ကင်းကောင်လေးနဲ့ စကားစပ်မိရင်းက အူသန့်စင်နည်း အကြောင်းရောက်သွားတာနဲ့……
ခုတလော အူဆေးတယ်၊ အစာအိမ်ဆေးတယ် ဆိုတာ ခေတ်စားနေလို့ နည်းနည်းပွါးချင်ပါတယ်။
စလုံးမှာ လွန်ခဲ့တဲ့ ၅ နှစ်လောက်က Detoxing စ ခေတ်စားတော့ ကလင်းနစ်အမျိုးမျိုးကနေ ပြီး သူတို့ ရဲ့ ကိုယ်ပိုင်နည်းတွေ ကိုယ်ပိုင်ဆေးတွေ ကိုယ်ပိုင် လမ်းညွှန်မှုတွေနဲ့ အပြိုင်သဘောမျိုးကို လုပ်ကြတာပါ။
အဲဒီကနေ ဘယ်လိုဖြစ်ပြီး ဝိတ်ချနည်းတွေ ဖြစ်သွားတုန်းတော့ မသိဘူးးး

:kwi:
ဆိုတော့၊ ၂ ပိုင်းခွဲပြောချင်ပါတယ်။

၁) Detoxing (ဒီ ပို့(စ) မှာ ပြောပါ့မယ်)
၂) ဝိတ်ချခြင်းး (နောက် ကြုံမှပဲ)

:kwi:

Detoxing ရဲ့ ရည်ရွယ်ချက်က ကျနော်တို့က အစားစုံစား သတ္တဝါ/လူတွေမို့ စားလိုက်တဲ့ အစားအစာထဲက အဆိပ်အတောက် ဓာတ်တွေ ဟာ အူ၊ အစာအိမ်၊ အသည်း၊ ကျောက်ကပ်၊ သွေး စတာတွေထဲမှာ ကျန်နေတတ်ပါတယ်။အဲဒီ အဆိပ်အတောက်ဓာတ်ကို လျှော့ချ၊ဖယ်ရှားတာမို့ ဒီတောက်ဆင်း လို့ ခေါ်တာပါ…

Detoxing လုပ်လို့ ရနိုင်တဲ့ အကျိုးတွေက…
၁) အစားမစားတာနဲ့ တစ်ပြိုက်နက် ကျနော်တို့ ကလီစာ တော်တော်များများ အနားရပါတယ်။
၂) အလုပ်အများဆုံး အသည်းအနေနဲ့လည်း ခန္ဓာကိုယ်ထဲက အဆိပ်အတောက်ကို ဖယ်ရှားရာမှာ ပိုမြန်ဆန်ပါတယ်။
၃) အူ၊ ကျောက်ကပ်နဲ့ အသားအရည် သန့်ရှင်းဖို့လည်း အထောက်အကူပေးပါတယ်။
၎) သွေးလည်ပတ်မှုပိုကောင်းတယ်
၅) အာဟာရပြည့်ဝတဲ့ အစားတွေ စားတဲ့အခါ အာဟာရဓာတ်ကို စုပ်ယူမှု ပိုအားကောင်းပါသတဲ့။

.

.

.

Detoxing မလုပ်သင့်တဲ့သူတွေက…
၁) ကိုယ်ဝန်ဆောင်တွေ
၂) သွေးအားနည်း ရောဂါ ရှိသူများ
၃) အစာအိမ်နဲ့ အူလမ်းကြောင်း ရောဂါရှိသူတွေ မျိုး မလုပ်သင့်ပါဘူးး

.

.

.

Detoxing များ စတော့ မယ် ဆိုရင် ဘာတွေ အရင် လုပ်ရမလဲ???
၂ ရက်လောက် ….
၁) အရက်သေစာ
၂) စီးကရက် (သောက်တတ်ရင်)
၃) ကော်ဖီ၊ လက်ဖက်ရည်၊ နို့
၎) သကြား၊ ဆား၊ အချိုကဲ အစားအစာ
၎) ရယ်ဒီမိတ် အစားအစာ
၅) ကယ်မိကယ် ထိတွေ့မှု အဲဒါတွေ အကုန်ရှောင်ရပါတယ်။

.

.

.

Detox diets ဘယ်နှမျိုးရှိသလဲ???
၁) အသီးအနှံ နဲ့ ဟင်းသီးဟင်းရွက် စားခြင်း
၂) ကြိတ်ဖျော်ထားတဲ့ အနှစ် စားသုံးသောက်သုံးခြင်း
၃) ဖျော်ရည်သောက်သုံးခြင်း
၎) သကြားဓာတ်လျှော့ချတဲ့ ဆေးသောက်သုံးခြင်း
၅) ဒီတောက်ဆင်း အတွက် အထူးဖော်စပ်ထားတဲ့ ဆေး သောက်ခြင်း

၎ နဲ့ ၅ က ဆေး မို့လို့ ကျနော် ဒီအပိုင်းမှာ မပြောတော့ပါဘူးးး

.

.

.

၁) အသီးအနှံ နဲ့ ဟင်းသီးဟင်းရွက် စားခြင်း
အလွယ်ဆုံးပဲ၊ ကျနော်က အချိန်ခိုး၊ လူပျင်းမို့
မနက်စာ – သင်္ဘောသီး၊ ထောပတ်သီး လောက် ကို စိတ်ထားပြီးသား ဝယ်စားတယ်။
နေ့လည် – ဆလပ်ရွက်၊ ဂေါ်ဖီရွက်တို့ ခရမ်းချဉ်သီးသေးtသေးလေးတွေကို ကို သံလွင်ဆီနဲ့ သုတ်ပြီး အဆီမပါတဲ့ နပ် တစ်မျိုးမျိုးနဲ့ တွဲစားလိုက်တယ်။
ညဘက် – ငှက်ပျောသီး၊ ပန်းသီး စားချင်စား၊ မစားရင် အသီးအရွက် ရေလုံပြုတ်စားတယ်။ အာလူပြုတ်စားတယ်၊ ကန်စွန်းဥပြုတ်စားတယ်။
မှတ်ချက် –
ဆာတိုင်း ရေပဲ သောက်တယ်။
ထမင်းစားချင်ရင် ဆန်အညို ကိုချက်စားတယ်။

.

.

.

၂) ကြိတ်ဖျော်ထားတဲ့ အနှစ် စားသုံးသောက်သုံးခြင်း
ဒါပေမဲ့ ဒီနည်းက ထမင်းမလွတ်ပဲ ဆီလွတ်တဲ့ အပြုတ်နည်းနဲ့ စားလို့ရပါတယ်။
မှတ်မိလားမသိ၊ အာတီဒုံ ပြောဖူးတဲ့ အသီးအရွက် ကြိပ်ရည်။ အဲဒါ အကောင်းဆုံးပါပဲ။။

.

ဟင်းသီးဟင်းရွက်စုံ ဖျော်ရည်
Anti-Oxidant အစုံရအောင် ဟင်းသီးဟင်းရွက်စိမ်းစိမ်းကြမ်းကြမ်းများကို အရည်ကြိတ်၍ သောက်ရန်။
(က) ပိုးသတ်ဆေး+ပိုးမွှားများ ကုန်စင်အောင် ရေ ၁ ဂါလံ တွင် ရှာလကာရည် ထမင်းစားဇွန်း ၂ဇွန်း ရော၍ ၅မိနစ် စိမ်ပါ။ ပြီးမှရေစင်အောင်ဆေး၍ ၁မိနစ် ပြုတ် (သို့) ပေါင်းပါ။
(ခ) အားကောင်းသော Blender နှင့် ကြိတ်ချေ၍ ရေအနည်းငယ် ရောပါ။
(ဂ) သောက်မကုန်လျှင် ရေခဲသေတ္တာထဲ 1-2ရက်ထားနိုင်သည်။
(ဃ) ထည့်နိုင်သောအရွက်များ –
 ကိုက်လန် ၊ ဟင်းနုနွယ် ၊ မုန်လာဥနီ ၊ ရဲယိုရွက် ၊ မယ်ဇလီရွက် ၊ သင်္ဘောရွက် ၊ ကန်ဇွန်းရွက် ၊ မုန်ညင်း ၊ မြင်းခွာရွက် ၊ ခရမ်းချဉ်သီး ။(နှစ်သက်ရာ)
 တရုတ်နံနံ(သွေးတိုးရောဂါတွက် ကောင်းသည်) ။
 ပန်းဂေါ်ဖီ(ဖြူ) ၊ ပန်းဂေါ်ဖီစိမ်း ၊ ဂေါ်ဖီထုပ်(ခရမ်းရောင်) ။(ကင်ဆာကာကွယ်သည်)
 သောက်ကောင်းရန် ပန်းသီး၊သံပုရာသီးစသည့် မချိုလွန်းသော အသီးများထည့်နိုင်ပါသည်။
(င) တခါကြိတ်လျှင် ကြိုက်နှစ်သက်ရာ ဆယ်မျိုးခန့်ပါနိုင်လျှင် ကောင်းပါသည်။ အမယ်စုံလေ Anti Oxidant များလေဖြစ်သည်။
(စ) အစာစားပြီးမှသောက်ပါ။ (သွေးတွင်းသကြားဓာတ်ကျစေနိုင်သောကြောင့်)
(ဆ) တနေ့ ၁ ကြိမ် နေ့စဉ်သောက်ပါ။

.

နောက် ဥကျောက် ရဲ့ နည်း လည်းရှိသေးတယ်။

ပန်ကရိယဆေး ဖျော်ရည် (အရက်သေစာသောက်စားသူတို့ သောက်သုံးရန်သင့်တော်)

2014-09-25-8-foods-that-are-good-for-your-pancreas-fb
ပါတာတွေက အပေါ်ကပုံထဲမှာ။
နုတ်နုတ်စဉ်း ဗလန်ဒါနဲ့ကြိတ် ၊
ပိတ်စိမ်းပါးနဲ့ အရည်စစ် ၊
သံပုရာသီး တစ်လုံး (သေးရင် ၂လုံး) အရည်ညှစ်ပြီးထည့် ။
ဂလုလိုက်ရင် ပန်ခရိယက အစာဟောင်းတွေရဲ့ အဆိပ်တွေ ပြေပြီး ဝိတ်ကျပါတယ်…

.

.

.

၃) ဖျော်ရည်သောက်သုံးခြင်း
အနည်းဆုံး သစ်သီး ၃ မျိုးလောက်ကို တစ်နပ်စာမှာ ဖျော်ရည်ဖျော်သောက်တာပါ။
ကျနော်ကတော့ ဘာ သစ်သီးဖျော်ဖျော် သံပုရာရည်ညှစ်သောက်တာပဲ။

ဒီ အထက်ပါ ၃ နည်းက ထမင်းအလွတ်ကြီး မဟုတ်ပေမဲ့ စားတဲ့ထဲမှာ ဆီရှောင်၊ ဆားရှောင်၊ သကြားရှောင်၊ ရယ်ဒီမိတ် အစားစာရှောင်ပြီး အော်ဂစ်နစ် အစားအသောက်တွေကို ဦးစားပေးထားတဲ့နည်းတွေပါ။

.

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

.

ဟုတ်ကဲ့။ ဒီ နည်းတွေ အပြင် ခုနောက်ပိုင်း ခေတ်စားလာတာကတော့ သစ်သီးစိမ်ရေတို့ သံပုရာသီးစိမ်ရည်တို့ ကို အချိုရည် အစား ရေအစားသောက်သုံးပေးတာမျိုးပါ။
အောက်တွင်ရှူ့။

.

.

အသည်းနှင့်ကျောက်ကပ်ကို သန့်စင်ပေးတဲ့ သစ်သီးစိမ်ရေ

(www.facebook.com/pages/ကျန်းမာရေးသတင်းများ/231741783686751)

အခုတလော နိုင်ငံတကာ ကျန်းမာရေးစာမျက်နှာများမှာ အလွန်ခေတ်စားနေတဲ့ Detox Water အကြောင်းကို မျှဝေပေးချင်ပါတယ်။ Detox Water ဆိုတာ သစ်သီးများကို ရေဖြင့် စိမ်ထားတဲ့ သစ်သီးစိမ်ရေကို ဆိုလိုတာ ဖြစ်ပါတယ်။
သစ်သီးစိမ်ရေကို သောက်ခြင်းအားဖြင့် လူတို့နေ့စဉ် စားသောက်ထားတဲ့ အစားအစာများကို စစ်ထုတ်ပေးနေတဲ့ အသည်းနှင့် ကျောက်ကပ်တို့မှ အဆိပ်အတောက်များကို သန့်စင်ရှင်းလင်းပေးပြီး အသည်းနှင့်ကျောက်ကပ်ကို ရောဂါကင်းစင်စေကာ သန်မာလာစေတယ်လို့ ဆိုပါတယ်။
Detox Water ပြုလုပ်နည်းများထဲမှ နည်းလမ်းအချို့ကို ကိုယ်တိုင်အလွယ်တကူ ပြုလုပ်၍ သောက်သုံးနိုင်ရန် မျှဝေပေးလိုက်ပါတယ်။

.
(၁) Cucumber Lemon Mint Detox Water
ဖန်ခွက်၊ ရေခရား၊ အ၀ကျယ်ပုလင်းပု တစ်ခုခုထဲကို သောက်ရေထည့်ပါ။ ပြီးလျှင် သခွါးသီးကွင်း၊ သံပယိုသီးကွင်းနှင့် ပူစီနံရွက်တို့ကို ရေနှင့်ချိန်ဆ၍ အနေတော်ထည့်ပြီး (၅)နာရီခန့် ရေခဲသေတ္ထာထဲ ထည့်ထားပြီး သောက်ပါ။

.
(၂) Apple Cinnamon Detox Water
ပန်းသီးစိတ်နှင့် သစ်ဂျပိုးမှုန့် အနည်းငယ်ကို သောက်ရေထဲ ထည့်စိမ်ပြီး သောက်ပါ။

.
(၃) Apple Cider Vinegar Detox Water
ACV လို့ခေါ်တဲ့ ပန်းသီးအရည်ကို သောက်ရေခွက်ထဲ အနည်းငယ် ထည့်စိမ်၍ သောက်ပါ။ (Apple Cider Vinegar ကို ကုန်တိုက်များမှာ ၀ယ်ယူနိုင်ပါတယ်)

.

(၄) Strawberry Detox Water
စတော်ဘယ်ရီသီးလေးများကို သောက်ရေထဲ ထည့်စိမ်၍ သောက်ပါ။

.
(၅) Simple Detox Water
သံပုရာသီး၊ သံပုယိုသီး၊ ရှောက်သီး တစ်မျိုးမျီုးကို သောက်ရေထဲသို့ တစ်စိပ်လောက် ညှစ်ထဲ့၍ သောက်ပါ။

.
(၆) Weight Loss Detox Water
Grapefruit သီး၊ မန်ကျည်းသီးမှည့်၊ သခွားသီးတို့ကို အနည်းစီ ထည့်စိမ်၍ သောက်ပါ။ ၀ိတ်ကိုလည်း ကျစေပါတယ်။

.
(၇) Fruits Detox Water
ဒီနည်းကတော့ အကောင်းဆုံးနဲ့ အရသာအရှိဆုံး ဖြစ်ပါတယ်။ သခွါးသီး၊ ပန်းသီး၊ သံပုယိုသီး၊ ဘယ်ရီသီး၊ ပူစီနံရွက် စသည်တို့ကို လတ်လတ်ဆတ်ဆတ် စုံနိုင်သလောက် စုံအောင်ထည့်စိမ်ပြီး သောက်ပါ။

.
ဒီနည်းတွေထဲမှ မိမိနှင့်အဆင်ပြေနိုင်မည့် နည်းတစ်ခုခုကို ရွေးချယ်၍ လုပ်နိုင်ပါသည်။ အနည်းဆုံး ၆ နာရီမှ ၁၀ ခန့်အထိ စိမ်ထားပြီးလျှင် စတင်သောက်သုံးနိုင်ပါပြီ။ ရေနည်းသွားလျှင် ပြန်ဖြည့်ထားနိုင်ပါသည်။ စိမ်ထားသည့် ရေများကို ၂ရက်(၄၈) နာရီအတွင်း ကုန်အောင် သောက်နိုင်လျှင် ပိုကောင်းပါသည်။ ဒီထက် ပိုကြာသွားလျှင် မလတ်ဆတ်တော့ပါဘူး။
ပိုမိုထိရောက်စေလိုလျှင် အလုပ်နားသည့်ရက်မှာ ထမင်းဟင်းများကို လုံးဝမစားပဲ Detox Water ကိုသာ တစ်နေ့လုံး သောက်ပေးပါ။ စိမ်ထားသော အသီးအနှံနှင့် အခြားဖျော်ရည်များကိုလည်း သောက်ပေးနိုင်ပါသည်။
ဝမ်းတွင်းမှ ကလီစာများကို အနားပေးပြီး ဆေးကျောသန့်စင်သည့် သဘောဖြင့် တစ်ပတ်ကို အနည်းဆုံး တစ်ရက်ခန့် ပြုလုပ်ပေးပါက သင်သည် အသည်းနှင့် ကျောက်ကပ်ရောဂါဖြစ်မှာကို လုံးဝပူပန်စရာမလိုသည့် လူသားတစ်ဦး ဖြစ်လာမှာ အမှန်ပါပဲ။
လူတို့၏ ကျန်းမာရေးကို ဒုက္ခပေးနေသော သကြားနှင့်ဂတ်စ်တို့ဖြင့် ထုတ်လုပ်ထားသည့် အချိုရည်အမျိုးမျိုးကို သောက်သုံးမည့်အစား သန့်ရှင်းလတ်ဆတ်သော ကိုယ်တိုင်လုပ် သစ်သီးစိတ်ရည်ကို သောက်သုံးဖြင့် သင့်ကျန်းမာရေးကို ဒီနေ့ကစပြီး ဂရုစိုက်ပေးလိုက်ပါမိတ်ဆွေ။

.
စာနွဲ့နေဆိုင် (ပူတာအို)
ကျမ်းကိုး ။ ။ Detox Water
Credit to ကျန်းမာရေးသတင်းများ

.
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

.

Detoxing လုပ်တဲ့ အချိန်ကာလကတော့…
၁) တစ်သက်လုံး ဆင်ဆင်ခြင်ခြင် နေတတ်ရင်တော့ အကောင်းဆုံးပေါ့။ ဟိ
၂) မဟုတ်ရင်တော့ ကိုယ့် အကြိုက် အဆီအဆိမ့် အအီအအိမ့်မစားပဲ နေနိုင်သလောက် ၇ ရက် ၁၀ ရက် ၁၄ ရက် စသည်ဖြင့်ပေါ့။

.

.

.

တစ်ရက်တည်း လုပ်ချင်လည်း နည်းရှိပါတယ်။

.

.

.
“ဆေးစားစရာ မလိုပဲ (အူဆေးနည်း)”

www.infobankgroup.com

ချစ်စွာသော မိတ်ဆွေတို့ရေ ဗိုက်ပူ အလှ ပျက်နေလို့ စိတ်ညစ်နေကြ ပါသလားရှင်။ ဆေးသောက်စရာ မလိုပဲ အရမ်းကို ထိရောက်တဲ့ နည်းလမ်းလေး တစ်ခု ရှိပါတယ်။ တစ်ရက်တော့ ပင်ပန်း ခံရပါမယ်။ အနည်းငယ် ခက်ခဲတဲ့ အတွက် အစာအိမ်ရောဂါ ရှိသူ၊ သွေးအားနည်း ရောဂါ ရှိသူတွေ အတွက်တော့ မစမ်းသပ်ကြဖို့ မှာကြားလို ပါတယ်ရှင့်။
လုပ်ရမယ့် နည်းလမ်းလေး ကတော့ ဒီလိုပါ။

.
၁။ ၂၄ နာရီလုံး ရေ တစ်မျိုးထဲသာ သောက်ရပါမယ်။ (ဥပမာ – ယနေ့ မနက် ၇ နာရီမှ စမည်ဆိုလျှင် နောက်နေ့ မနက် ၇ နာရီထိ)။
၂။ ၂၄ နာရီအတွင်း အနည်းဆုံး ရေ ငါးလီတာ ခန့်ထိ ဝင်အောင် သောက်ပေးရ ပါမယ်။
၃။ မည်သည့် အစားအစာ၊ ကော်ဖီ၊ လက်ဖက်ရည်၊ အချိုရည်မှ မသောက်ရပါ။
၎။ ၂၄ နာရီ ပြည့်သည်နှင့် ရေကြက်သည်းနွေး တစ်လီတာကို ဆား လက်ဖက်စားဇွန်း တစ်ဇွန်း ထည့်မွှေပြီး တစ်ထိုင်တည်း ကုန်အောင် သောက်ပေးရ ပါမည်။
၅။ ထို့နောက် အိပ်ယာထက်တွင် ညာဘက်သို့ စောင်းကာ နာရီဝက်ခန့် လဲလျောင်း နားနေ ရပါမယ်။
၆။ ဝမ်းသွား လိုလာလျှင် ထ သွားလိုက်ပါ။
၇။ ထိုသွားသော ဝမ်းသည် အလွန် နံဟောင်သော ဝမ်း၊ ရံခါ အမည်း အညစ်အကြေး များပါ တွေ့ရ ပါလိမ့်မယ်။
၈။ ၄ ခါ ၅ ခါခန့် သွားပြီး အရည် ကျဲလာလျင် ဆန်ပြုတ် (သို့) သစ်သီးဖျော်ရည် တစ်ခွက်သောက်ကာ ခဏ ပြန်နားနေ လိုက်ပါ။
၉။ ထို့နောက် ထိုနေ့ တစ်နေကုန် အပူအစပ်၊ နို့နှင့် နို့ထွက် အစားအစာ များနှင့် ready made food များကို ရှောင်ကြဉ်ပေး ရပါမည်။

.
နောက်ရက်များတွင် နှစ်သက်ရာ ပြန်လည် စားသောက်နိုင်မည် ဖြစ်ပါသည်။ သို့သော် ready made food များကိုတော့ တတ်နိုင်သလောက် ရှောင်ကျဉ် ရပါမည်။ နို့နှင့် နို့ထွက် အစားစာ များကို တတ်နိုင်သလောက် ရှောင်ကျဉ် ရပါမည်။ သစ်သီးဝလံ များကို ပိုမို စားသုံးရ ပါမည်။ ညဘက်တွင် အသီးနှံ တမျိုးမျိုး ကို ညစာ အစားထိုး ဖြည့်စွက် စားသုံးနိုင်ပါသည်။

.
ယင်းနည်းသည် မင်းသမီး ဒိုင်ယာနာ မကွယ်လွန်မီ တစ်လ တစ်ခါ ပြုလုပ်နေကြ နည်းလမ်းဖြစ်သည် ဟု သိရပါသည်။
မိမိတို့ နေ့စဉ် စားသုံးခဲ့သော အစားအစာများ အကြော်ဆီများ ဆီဦးထောပတ် များအတွက် အူသည် မည်သည့် အခါမှ မဆေးကြော ခဲ့ရပါ။ ထို့ကြောင့် ဗီလိုင်ဟု ခေါ်သော အမြှေးလေးများမှာ ငါးကန်များ ရေညှိ တက်သကဲ့သို့ အညှိလေးများ တက်နေပါသည်။ ထိုသည်ကို ဆားရေနွေးလေး များဖြင့် ဆေးကြော သန့်စင်လိုက်ခြင်း ဖြစ်ပါသည်။ ထိုသို့ ဆေးကြော လိုက်ခြင်းဖြင့် နောင်အခါ စားသောက်သော အသီးအနှံ အစားအစာ များမှ အာဟာရများ ပိုမို စုပ်ယူနိုင်မည် ဖြစ်ြပီး ကျန်းမာ သန်စွမ်းသော ကိုယ်ခန္ဒာကို ပိုင်ဆိုင်လာမည် ဖြစ်သည်။
ထိုသို့ အူမဆေးမီ မိမိ ဗိုက်နှင့် ကိုယ်အလေးချိန် တိုင်းထားပါ။ အူဆေးပြီး နောက်ရက် ထပ်တိုင်းကြည့်ပါ။ သိသိသာသာ ဗိုက်လေး ချပ်ရပ် လှပသွားမည်ကို တွေ့ရပါမည်။

.
သတိပြုရန်မှာ။ ။ အူဆေး ထားပြီးနောက် ညစာအဖြစ် နို့နှင့် နို့ထွက် အစားစာများ စားသုံးခြင်း၊ ညစာ အလွန်အမင်း စားသုံးခြင်းများ သတိပြု ရှောင်ကြဉ်စေ လိုပါသည်ရှင်။ အသီးအနှံ ဖြည့်စွက် စားသုံးခြင်း အလေ့အထကို ပြုလုပ်စေလို ပါသည်ရှင့်။

.
~~~~~~~~~~~~~~~~~~~~~~~~~~~~~~

.

ဟုတ်ကဲ့။
နောက်ဆုံးမှ ကျနော် လုပ်ဖူးတဲ့ နည်းပါ။
သူများတွေ ၁၄ ရက်မို့ ကိုယ်လည်း အားကျမခံ ၁၄ ရက် လိုက်လုပ်ခဲ့ရတဲ့ ငရဲကျတဲ့ နေ့တွေပေါ့လေ။
အကြောင်းသိတွေကတော့ ဖြစ်ပါ့မလား ပူ တယ်။ ကိုယ် ဘယ်လောက် အစားကြိုက်တာ သိသကိုးးးး

:sar:

– ၁၄ ရက်မစခင် ၂ ရက်က အပေါ်က ပြောတဲ့ ရှောင်ရန်တွေ အရင် ရှောင်ရပါတယ်။ အူကို အရင်ကျင့်ရတာပါ။
– ၁၄ ရက် စ ပြီ ဆိုတာနဲ့ အဖတ်ဟူ၍ ဘာမှ စားလို့ မရတော့ပါ။
– ဆာတိုင်းသောက်ရမဲ့ အရည်ပြင်ဆင်ထားရပါတယ်။
၂ နာရီ အတွင်းကို ရေ ၁ လီတာ နှုံး
ရေတစ်လီတာထဲကို မေပယ်ဆီရပ် (Maple Syrup) ၄ ဇွန်း၊ သံပုယို တစ်လုံး အရည်ညှစ်ထည့်ထားရပါတယ်၊ ငရုတ်ကောင်းလို အမှုန့်ကလည်း ထည့်ထားရပါတယ်။ ဆာတိုင်းသောက်၊ ၂ နာရီ အတွင်းကုန်အောင်သောက်၊
ကုန်ရင် ထပ်ပြင်ထားး…
– ၃ ရက်လောက်ကြာရင် လူက လျှာကထုံပြီး ဘာအရသာမှမရတော့သလိုပါပဲ။
– အဲ ၃ ရက်လောက်ထိက အိမ်သာတက်လို့ရသေးတယ်။
– ၃ ရက်နောက်ပိုင်းက ဘာမှ မစားတဲ့ အတွက် သွားစရာမရှိ။
– အဲဒီ အချိန် ကလင်းနစ်ကပေးတဲ့ လက်ဖက်ခြောက်ထုတ်ကို ရေနွေးနဲ့ ည အိပ်ရာဝင် သောက်ရပါတယ်။
– ဒါမှ အူနံရံမှာ ကျန်နေတဲ့ အကြွင်းအကျန်တွေ အစာမရှိချိန်ဆေးချသလို ကွာကျတာမို့ ဝမ်း နံနံသွားပါတယ်။
– အဲလိုနဲ့ ၁၄ ရက် ပြည့်ပြီး ချိန်မှာ ဆန်ပြုတ်က စစားရပါတယ်။
– အစာပြင်းပြင်း လုံးဝ စားလို့ မရသေးပဲ (အမှန်တော့ စားချင်စိတ်လည်းပျောက်ပြီး) နည်းနည်းချင်းလောက်ပဲ အဆီမပါပဲ စစားရတာပါ။
– ၂ ပတ် လုံးဝ အဖတ်မစားတဲ့ အပြင် ရေများများသောက်ပြီး အချဉ်ဓာတ်ပဲ ဝင်တာမို့ မပိန် ခံနိုင်ရိုးလားး?? :oops:
– ၂ ပတ်အတွင်း ၄ ကေဂျီလောက် ကျပါတယ်။
– အဲ !!!! အစားမဖြတ်နိုင်သူ ကေဇီ ပြန်အစားမှာ ၆ ကေဂျီလောက် ပြန်တက်တာတော့ မပြောတော့ပါဘူးးး  :mrgreenn:
အူဆေးပြီးရင် အစားအသောက်ဓာတ်ကို အာဟာရကို ပိုစုပ်ယူတယ်လို့ ပြောခဲ့ပါတယ်နော့။

.

~~~~~~~~~~~~~

ဆိုတော့ ဒီလောက် ဆို ကောင်းကင်လေး ရွေးချယ်လို့ရမယ်ထင်ပါတယ်။
သူ့ အတွက် ရေးတာကိုးးး

:chit:

ဖြည့်ချင်တာရှိရင် ကော်မန့်မှာလာဖြည့်တော့မယ်နော်။

ဝိတ်ချနည်းတွေကတော့ နောက်မှပဲ။

:k:

ဇီဇီ

About ဇီဇီ

ဇီဇီ has written 334 post in this Website..

CJ # 129120