သူ ဘာကြောင့် ငိုတာလဲ
– ကလေးငယ် အူဝဲလေး နို့စို့ချင်လို့လား
– လမ်းလျှောက်တတ်တဲ့ ကလေးလေး ဗိုက်ဆာလို့လား
– ဖေဖေ မေမေ ဆူလို့လား
– ကြိုးစားမှု အရာမထင် ရှုံးနိမ့်လို့လား
– မိဘ ဆွေမျိုး ချစ်သူ ခင်သူ ဆုံးပါးလို့လား
– ချစ်သူနဲ့အဆင်မပြေလို့လား
– လေးစားရသူ ဆုံးရှုံးသွားလို့လား
– ရာထူးဂုဏ်သိမ် စည်းစိမ်ဥစ္စာ ဆုံးရှုံးသွားလို့လား
– ပရိဒေဝ သောကမီး တောက်လောင်နေလို့လား
– ဒေါသပေါက်ကွဲ ပြင်းထန်နေလို့လား
– စိတ်ထဲမှာ ကြိတ်ပျော် ဟန်ဆောင်နေတာလား
လူတိုင်း လူတိုင်း ငိုခဲ့ကြပါတယ်
အဖြေမှန် အဖြစ်မှန် သိဖို့တော့လိုလိမ့်မယ်။

မင်းသုတ
19း15 P.M
11.3.2015

About zaw win

zaw win has written 78 post in this Website..