တချိန်လုံး အမေ အမေနဲ့ အမှီပြုလာဒေါ့ အဲဒီ အမေဂျီး မရှိလျင် မဖြစ်လို့ ထင်ဂဲ့သဗျ… ကာလတခု ဖြတ်သန်းပြီးနောက် ရတာတွေ ပျံဆန်းစစ်တော့ ဘာမှလည်း ထင်သလောက် ဖျစ်မလာ။ နောက်ရှုဒေါင့် တခုကနေ စဉ်းစားလျင်.. အမေဂျီး မရှိဒေါ့ဂေါ ကိုယ်လုပ်မှ ကိုယ်စား လှုပ်ရှားမှ မုန့်စားရမယ် မဟုတ်လား။ ဒီတော့ ရှိရှိ မရှိရှိ ခေါင်းခဲစရာ မလိုဒေါ့..။

အတီပြောဒါ.. ဘွားဒေါ်ကို နာမည်ဖျက်နေတာ မဟုတ်..။ လက်ရှိ အုပ်ချုပ်ရေးစနစ် စစ်တပ် ထိန်းချုပ်မှုအောက်မှာပဲ ရှိတယ်။ အယင် စစ်အုပ်ချုပ်ရေး ကွာတာရှိလျင် ထောက်ပြပါ။ တိုင်းပြည်တခုရဲ့ ဒေါက်တိုင်သည် နိုင်ငံရေး စီးပွားရေး ဆိုဂျပါစို့..။ ဈေးကွက်စီးဘွားရေး စနစ်ကို စစ်ဗိုလ်များ အလွန်နှစ်သက်အိ။ ဒီမိုတောင်းတောင်း မတောင်းတောင်း အဲဒီစနစ်ကိုပဲ လုပ်မှာ..။ သူတို့ အကျိုးစီးပွား အလွန်ဖြစ်သကိုး.. တုတ်နဲ့ကော်ချတောင် ဘယ်တော့မှ ဆိုရှယ်လစ် စီးပွားရေးစနစ်ကို ပျံမသွား။ (လည်ဖြတ်ခံ လောင်းရဲအိ)

နိုင်ငံရေးမှာလည်း အာရှမှာစို ကမ္ဗောဒီးယား၊ ဆူဟာတိုခေတ် အင်ဒိုနီးရှား ပုံစံ.. အရှေ့အလယ်ပိုင်းက အီရန်ပုံစံ သွားနေတယ်။ နိုင်ငံရေးပါတီ ရှိမည်၊ သတင်းလွတ်လပ်ခွင့် ရှိမည်.. သို့သော် စစ်တပ်ကို မဝေဖန်၊ အစိုးရကို မဆန့်ကျင်ရ၊ ဘာသာ သာသနာကို မလေးမစား မလုပ်ရ။ ဘာလို့လည်းဆိုတော့ အဲဒီအရာသုံးခုကို နိုင်ငံဒေါ်လို့ ပုံသွင်းရို်က်ယူထားလို့။ ဘွားဒေါ်ရှိရှိ မရှိရှိ.. ရွေးဂေါက်ပွဲ အနိုင်ရရ မရရ၊ အဲဒီ ဘောင်ကိုထိလျင် အတီးခံရမှာ သေချာသည်။ အတိုက်အခံက အာဏှာရတယ်ထား လုံခြုံရေးအတွက် ရဲမပြောနဲ့ အရံမီးသတ်နှင့်ကြက်ခြေနီတောင် ဩဇာညောင်းဖွယ် မမြင်။ ပြည်သူ့ရဲဘော်လို အပျော်ထမ်းတပ် ဖွဲ့မည်ဆိုလျင် ဖွတ်တွေက တန်ပြန် ဖွဲ့ ပိုသောင်းဂျန်း ပြလိမ့်မည်။

စိုဒေါ့ ပြောချဉ်တာ ရှိလို့ မထူးလျင် မရှိလည်း ဘာမှ မီထူး..။ ဒါဂ ဒီမိုအပြည့် လိုချဉ်လွန်းသူတျောက် အနေနဲ့ သုံးသပ်တာ..။ တဖက်သက် ဆန်လွန်းဆိုလျင် နည်းနည်း လျှော့မဲ..။ ဘွားဒေါ်ရှိလို့ ခုလောက်ဖြစ်တယ်ဆိုလျင် သူမရှိလည်း ဒီလောက်တော့ ဖြစ်မည်။ ဘာလို့လဲ.. ခုအနေအထား ရောက်ဖို့ ၁၉၈၈ အာဏာသိမ်းထဲက အစဉ်တစိုက် ကြိုးပမ်းလာခဲ့တာ ဖြစ်စဉ်တွေ ပြန်ကြည့်။ နှောင့်နှေးတာ လိုတိုးပိုလျှော့တွေကလွဲ သူတို့ရေးတဲ့ ဇာတ်ညွှန်းအတိုင်း ချည်းပဲ မဟုတ်လား။ ပြည်သူတွေ ဒီမိုလိုခြင်မှန်းသိတော့ သူတို့နဲ့တန်တဲ့ ဒီမိုပျက်ကိုပဲ မိတ်ကပ်ဖို့ပေးမှာ..။ ဆိတ်စွမ်းရှင်နဲ့ သပ်ချောင်တွေကတော့ ဟုတ်လှပီပေါ့။

ခလေးဘဝ သိတတ်စအရွယ် ပထမဆုံး သင်္ကြန်အပြီး နှစ်သစ်ကူးညမှာ မျှော်လင့်ချက် အပြည့်နဲ့ စိတ်လှုပ်ရှားဖူးတယ်။ နောက်နေ့မနက် နှစ်သစ်အစလည်း ပြုရော မနေ့ကနဲ့ ဘာမှမထူး ဒီမြေ ဒီလေ ဒီနေရောင်ပဲ။ မုန့်လည်း ပိုစားကောင်းမလာသလို ဈေးလည်းပိုပေါမလာ.. မုန့်ဖိုးလည်း ပိုမရ။ ဒီလူတွေပဲ ဒီလမ်းမှာ ဒီလိုပဲ သွားနေဂျလေအိ…….။

 

ငါကွ……….. (အခါတသိန်း)

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 592 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး