လူတကိုယ်​ အကြိုက်​တမျိုးဗျ

ကျုပ်​ဂွကျတာလည်းမ​ပြောနဲ့

ကျုပ်​မိဘကလည်း တယ်​ဂွကျသကိုး

ဖော်​​ကောင်​ လုပ်​ပ​ဟေ့

 

ဖားသားကြီး ဘာကြိုက်​တုန်း​မေးရင်​ အ​ဖြေက ရိုးရိုး​လေးရယ်

တခွန်းတည်း​ဖြေလိမ့်​မယ်​ သရက်​သီး လို့

စိမ်းစိမ်းမှည့်​မှည့်​ အကုန်​စားသဗျ

အပင်​စိုက်​ ၀ါသနာပါပြီး သစ်​ခွစိုက်​ အင်​မတန်​ကျွမ်းကျင်​တဲ့သူ့ကို အကြင်​သူသည်​ သရက်​သီးတလုံး လက်​ကကိုင်​ပီး ဒါဘာသရက်​တုန်း​တော့ သွားမ​မေး​လေနဲ့

ဓားနဲ့လိုက်​ခံရအံ့။

လက်​ထဲက သရက်​သိီးခ်ြွဲစားဖို့ေ​ပြောပာါတယ်

 

အမျိုးအစားခွဲဖို့ စိုက်​ဖို့ဆိုတာထက်​ စားစရာလို့ပြဲမြင်​​တော့တာကိုး အဲ့လို

 

မိမိဂီ ကျ​တော့ ​ပြောင်းဖူးခည

မိမိဂီ ​ပြောင်းဖူးကြိုက်​တယ်​မကြိုက်​တယ်

ယဲဇားနဲ့ချိန်း​တွေ့တုန်း နှာ​ခေါင်းထဲ ​ပြောင်းဖူးပြုတ်​နံ့ရလို့ ခန​နော်​ဆိုပြီး ​ပြောင်းဖူးအရှာထွက်

တွေ့​တော့ဝယ်​စား ယဲဇားကို​မေ့သွားပီး ​ပျော်​ပေျော်​ကြိီး အိမ်​ပြန်​သွားတာ ပြတ်​ပါ​ရောလားဗျာ

တခါတ​လေ ထမင်းလွတ်​​တောင်​စား​သေးတယ်

ပြောင်းဖူးနဲ့ပတ်​သတ်​ပီး ငယ်​ငယ်​က ငိုဖူးသဗျေ

အရပ်​ထဲ​ဈေးထဲ​ရောင်းတဲ့​ပြောင်းထက်​ အများကြီးထွားတဲ့​ပြောင်းဖူး​တွေ​ပေါ်လာကာစ​ပေါ့ဗျာ

ဟော်​တယ်​​တေမှာမှ ရမယ့်​​ပြောင်း​ဆိုပီး ​ဟော်​တယ်​​ပြောင်းလို့ ​ဈေးသယ်​​တေကသမုတ်​ပီး​ရောင်းလိုက်​ပါသတဲ့ အိမ်​​ဖော်​​ကောင်​မ​လေးကို

ဆို​တော့ ချာတိတ်​က​လေး မိမိဂီလည်း သူေ​ဈေးသ်ွားတိုင်း ​ဟော်​တယ်​​ပြောင်းမှာရတာအ​မော​ပေါ့​လေ

 

ဂလိုနဲ့ ​ခြောက်​လတစ်​နှစ်​ကြာ​တော့ ​​ဘေဘီကွန်း ​ပေါ်လာပါ​ရောလား

လွန်​ခဲ့တဲ့နှစ်​အစိတ်​ကကိုးဗျ

ခု​ခေတ်​လို သာမန်​စား​သောက်​ဆိုင်​မှာ အစိမ်း​ကြော်​မှာစားရင်​ ​ဘေဘီကွန်းမပါဘူး​လေ

ဟော်​တယ်​မှာ မှာစားမှ ပါတာဆို​တော့ ​ဘေဘီကွန်းကို ​ဟော်​တယ်​​ပြောင်း ဆို​ဈေးသယ်​​တွေ နာမည်​တပ်​ကြပြန်​ပာါေ​တော့တယ်

ဒါ​တွေနားမလည်​​သေးတဲ့ ချာတိတ်​​လေးမိမိဂီခညာ ငိုလိုက်​ရတာဗျာ နာမည်​ကျတူပြီး တ​တောင်​ဆစ်​​လောက်​နဲ့ လက်​ညှိုး​လောက်​ အရွယ်​ကွာတဲ့်​​ပြောင်းဖူး​တွေနဲ့ပတ်​သတ်​ပြီး

အော်​ ​ပြောင်းတို့၏မာယာ ပါတကား

 

ကျန်​ကိုယ်​​တော်​ကျ​တော့ တမျိုး

ငုံ့​နေတဲ့ စိနဂျင်းန်းက ပြန်​ထတယ်​ထင့်

ခေါက်​ဆွဲ ​ပေါက်​ဆီ နဲ့ ဟင်းချိုကို ဂျွမ်းထိုးပီးကြိုက်​သလို

သရက်​လည်း.လာခဲ့ ​ပြောင်းလြဲ ဆွဲမယ်​ ဆိုတာချည်းပဲ ​ရေခဲမုန့်​လည်း ချမ်းသာမ​ပေးပြန်​ဘူး​လေ

 

အဲအဲ

ရေခဲမုန့်​ဆိုတာက သူ့အဘွား ကျ​နော့်​အ​မေရဲ့ အသီး​ကျော်​ခည

ရှမ်းပြည်​မှာ​ရေခဲ​နေပါတယ်​ဆိုတဲ့အချိန်​​တောင်​ အ​နွေးထည်​၀တ်​လို့ ​ရေခဲမုန့်​အရှာထွက်​တတ်​​သေးတာရယ်

သူ​ရေခဲမုန့်​ကြိုက်​ချက်​က တ​ဆွေလုံးတမျိုးလုံးသြချရတယ်

ကျုပ်​ကို ဘာ​ပြောတယ်​​အောက်​​မေ့တုန်း

ဟဲ့ ငဂီ ငါ့အသုဘကျရင်​ လာတဲ့ပရိတ်​သတ်​ကို ​မုန့်​ဟင်းခါးမ​ကျွေးနဲ့ ​ရေခဲမုန့်​အ၀​ကျွေးစမ်း တဲ့အဲ့လို ပါဆို

 

မိမိဂီလည်း​ အထွန့်​တက်​ကျိမိပါတယ်

အ​မေရာ အ​မေ​ရေခဲမုန့်​ကြိုက်​တာ​တော့သိပါတယ်

ဒါ​ပေမယ့်​ ဟို​လေ အ​မေ့အသုဘပါဆိုမှ​တော့ အ​မေက​တေဘီပဲဟာ စားနိုင်​​တော့မှာမှမဟုတ်​ပဲ ဘာ​ကျွေး​ကျွေး​ပေါ့ ဆို​တော့ ဘာပြန်​​ပြောတယ်​​အောက်​​မေ့တုန်း

ဟဲ့အ​ကောင်​ ငါ့အသုဘ ငါ​ကျွေး​စေချင်​တာ ငါစီမံမယ်​ ငါကြိုက်​တဲ့အစားအစာ ငါ့ပရိတ်​သတ်​ငါ​ကျွေးမယ်​ နင့်​အသုဘကျမှ နင်​ကြိုက်​တာနင်​​ကျွေးဖို့စီမံ ဒါပဲတဲ့

အဲ့လို ကျုပ်​တို့အမျိုးက အဲ့လိုပါဆို

 

ဟုတ်​​တော့လည်းဟုတ်​တယ်​​နော

အသုဘဆို မုန့်​ဟင်းခါး​ကျွေးရမယ်​လို့ စာချုပ်​မှချုပ်​ထားတာမှမဟုတ်​ပဲ ကြိုက်​တာ​ကျွေးမ​ပေါ့

 

တော်​​သေးဘီဗျာ

ပုံ

အသုဘရက်​လည်​ အ​ကျွေးအ​မွေးကန်​န ကို re-defind လုပ်​သူ

မိမိဂီ မိသားစု

 

About ムラカミ

has written 498 post in this Website..

今でしょ?

CJ # 9092011