ညှော်ကြမယ်ဗျိုး…..

ရုံးသမားမို့ တစ်ပါတ်စာ စားလို့ရအောင် စနေ တနင်္ဂနွေ တစ်ရက်ရက်မှာ အကြော်လှော်လေးတွေ ချက်ပြုတ်ကြော်လှော်ရပါတယ်…

ဒီတစ်ပါတ်တော့ ငံပြာရည်ချက် ချက်ပါမယ်… ငံပြာရည်ချက်အတွက် လိုအပ်တာတွေကတော့

1.. ပုဇွန်ခြောက်             ၁၀ ကျပ်သား

2.. ငရုတ်သီးခွဲကြမ်းခြောက် ၅ ကျပ်သား

3.. ကြက်သွန်နီ             ၁၅ ကျပ်သား

4.. ဆီ                         ၁၀ ကျပ်သား

5.. ငံပြာရည်                   ၅ ကျပ်သား

6.. ကြက်သွန်ဖြူ             ၅ မွှာ လောက်ဆိုရပါပြီ…

လိုအပ်တာတွေ

လိုအပ်တာတွေ

သူတို့ကို ချက်ဖို့ပြင်ဆင်တာလေးလဲပြောမယ်နော်…

အရင်ဆုံး ငရုတ်ခွဲကြမ်းကိုထောင်းရပါမယ်…အိမ်မှာတော့ အမေ့လက်ဆောင် ကျောက်ငရုတ်ဆုံကိုဘဲသုံးပါတယ်..

ငရုတ်ခွဲကြမ်းထောင်းပီးရင်ခပ်ထားကာ၊ ကြက်သွန်နီ အခွံခွာ ထူထူလှီးထားတာကို ဆက်ထောင်း မညက်တညက်မှာ ခပ်ထားပါ၊ ပြီးမှ ပုဇွန်ခြောက်ကို ထောင်းပါ…အိမ်မှာတော့ အဲ့ဒီ အစီစဉ်အတိုင်း ထောင်းရပါတယ်…ဒါမှ ငရုတ်ဆုံဆေးရတာသက်သာမှာကိုး…

ထုထောင်းပြီးပုံ

ထုထောင်းပြီးပုံ

ကဲ ပြင်ဆင်ပြီးရင် ကြော်ရအောင်…

ဒယ်အိုးပူရင် ဆီထည့် ဆီပူလာရင် အရင်ဆုံး ကြက်သွန်နီထောင်းကို ထည့်ပါ မွှေပါ နွမ်းလို့မွှေးလာရင် ငရုတ်ခွဲကြမ်းထောင်းကိုထည့်ပါ၊

သူလဲ မွှေးလာရင် ပုဇွန်ခြောက်ထည့်ပါ.. မပြတ်မွှေပေးရပါမယ်.. ငရုတ်သီးတွေတူးမသွားအောင်ပါ…နောက်တော့ ငံပြာရည်ထည့်ပါ…မွှေပေးပါ..ငံပြာရည် အနံ့ပျောက်လို့ မွှေးလာရင် ကြက်သွန်ဖြူစိတ်လေးတွေထည့်လို့ မီးဖိုပေါ်ကချနိုင်ပါပြီ…

ငံပြာရည်ချက်

ငံပြာရည်ချက်

အရံဟင်းတစ်ခွက်အနေနဲ့ သူ့ချည်းစားစား အတို့မြှုတ်စုံလေးနဲ့စားစား

စားကောင်းသလောက်လဲ ချက်နေချိန် ညှော်တာမို့ ရွာသူားတို့ရေ ညှော်ကြမယ်ဗျိုး…..

About Ma Ei

Ma Ei has written 53 post in this Website..