. ခြေလှမ်းဦး များနှင့် ကခုန်ခြင်း တစ် – ပါဝါ (58)
တကယ်တော့ သမိုင်း ဆိုတာ လေ့လာကြည့်ဖို့ တကယ်ကောင်းတာပါ။
လူတစ်ဦးချင်းစီ ရဲ့ သမိုင်း၊ အဖွဲ့အစည်းတစ်ခုစီရဲ့ သမိုင်း၊ နိုင်ငံ တစ်နိုင်ငံချင်းစီ ရဲ့ သမိုင်း၊ ကမ္ဘာကြီး ရဲ့ သမိုင်း လိုမျိုး တွေ အပြင် နည်းပညာ ဆိုင်ရာ၊ ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေး စတဲ့ နေရာတွေမှာလဲ သမိုင်းကြောင်းတွေ ရှိပါတယ်။
ယုတ်စွ အဆုံး ခဏဘဲ တင့် တဲ့ ပန်းကလေးတစ်ပွင့်မှာတောင် သူ့အတွက် သမိုင်း ရှိခဲ့တာ။
အခုဆို ပန်းမြင်တိုင်း လက်စွမ်းပြနေကြတဲ့ ရွာသူ/သား များကြောင့် တစ်ချို့ပန်းလေး တွေ အင်တာနက်ထဲ မှာတောင် ဇာတ်လိုက် တွေ ဖြစ်ခဲ့ပြီ။
ဒီလိုပါဘဲ။
. မောင် (MG) လို့ တင်စားနိုင်တဲ့ မြန်မာဂဇက်ရွာလေး ကလဲ သူ့နည်းသူ့ဟန် ဝင့်ကြွားစရာ သမိုင်းကြောင်း ခြေရာ တွေ ချခဲ့ ရုံမက လက်ရှိကာလမှာလဲ တင့်တယ်နေဆဲလို့ ပြောနိုင်ပါတယ်။
. ရထားကြီး တစီးပေါ် လိုက်ပါလာတဲ့ ခရီးသည် တွေ လို တစ်ချို့လဲ လမ်းခုလတ် ထဲ ဆင်းကျန်ခဲ့တယ်။ တစ်ချို့ လဲ မညည်းမညူ လိုက်ပါလာဆဲ။ တစ်ချို့ ကတော့ တက်လာလိုက် ပြန်ဆင်းသွားလိုက် နဲ့။
ဘယ်လိုအခြေအနေ နဲ့ ဘဲ ရွာထဲ ခြေရာချချ၊ အခိုက်အတန့် ဘယ်လောက်ကလေး ဘဲ နေနေ ဂဇက်ရွာရဲ့ နွေးထွေးမှု ကို အမြဲခံစား သွားစေချင်တယ်။
အရင်လူတွေ ရဲ့ စကားသံတွေ ကိုလဲ လက်ရှိလူတွေက ခံစားကြည့်စချင်တယ်။ ရီစရာတွေလဲ တွေ့နိုင်မယ်၊ မောစရာများ လဲ မြင်နိုင်မယ်။
တစ်ခါတစ်ခါ လက်ရှိကာလ တစ်ခု ကနေ အတိတ်ကာလ ထဲ သွားပြန်ဝင်ကြည့် ရတာလဲ အရသာတစ်ခုပါ။
၂၀၀၈ ထဲ က နေ စုစည်းလာတဲ့ စာတွေထဲ က စိတ်ဝင်စားစရာ ဘာတွေများ တွေ့နိုင်မလဲ ဆိုတာ ကို သိချင်စိတ် ဖြစ်လာတာမို့ ဒီ Study ကို လုပ်ကြည့်တာပါ။
ကမ္ဘာကြီး ထဲ အသင်းအဖွဲ့ပေါင်း မြောက်များစွာရှိမယ်။
အဲဒီထဲ မှာ လူချင်းတောင် မမြင်ဘူးဘဲ စကားပြောနေတဲ့ အွန်လိုင်းအဖွဲအစည်း တွေလဲ မရေမတွက်နိုင်ရှိလာတယ်။
ဒီလို နေရာတွေ မှာ ရင်ဖွင့် စကားပြော လာသူ အများကြီး ရှိနေတာ မယုံနိုင်အောင်ပါဘဲ။
အပြင်မှာနဂို ခင်မင်သူတွေ ထက် မမြင်ဘူး တဲ့ သူတွေ ကို ပိုပြီးတွယ်တာလာတာ၊ စကားတွေ ဝေမျှ ပြောနိုင်နေတာ နည်းပညာတိုးတက်မှု တစ်ခု ထဲကြောင့်တော့ မဟုတ်နိုင်ဘူး။
လူတွေ သန်းပေါင်းများစွာထဲ အွန်လိုင်းသုံးသူ သိန်းချီရှိမှာပါ။
အဲဒီထဲ က လူတစ်ချို့ ဒီလို ရွာထဲ ရောက်လာပြီး အချင်းချင်း ဆွေရင်းမျိုးချာ လို ဖြစ်သွားတာ တစ်နေရာမှာတော့ Reason တစ်ခု ရှိကိုရှိရမယ်။
လေကြော ရှည်တာ ရပ်ပြီး လိုရင်း ကို သွားရရင် ….
စာရင်းပေါက် လူပေါင်း ၂၇၉ ယောက် ထဲမှာ တင်ထားတဲ့ သူ နှစ်ရာကျော် ရှိမှာပါ။
အဲဒီထဲ က နံပါတ် တစ်ခု လက်ထဲ ရောက်လာဖို့ ၂၇၉ ရေးမှာ ၁ ရေး ဘဲ ရှိပါတယ်။
ပထမဆုံး ပွဲဦးထွက် မှာ ဦးဆုံး ၁ရေး ကျ လိုက် တဲ့ Postက ဒီအချိန်မှာ ပြန်တူးဖော်လို့ မကောင်းတဲ့ လူမျိုးရေး ဖြစ်နေတာကြောင့် ပယ်လိုက်ရပါတယ်။
စိတ်တော့မကောင်းပါဘူး။ ဒါပေမဲ့ ဘယ်လိုအကြောင်း ကိုဘဲ ဖြစ်ဖြစ် အမုန်းတရား ပါနေရင် မဆွေးနွေး လိုပါ။
ဒါပေမဲ့ Study အတွက် တော့ စိတ်ဝင်စားစရာ တစ်ချက် ရခဲ့တယ်။
ဒီတော့ ဒုတိယ ၂၇၈ ရေးထဲ က နောက် ၁ရေး အတွက် မဲထပ်နှိုက်ပါတယ်။
မဲကျ သူက နံပါတ် (၅၈) ကိုအောင် ပါ။
မှတ်မိတာ မမှားရင် သမီးချောလေး နှစ်ယောက် ပိုင်ရှင်နဲ့ ရွာကို သံယောဇဉ်ကြီး ခဲ့သူ တစ်ဦးလို့ မှတ်ထားမိတယ်။
ကိုချို လို့လဲ နောက်အမည်တစ်ခု ရှိတယ်။သူ့ ရဲ့ ရွာအဝင် ပထမဆုံး ခြေလှမ်းအချ က “vacation to sydney and aucland” လို့ အမည်တပ်ထား တဲ့ ခရီးသွားဓာတ်ပုံလေး တွေ ကို မျှထားတဲ့ ပို့စ်လေးပါ။
Sep 1, 2011 နေ့မှာ တင်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ လေးနှစ် နီးပါးက ပေါ့။ ကိုယ်တောင် ရွာထဲ မရောက်သေးပါ။
ရွာ ရဲ့ လက်ရှိသက်တမ်း နဲ့ ဆို ခေတ်လယ် လောက်က လို့ ပြောနိုင်မလား ဘဲ။
. အော်ဇီ ကို အလည်သွားရင်း ရလာတဲ့ ပုံရိပ်လေး တွေ နဲ့ ပို့စ် ကို စိတ်ဝင်စားသူ တွေ ရှိခဲ့ကြတာ မဆန်းပါဘူး။
ပထမဆုံး သူ့ရဲ့ ပို့စ် ကို မှတ်ချက် ဦးဦးဖျားဖျား ပေးလိုက်သူက ကိုနိုဇိုမိ ပါ။
အမယ်မင်း …. ရွာအဝင် စမ်းတစ်ဝါးဝါး ဖြစ်နေသူ အတွက် ရေတစ်ခွက်ကမ်းရင်း သူကြီး ဓား အကြောင်းကိုလဲ သတိပေးလိုက် သေး။
အဲဒီ တုန်းက သူကြီးမင်း ကို ကြောက်ရတဲ့ ခေတ်များလားတော့ မသိ။
စိန်ပေါက်ပေါက် ရဲ့ ” ဂေဇတ်အသုံးပြုနည်း လမ်းညွှန်လေး” လဲ ထွက်နေပြီ မို့ အဲဒီ ဟာလေးကလဲ ရွာအဝင် လမ်းမမှား အောင် အတော် အသုံးဝင်ပါတယ်။ (အခု တော့ Result Page not found ဖြစ်နေရှာပြီ။)
အဲဒီအချိန် အဘဖော လဲ ရွာထဲ ရောက်နေပေမဲ့ ပို့စ်မတင်နိုင်သေးတာ တွေ့ရတယ်။
ခမျာ မြန်မာစာမတတ် တော့ (မရိုက်တတ်တော့) သနားစဖွယ်တောင်ဖြစ်နေပါလား။
ဟုတ်ပါတယ်။ ၂၀၁၁ ကာလ လောက်မှာ မြန်မာလို ရိုက်ဖို့ အတော်ရုန်းကန်ရတာ ကိုယ်တွေ့ဘဲ။
ကိုအောင် လဲ မြန်မာလို ရိုက်ဖို့ အခက်အခဲ ရှိနေခဲ့ပုံပါဘဲ။
ကိုအောင်ရဲ့ ပို့စ်အပြီး အဘဖောတစ်ယောက် ပိုးဝင်သွားခဲ့တယ် ထင်ပါတယ်။
အဲဒီ အတွက် ကျေးဇူးပါ ကိုအောင်။
ဆူး ကတော့ အတော်လေး ပိုင်ပိုင်နိုင်နိုင် မြန်မာလိုရိုက်ပြောနေတာ မို့ မြန်မာပြည်တွင်း မှာ တော့ အလေ့အကျင့် ရှိနေကြပုံဘဲ။
အပြင်လူ တွေ အခက်အခဲ ရှိတာ ပိုများနိုင်တယ်။
ဒါပေမဲ့ မန္တလာသူ ရော၊ ပုချ် လေးပါ အင်္ဂလိပ်လို ဝင်ပြီး မှတ်ချက်ပေးတော့ ခန့်မှန်းလို့ ခက် သွားပြန်တယ်။
အဲဒီအချိန် အင်တာနက်ကို ဖုန်း တွေ နဲ့ မသုံးနိုင်သေးဖူး လို့ တော့ ထင်မိတယ်။
ဆူး ကတော့ သူ့ ရုံးခန်းမှာ ပီစီ နဲ့ သုံးနိုင်တာ ထင်ရဲ့။
ရွာထဲ အဝင် ခြေလှမ်း အစမှာ မှတ်ချက်လေး တွေ နဲ့ အားပေးသွားတဲ့
“ကိုနို၊ အဘဖော၊ ဆူး၊ မန္တလာသူ နဲ့ ပုချ် ” တို့ရဲ့ နွေးထွေး တဲ့ ခင်မင်မှု ပြယုဂ် တွေ ကြောင့် ကိုအောင်တစ်ယောက် ရွာထဲ မှာ ဆက်ပြီး ပျော်နေနိုင်ခဲ့တာလို့ မြင်လိုက်ရပါတယ်။
ရွာထဲ မှာ ပို့စ်ပေါင်း ၅၁ ပုဒ် ကို မျှဝေခံစား စေခဲ့ပြီး လောလောဆယ်မှာတော့ ရွာ နဲ့ ဝေးနေသူ တစ်ယောက်ပေါ့။
Feb 27, 2013 – မီးထွန်းပွဲတော် (ထိုင်ပေ) အပြီး ရွာထဲက ပျောက်သွားတယ်။
အဲဒီ Post ကို ဖတ်အပြီး မှာတော့ မီးထွန်းဖို့ အလှဆင်ထားတဲ့ အရုပ်ကြီး တွေ ကို သဘောကျသူကျ၊ သီချင်းဝင်ဆိုသူ ဆို၊ သမီးလေး တွေကို ဝင်ပြီး မျှော်သူမျှော်၊ ကိုယ့်ပြည်က သီတင်းကျွတ် က ပိုပြီး လှမလှ ပိုပြီး စည်မစည် ယှဉ်သူယှဉ်၊ မီးတွေဆွဲလွန်းလို့ ဖျူးစ်ပြတ်သွားနိုင်တဲ့ အရေး တွေးသူတွေး ရှူဒေါင့်ပေါင်းစုံ အမြင်တွေနဲ့ ပျော်ရွှင်ဖွယ် အချိန်လေးတွေ ရခဲ့ပါတယ်။
လူတိုင်းမှာ တစ်ခြားအရေးပေါင်းများစွာ ရှိတာ နားလည်ပေမဲ့ အချိန်လေးများ ပေးနိုင်သလောက် ရွာထဲ မကြာကြာ ပြန်လာပြီး ဗဟုသုတလေး တွေ ဆက်မျှပေးနိုင်ရင် ကောင်းမှာလို့ တွေးမိနေတယ်။
ဒီ Post ထဲမှာ မှတ်ချက်ပေးသူ ငါးယောက်ထဲ ၃ယောက် က ရွာထဲ ရှိနေဆဲ။
ကျန် ၂ယောက်ရော သူတို့ ချခဲ့တဲ့ စကားတွေ ရှိတဲ့ ရွာလေး ကို သတိမှ ရကြသေးရဲ့လား မသိ။
လာမဲ့ ၂၇၆ ရေး ထဲ က ကျလာမဲ့ ၁ ရေး အတွက် ကြိုတင်ခံစားရင်း
ပုံ
. မြစာကလေး
. သုဋေသဏပြဉ်ဉာသျှဉ်ဂြည်း
22 comments
Ma Ma
June 6, 2015 at 11:48 pm
စိတ်ဝင်စားစရာပိုကောင်းသွားတာက ဒီလောက်များတဲ့ပိုစ့်တွေထဲက ပထမဦးဆုံး မဲကျလာတာ လူမျိုးရေးပိုစ့်ဖြစ်နေတာပဲ။
နမိတ်ဖတ်ရရင် …………
သုတေသနရဲ့ ပထမဦးဆုံး ပိုင်ရှင်က ကိုအောင် (ခ) ကိုချို ဖြစ်နေတယ်ဆိုတော့ သဂျီးမင်းရဲ့ဆိုဒ် ချိုမြိန်စွာ ဆက်လက်အောင်မြင်မယ်လို့…. 🙂
Alinsett @ Maung Thura
June 7, 2015 at 12:16 am
အနော်မသိတဲ့ တစ်ယောက်ပေပဲ။
အနော်က ဘယ်တုန်းက ရွာထဲရောက်ပါလိမ့်
သိပ်မမှတ်မိတော့ဘူး။
ဘာပဲ
ဖြစ်ဖြစ် ဒီအစီအစဉ်က မလွတ်တမ်း စောင့်ဖတ်ရမယ့် ချစ်စရာ အစီအစဉ်
ပထမဆုံး ဒီခြေလှမ်းဟာ အို နောက်ဆုံးတော့ ပန်းတိုင်ရောက်နိုင်မယ်
ဟာဟာ ဟားဟာ ဟား
ဟာဟေးဟေဟေးးး
ဒူတူတူး ဒူးတူ ဒူးတူတူးးးး
ယုံကြည် ခြေတစ်လှမ်း ခြေတစ်လှမ်းးးး
ကိုပေါက်(မန္တလေး)
June 7, 2015 at 11:33 am
2011 ဆိုတော့ ကျနော် အားကောင်းမောင်းသန် ရွာထဲရှိနေချိ်န်
အခုတော့ ဝင်လိုက်ထွက်လိုက်ဖြစ်ဘို့များနေပါတယ်
အလုပ်အနေအထားအရ ခရီးသွားနေရ ဘို့များတယ်
အရင်က လူပေါင်းများ စွာ ရေးလိုက် မန်းလိုက် ဖတ်လိုက်နဲ့ ရှိနေခဲ့တဲ့နှစ်များ ကို သတိရမိပါတယ်
ခင်ဇော်
June 7, 2015 at 2:24 pm
ကိုအောင် ပျောက်သွားးတာ တစ်နှစ်ကျော်ပါပေါ့..
မအားးမလပ်လို့ ထင်ပါရဲ့…
ဒေါ် လေး
June 7, 2015 at 11:21 pm
အရင်က ကျမ ကွန်ပြူတာ စကိုင်ကာစက
မြန်မာလိုဖတ်လို့ရတဲ့ ဂဇက်ကို အကြိုက်ဆုံး
နောက်ပိုင်း ဖုန်းလေးနဲ့ အလွယ်တကူ သုံးလို့ရတဲ့
ဖေ့စ်ဘုတ်ကြီ က အသုံးများလာတော့ ရွာထဲကိုသိပ် မဝင်ဖြစ်တော့ဘူး
စဖတ်တုန်းက မန်ဘာမဝင်ဘဲ ဒီလိုဘဲဝင်ဝင် ဖတ်ပါတယ်
နောက်ပိုင်း သကြီးက အကြံပိုင်တယ် စီဂျေများသာဖတ်ရန်တွေ
လုပ်လုပ်ပြစ်တော့ မဖြစ်ချေဘူးဝင်မှ ဆိုပြီး ဝင်ဖြစ်တာ
စပ်စု တာ ဝါသနာမို့ ဘာတွေများရေးထားပါလိမ့်ဆိုပြီး
မရအရဝင်ပြီးဖတ်တာ ဟီးဟီး
koaung
June 8, 2015 at 7:42 am
မလတ် သူကြီး ခင်မင်ရပါသော အပေါင်းအဖော်များခင်ဗျား
အမြဲတန်းတော့အားရင်ဝင်ဖတ်ဖြစ်ပါတယ် အလုပ်များသထက်များလာကတော့ မနှစ်ကနဲ့မတူ လို့ပြောရမလိုဖြစ်နေပြီ ကျနော်တို့လိုပြည်ပြတိုုင်းပြည်ကလာတဲ့လူတွေဟာ လုပ်ခမလျှော့ရင်တောင်အလုပ်ပိုလုပ်ရပါတယ် အလုပ်ထဲမှာဓာတ်ပုံစမ်းရိုက်ပေးရင်း အခုတော့အင်ဒိုးရိုက်ဘို့. အခန်းနဲ့မီစက်တွေပါဆင်ပေးပါတယ် ကျနော်ကဒိုင်ခံရိုက်ပေးပြီး အလုပ်ဖော်တယောက်က ပန်းသီးစပယ်ရှယ်လစ် ပြင်ပေးစာရိုက်ပေးပါတယ် ပင်ပန်းပေမဲ့ထွက်လာတဲ့ပုံလေးတွေကြည့်ပြီးကြည်နူးရပါတယ် ကိုယ်တိုင်ကလည်း၁ဝလပိုင်းလက်မှတ်တခုရဘို့စာမေးပွဲအတွက်ပြင်ဆင်နေရတာလည်းပါပါတယ်
ကုန်လွန်ပြီးသောကာလများအပ်ဂရိတ်လုပ်ရရင်ဖြင့် ချစ်လွှစွာသောမိခင်ကြီးကဆေးရုံတော်ဝင်ဆင်တာမှာ တင်လိုက်ဆင်းလိုက် ၂နှစ်အကြာ မနှစ်ကဘဲဆုံးပါးသွားပါတယ် အမြန်ပြန်လို့မရဗီစာ၃ရက်စောင့်ရတာကြောင့် အသက်မမှီ ရက်လည်ခါနီးမှရောက်ပြီး အလုပ်အခြေအနေအရ တရက်ဘဲနေပြီးပြန်ခဲ့ရပါတယ် နေရတဲ့တရက်မှာဘဲ၂၅နှစ်ကြာမတွေ့ခဲ့တဲ့ သူငယ်ချင်းကိုတော့တွေ့ခဲ့ရလို့ဝမ်းနည်းဝမ်းသာ ( ခုထိတကိုယ်တည်း)
သမီး၂ယောက်အကြောင်း း ကတော့အြကြီးမကကနေဒါမှာအထက်တန်းကျောင်းတက်ရာကနေ ၉၄ပါဆင့်နဲ့စကောလားရှစ်ရပါတယ် အမြငိ့ဆုံးတိုရန်တိုကိုဝငိလို့ရပေမဲ့ဈေးသက်သာတဲ့အယ်ဗာတာကိုဘဲရွေးပါတယ်သူ့ယသာရွေးတာ ကျနော်ဘာမှမသိလို့ဘာမှမပြာ အခုလည်းဝါသနာပါတဲ့ ပိုင်းလော့လုပ်မယ်ဆိုပြီး ကွန်ပြူတာနဲ့. ရူပဗေဒကို ဒယ်ဗယ်မေဂျာယူပြီးကျောင်းတက်ဘို့ပြင်နေပါကြောင်း
အငယ်မကတော့ သူနာပြုကျောင်းမှာကျောင်းအိပ်ကျောင်းစားရှိနေပါကြောင်း
အမျိုးထဲမှာကျနော်ကအရွယ်ဗရာက်လာတာနဲ့အတူအမျိုးထဲကစာတော်တဲ့ကလေးတွေကိုတနိုင်တပိုင်ထောက်ပန့်နေရတာမို့. ခုတလောဘယ်နိုင်ငံမှမဂိုးနိုင် တူမလေးတယောက်မနှစ်ကတော့တန်းထဲဝင်ပြီးဆေးလိုင်းတက်နေလေရဲ့. အမလတ်ရေ
kai
June 8, 2015 at 2:18 pm
ဓာတ်ပုံဆရာကြီးဖြစ်နေပြီပေါ့..။
မိခင်ကြီးအတွက်.. စိတ်မကောင်းပါဘူးနော..။
မြန်မာပြည်က.. အဲဒီဗီဇာစနစ်ကို.. ပြင်သင့်နေတာကြာပြီ..။ အခုထိအဆင်မပြေနိုင်ကြသေးဘူး..။
မိသားစုတွေ.. အင်မတန်ဒုက္ခရောက်တဲ့ဗီဇာစနစ်လေ..။
ဆိုတော့.. ကိုအောင်.. ယူအက်စ်လာလည်ရင်လည်းပြောပါဦး..။
သမီးကကနေဒါဆိုတော့.. လှည့်ဝင်လာလို့ဖြစ်မှာပါပဲ..။
koaung
June 8, 2015 at 2:51 pm
ကျေးဇူးတင်ပါတယ်သူကြီးရယ် နယူးယောက်ကသူငယ်ချင်းကလည်းပြောပါတယ် ကနေဒါယောက်ရင်ကားမောင်း၈နာရီဆိုရောက်ပြီ လာကြိုမယ်ပြောပါတယ် ခက်တာကလိုချင်တဲ့ပိတ်ရက်ရှည်မရ. အမှန်ဒီနှစ်တလလောက်ခွင့်ယူပြီး ဂျပန်သွားဘို့စီစဉ်တာ ပိတ်ရက်၅ရက်ထက်မပိုရဆိုလို့ ဘယ်ကိုမှရောက်ဖြစ်မယ်မထင် မိခင်ကြီးမရှိတော့မြန်မာပြည်လည်းမပြန်ချင် ကျနော်တို့ဆီက ကနေဒါနဲ့အမေရိကန် ဆိုဗီစာမလိုဘူးလို့ပြောတယ် ရောက်ရင်တော့ လှည့်ဝင်မှာပါ
မီးတွေစက်တွေဆိုလို့. အထင်မကြီးပါနဲ့ဗျာ အင်တာနက်ကမပျက်သေးသုံးလို့ရတဲ့ဟာတွေဆက်တင်လုပ်ပြီးပေးတာပါ ပိုက်ဆံပိုမရပါဘူးဗျာ ကိုယ်ကပညာရတာဘဲကျေနပ်ရတာပါ
အပြင်မှာပိုက်ဆဲပေးရိုက် အဆင်မပြေမှကျနော်တို့ဆီလှည့်လာတာပါ ဒါ့ကြောင့်လည်းသူဋ္ဌေးဖြစ်နေတာနေမှာ
ကိုယ်ကတော့ပညာရတာဘဲကျေနပ်လိုက်ပါတယ် ညိမ်ညိမ်မနေတတ်တော့ အခုမြန်မာစာရိုက်လို့ရတော့ တရုပ်စာကိုရေနွေးပြုတ်သောက်ဘို့ ကြံနေပါကြောင်း ဘိုင်သယ်ဝေး ဆမ်ဆောင်းနုတ်တွေနဲ့မြန်မာစာရိုက်ရတာဂွတ်ထ. 🙂
kai
June 8, 2015 at 3:10 pm
ကျုပ်မလည်း. ဆမ်ဆောင်နှုတ်၄နဲ့ မြန်မာစာရိုက်လို့မရ.. ဖတ်လို့မရ..
လုပ်နည်းလေး.. ပြောပါဗျ..။
အဲ.. အမြစ်တူးလို့တော့မဖြစ်..။ ဝရမ်တီ ဗွိုက်မှာမို့လေ..။
ဘိုင်သဝေး..
ပြည်ကြီးစာ ကျွမ်းကျင်တတ်မြောက်အောင်သင်ပါလေ…။
ကမ္ဘာသုံးကြီးဖြစ်လာမယ်သေချာ…။
koaung
June 8, 2015 at 3:50 pm
သမီးအငယ်ကိုတော့နုတ်၄ပေးသုံးတယ်ကျနော်ကတော့နုတ်၂နဲ့နုတ်၃ တွဲသုံးတယ် ကွာတာကနုတ်၂ကဘရိုဆာများများကြည့်လို့ရတယ် နုတ်၃ကဝမ်းဘရိုဆာဘဲသုံးလို့ရတယ် မန်းတလေးဘရိုဆာရတယ် နုတ်၄ကသမိးသုံးတာဆိုတော့ ဝလည်းမစိ. နုတ်၃တုံးကအမြစ်မဖော်ဘဲ အိုးပန်းအီးမေးနဲ့မြန်မာဖောင့်ထည့်တာ အနော်လည်းသူများလုပ်ပေးတာ. ဘိူင်သယ်ဝေး နောက်ဆိုပန်းသီးဝယ် ပန်းသီးမီနီကမြန်မာဖောင့်ဒေါင်းရုံဘဲ ဆိုင်သွားဘို့မလို. ဘလက်ကီးဆိုတာလေးဒေါင်းရုံဘဲ. ပန်းသီးကွန်ပြူတာလည်းမြန်မာဖောင့်အရမ်းအဆင်ပြေတယ်. အမေရိကန်ကမြန်မာတွေပြုစုထားတာ. ဝင်းဒိုးကျတော့. Wyzo browser ကျမှမြင်ရတယ်. ဖိုင်းယားဖောက်သုံးလည်းအဆင်မပြေ
အိုဘယ့်. မြန်မာလဖောင့်. ဘိုင်သယ်ဝေး တရုပ်စာကတိုင်ဝမ်ရောက်ကာစ. တရုပ်စာအားနဲတဲ့ကျနော်ကို. အခုသူတို့တောင်မဖြေရဲတဲ့. စာမေးပွဲကိုတရုပ်လိုဖြေပြ. ရေးပြမလို့ ဟဲဟဲ:):):)
koaung
August 29, 2015 at 12:41 pm
သူကြီးခင်ဗျား
အင်ဒိုရီမှာ ဆမ်ဆောင်းဇော်ဂျီဒေါင်းလုပ်ပြီး ဆက်တင်မှာပြောင်းလိုက်ရင်မြန်မာဖောင့်အဆင်ပြေပြီ နုတ်၂နဲ့နုတ်၃နုတ်၄ ပါရပါကြောင်း ခင်မင်လျက် မန်းတလေးဘရိုဆာကမန်းဂဇက်ကြည့်ရတာအဆင်ပြေတယ် ကီးဘုတ်ကတော့ ပုဂံကအသုံးတဲ့နေပါကြောင်း
kai
August 29, 2015 at 2:27 pm
ကျုပ်ဆီမှာ အဲဒါမရဘူးဗျ..။
ဆမ်ဆောင်းဇော်ဂျီတခုမှမရ…။
ဖေ့စ်ဘုတ်တော့.. iFont ( https://play.google.com/store/apps/details?id=com.kapp.ifont&hl=en)
အဲဒါ Installed ပြီးရင်.. MY ကနေ ဇော်ဂျီသွင်းပြီး ကြည့်လို့ရပါကြောင်း..။
အဲဒါကတော့ စမ်းကြည့်ပါမယ်..။
ကျေးကျေး။
Mike
June 8, 2015 at 10:06 am
.ဟား..ကိုအောင်ရွာဝင်ပြီးကွန်မန့်ပေးတာတွေ့ရတော့
.အရီးမုတ်ဆိတ် သမိုင်းကိုတူးဆွတာအောင်မြင်ပါဂျောင်း..
.ဆက်တူးမဲ့ခြေလှမ်းတွေကို ရင်ခုန်စွာစောင့်နေပါဂျောင်း..
.ကိုအောင့်အပြောအရ သမီးတွေထူးချွန်ကြတာသိရလို့ဂုဏ်ယူဝမ်းမြောက်ပါကြောင်း..ကိုအောင်ရေ :))
koaung
June 8, 2015 at 12:09 pm
ကိူကြီးမိုက် ကလေးတွေကအမေပြောတဲ့ အမောပြေဆိုတာသူတို့မျက်နှာလေးတွေပါ အရင်ကမျက်နှာချောချောမြင်ရင် များများကြည့်ချင်တဲ့စိတ်ရှိခဲ့ပေမဲ့ အခုတကယ်ကြည့်ရမြင်ရမှာက ကျနော်တို့ရဲ့ရင်သွေးတွေဖြစ်တဲ့ ကျနော်တို့ရဲ့ကလေးတွေပါ အရွယ်ကလည်းစကားပြောလာ တာနေမှာ ကိုကြီးမိုက်ကလေးတွေအတွက်လည်းဝမ်းသာဂုဏ်ယူမိပါတယ်ဗျာ
မြစပဲရိုး
June 10, 2015 at 5:14 am
အသံလေး ပြန်မြင်လိုက်ရလို့ ဝမ်းသာပါတယ် ကိုအောင်ရေ။
သမီးလေးတွေ အတွက် လဲ ဂုဏ်ယူပါတယ်။ :-))
Courage
June 12, 2015 at 7:13 am
ဟွာလေ… မနေ့တစ်နေ့ကမှ ရွာထဲဝင်ပြီး ငမြောက်ငခြောက်လုပ်နေတဲ့ ကျွန်တော်တို့အဖို့ လေ့လာစရာ တွေတိုးတာပေါ့ ဒေါ်လေးမြ။
surmi
June 27, 2015 at 11:19 pm
သူပြန်လာရင် ကျနော့်ကို ဒန်ပေါက်ချက်ကျွေးပါတဲ့ ……
ကိုအောင်ရေ
ဒန်ပေါက်သာမက ရေခဲမုန့်ပါကျွေးမယ်ဗျာ 🙂
koaung
June 28, 2015 at 5:10 pm
ကျေးဇူးတင်ပါတယ် ကိုဆာမိရယ် မြန်မာ ပြညိရောကိတိုငိး အမှတ်တရ ဖြစ်မိတာတွေက. ရွှေ တိဂုံဘုရားနေ့တိုင်းတက်ဖြစ်တယ် ဘယ်နေရာသွားသွား လမ်းလျောက်ဖြစ်တာများတယ် ဒံပေါက်ထမင်း နေ့တိုင်းစားဖြစ်တယ် (ကြက်လျှာစွန်းနော်) ရေခဲ မုန့်ထက် ဖာလူဒါစားနေကျမို့. ဖာလူဒါဘဲစားတယ် ကျန်တာကတော့ ဒိန်ချဉ် လဘက်ရည်ဆို ၂ခွက်ဆက်တိုက်သောက်တယ် 🙂 🙂 🙂 ငတ်တာ မြန်မာ ပြည်ပြန်တိုင်း ကျနော်တို့လို ခြေသလုံးအိမ်တိုင်သမားတွေက. အမျိုးတွေတောင်မနုတ်ဆက်နိုင်ဘူး တာဝန်မကျေဘူးပေါ့ဗျာ လိုအပ်ရင်အဝေးကနေထောက်ပန့်ပါတယ် ရေစက်ဆုံရင်တွေ့ကြတာပေါ့ဗျာ အဝင်အထွက် အတည်တကျမရှိ အသွားအလာ ခက်ခဲမှာမို့. ကိုယ့်ဓာတ်ပုံတောင် အပ်ဒိပ်မလုပ်ချင် ကျေးဇူး အများကြီး တင်ရှိပါကြောင်း
koaung
August 29, 2015 at 2:43 pm
ဆမ်ဆောင်းအပလီမှာရှာလို့မရဂူဂယ်အပလီမှာသာရပါကြောင်း ကျနော်လည်းဒီနေ့မှအားလို့စမ်းကြည့်တာအဆငိပြေသွားပါကြောင်း
ဦးကြောင်ကြီး
August 29, 2015 at 12:56 pm
အူးအောင်အား ကြောင်က္ခထီးဗွဲ့ ခ ျီးမြှင့်ပါသီ…။
koaung
August 29, 2015 at 1:11 pm
ယူစေဗျား တနှစ်ကျောင်းလခ အမေဂျိကဒေါ်လာ ၃သောင်းစားစရိတ်မပါ ၃နှစ်စာအရင်ပေးချေပါ 🙂 🙂 🙂
ဦးကြောင်ကြီး
August 29, 2015 at 1:15 pm
ကြောင်က္ခထီးအူးအောင်အား ၃နှစ်လွတ်ငြိမ်းခ ျမ်းသာဂွင့် ပြုသီ။