိမ်​​နေတယ်​။ အခု ကြည်​့​တော့လည်​း ​ရောင်​း​ကောင်​းသား။ 🙂

  • padonmar

    February 23, 2015 at 9:21 pm

    ပုန်းရည်ကြီးသုတ်တော့ သိပ်ကြိုက်တာပဲ။
    ဒါလေးလည်း စမ်းချက်ကြည့်မယ်။
    ကိုရီးယားပဲခေါက်ဆွဲ မစားဖူးတော့ ကြိုက်မယ်မကြိုက်ဘူးမသိ။
    (ခေတ်မမီသူ)

  • Novy

    February 24, 2015 at 9:02 am

    ပဲခေါက်ဆွဲရဲ့ အဓိကအရသာကတော့ ပဲနှစ် (ပုန်းရည်ကြီး ) နဲ့ ပဲငံပြာရည်အပျစ် (ကြာညို့)
    ကောင်းကောင်းသုံးဖို့ပါဘဲ ဒါမှအရောင်နဲ့ အရသာကောင်းမှာပါ
    သူ့အရသာကအချိုဘက်ကိုနဲနဲပိုရပါတယ် ဒါကြောင့်ဂင်ချီလေးနဲ့တွဲစားကျတာပေါ့

  • Ma Ei

    February 24, 2015 at 9:28 am

    ပုန်းရည်ကြီးသုပ်တော့ကြိုက်တယ်…
    ဆီရွှဲရွှဲဆမ်း၊ပုဇွန်ခြောက်ထောင်းလေးဖြူ း …
    နိုဗွီ ရဲ့ ပုန်းရည်ခေါက်ဆွဲလဲ စားကောင်းမယ့်ပုံဘဲ..
    စမ်းကြည့်ပါဦးမည်….

  • Mike

    February 24, 2015 at 11:06 am

    .ကောင်းမဲ့ပုံပဲဗျ…လုပ်စားတဲ့သူတွေ ဖိတ်ကျွေးကြပါအုံးနော် :))

  • pooch

    February 24, 2015 at 11:30 am

    အိမ်ကညီမကို လက်တို့ိလိုက်ပါ့မယ် သူလုပ်ကျွေးတော့လည်း စားရတာပေါ့ :mrgreenn:
    ပုန်းရည်ကြီးက ဒိအတိုင်း ကြက်သွန်နီနဲ့ သုပ်သုပ် ကြက်သွန်ဖြူ နဲ့ ပဲ စားစား ဝက်သားနဲ့ပဲ ချက်ချက်
    ဘယ်လိုနေနေ ကြိုက်ပြီးသား

  • Crystalline

    February 24, 2015 at 12:08 pm

    အရမ်းမကြိုက်ပေမယ့်.. လွယ်တာရော… အရမ်းကြိုက်တဲ့ ပုန်းရည်ကြီးနဲ့လည်း
    လုပ်လို့ရတယ် ဆိုကတည်းက စခွင်ရှော့ရိုက်ပြီးသားပဲ… :))

  • ဦးကြောင်ကြီး

    February 24, 2015 at 1:20 pm

    မားနိုလုပ်ကျွေးတာ ဂျူ နိုလေးနဲ့တူတူ ဆားခြင်လိုက်ထှာ..

  • Ma Ma

    February 24, 2015 at 6:06 pm

    နိုပဲခေါက်ဆွဲဆိုင် လူစည်ကားနေလို်က်တာ မနည်းတိုးဝင်ရတယ်။
    ပါးစပ်က စားချင်သော်လည်း လက်ကတားနေသောကြောင့်….
    ဘွတ်မာ့ခ်လုပ်ထားလိုက်ရတယ်။
    :p:

  • weiwei

    February 24, 2015 at 7:39 pm

    အမဲ​ရောင်​ မစားရဲတဲ့ ဆိုက်​ကိုရှိလို့ ဒီအစားအစာကို လက်​​ရှောင်​ပါတယ်​။

  • Wow

    February 26, 2015 at 4:05 pm

    အယင်က တံတားဖြူနားက မွန်း မာ ပဲခေါက်ဆွဲစားတာ လုံးဝမီကြိုက်… ခုက ပုံးရည်ကြီးနဲ့ဆိုတော့ စားကောင်းမဲ့ပုံ လုပ်စားကျိမယ် :sar:

  • မြစပဲရိုး

    February 27, 2015 at 4:55 am

    ဒီမှာ အားလုံးရှိတယ် မနိုရေ။
    ပုန်းရည်ကြီးကလွဲလို့။
    ဒီတော့ ခက်ရော။
    အကြိုက်ထဲ ပုန်းရည်ကြီး လဲ ပါပါ့။

    ဝေ့ မှတ်ချက်ဖတ်ပြီး ရီလိုက်ရတာ။
    အရီး ရဲ့ မောင်လေး လိုဘဲ။
    . ဝေ ကတော့ ဖြူလို့ တော်သေး။
    သူက တော့ လူ ကသာ မဲ တာ။
    အစာထဲ အမဲရောင် ပါရင် မစားဘူးတော့။

  • မွသဲ ( 17082011 )

    February 28, 2015 at 9:30 pm

    မအားလို့ခုမှပဲခေါက်ဆွဲလာစားရဒယ် ချက်နည်းလေးပါ ပါဆယ်ဆွဲသွားတယ်

  • black chaw

    March 1, 2015 at 11:34 am

    ရီရီဝင်း ရေ…။
    မအားတဲ့ ကြားက နင့်ဆိုင်ကို လာအားပေးသွားပါတယ်…။
    တစ်ခါလောက် ရွာကလူတွေဖိတ်ပြီး
    အလှူလုပ်ပါလားဟယ်…။
    နင်ရေးထားတာ စားချင်စရာ ဖြစ်ပေမယ့်
    တကယ်ကောင်းမကောင်းကတော့ စားကြည့်မှ သိမှာလေဟယ်…။
    နင့် သူငယ်ချင်း
    ကိုမဲ…။

Leave a Reply