အိမ်ပြန်တိုင်း မပျက်မကွက် သွားရတဲ့ နေရာ လေး တစ်ခု ရှိပါရဲ့။

အဲဒီ မှာ အမှတ်အသား နေရာ ခြေရာလေး တွေ အများကြီး။
ဂျပ်ဆင် နား က စင်္ကြန်လမ်းတွေ၊
အာစီ ထဲ က ဘောလီဘောပွဲ တွေ၊
သစ်ပုတ်ပင်ကြီး နား က အုတ်ခုံ တန်း တွေ၊
အီကို ရှေ့က မြက်ခင်း စိမ်းစိမ်း တွေ၊
အဓိပတိလမ်း က ကံ့ကော်ပင် တွေ၊
တက္ကသိုလ် စာကြည့်တိုက် ရဲ့ လှေခါးထစ် တွေ၊
ဘွဲ့နှင်းသဘင် တစ်ဝိုက်က ဖြတ်လျှောက်နေကျ လမ်းလေး တွေ၊
အင်းလျား ဘေးက အကြော်ဆိုင်တွေ၊
ဘယ်တော့ မှ မမေ့မဲ့ အမှတ်တရ လေး တွေ ကို ကြည့်ပြီး
အတိတ် ကိုပြန် လွမ်း နေတတ်တဲ့ မိန်းမ တစ်ယောက်…

အရင်ကတော့ ဒီလို အဖွားကြီး ဖြစ်ချိန် လာလာပြီး ပြန်ကြည့်နေလိမ့်မယ်လို့ ဘယ်သိခဲ့ပါ့မလဲ။

အဲဒါတွေ နဲ့ နွယ်ပြီး ပါတ်သက် သက်ဆိုင်သူများ ထဲ က ရော
ဒီလို သတိရ နေဖူးလား ၊ ဒီလို လာလာချောင်းတတ်လား တစ်ခါတစ်ခါ တော့ သိချင်သား။
အများစု ကတော့ လက်ရှိ ဘဝ တိုက်ပွဲ တွေထဲ အတိတ် တွေ ကိုမေ့ချင်လဲ မေ့ နေလောက်ပြီ ထင်ရဲ့။

ကိုယ့် အဖြစ်ကို သိကြရင် မထင်ရဘူးပြောကြမလား။ ကြောင် နေပြီ ထင်ကြမလား။
ဒီလို သတိရဖို့ အချိန်မရှိပါဘူး လို့ ပြောကြမလား။
ကိုယ်က ဘဲ ထူးပြီး ခပ်ဂေါက်ဂေါက် ဖြစ်နေတာလဲ ဖြစ်နိုင်ပါတယ်လေ။

ဘာဘဲဖြစ်ဖြစ်
ငယ်ဘဝ ထဲမှာ ပြန်လှည့်လို့ ကြည့်ပျော် ခဲ့ တဲ့ အတိတ်လေးများ အတွက် ကျေးဇူးတင်ပါတယ် …..
ကျွန်မ ရဲ့ ချစ်စွာသော အမိတက္ကသိုလ်။ :-)

မီမီဝင်းဖေ – တို့သတိရနေမှာပါ

ကန်ရေပြင် မြေနီလမ်း တို့နဲ့ဝေး
စွယ်တော် ခုံပြာတန်း တို့နဲ့ဝေး
ယုံပါကွာ အချစ်ဆုံး မင်း ကို
တို့တော့ သတိရနေမှာပါ …

အိမ်ပြန်ချိန် တို့ခွဲ တစ်လမ်းစီမို့
ပြန်လည် ဆုံဆည်း ကြနိုင်ဖို့
ကံ ကို မျှော်လင့်ရင်း အဝေးက
တို့ သတိရနေမှာပါ …

လိုက်ဘရီ လေးလဲ တို့ နဲ့ဝေး
အာစီ လေးလဲ သတိရမိတယ်
ရင်မှာလွမ်းလို့ကျတဲ့ မျက်ရည်
ဂျပ်ဆင်အိုလေး ဘယ်မမေ့ဘူး …

ကြင်နာသူတွေ ရဲ့ ကံ့ကော်တန်း
ခြေရာထင်ကျန်ဆဲ အဓိပတိလမ်း
ရင်မှာ သံမှိုစွဲ နှလုံးအိမ်ထဲ
သတိရနေမှာပါ …

ECO

အီကိုသူ ရဲ့ အမိမြေ

CH

ဝင့်ထည်မြဲ ဘွဲ့နှင်းသဘင်

ADiPaDi

တည်ငြိမ်ဆဲ အဓိပတိလမ်း

Library 2

ခန့်ညားဆဲ ဗဟိုစာကြည့်တိုက်

Library

စောင့်နေကျ စာကြည့်တိုက်

SaKaingLann

လျှောက်နေကျ စစ်ကိုင်းလမ်း

ThitPotePin

ဇာတ်လိုက်ကျော်ကြီး သစ်ပုတ်ပင်

Uni 01

လရိပ်ပြာ ရဲ့ ဂျပ်ဆင်အို

 

Canteen

ကျောင်းကန်တီး အဝင်လမ်း

Sign

သံချေးတက်နေတဲ့ ဆိုင်းဘုတ်

About မြစပဲရိုး

Khin Latt has written 240 post in this Website..