“တိမ်များနှင့်ဆော့ကစားခြင်း”

AA စီးမိုးထားတဲ့တိမ်

AA စီးမိုးထားတဲ့တိမ်

ဒီကျယ်ခေါင် ရွှေလီက မိုးများပါတယ်။

ဒါပေမယ့် ရွာလိုက်တိတ်လိုက်။

မိုးရှိတော့ တိမ်လှပါတယ်။

အဲတော့ကြုံတိုင်းရိုက်မိပါတယ်။

BB မျြို့အ၀င်

BB မျြို့အ၀င်

ပထမတော့ ရွှေလီမြို့ အ၀င်ကနေရိုက်ပါတယ် ။

အဲဒီအချိန်မိုးမရွာသေးတော့ရိုက်ကောင်းပါတယ်။

 

အနောက်ဘက်ကိုလှည့်ကြည့်တော့ တိမ်တွေလှနေတာနဲ့ ကျယ်ခေါင်မြို့အပြင်ထွက်

မြန်မာပြည်ဘက်ခြမ်း မူဆယ် ကားကြီးဝင်းဘက်ကနေရိုက်မယ်ဆိုပြီးထွက်လာခဲ့ပါတယ်။

ကျနော်လိုချင်တဲ့ နေရာကိုလဲရောက်ရော

အစကကြည်လင်တောက်ပနေတဲ့ ကောင်းကင်ကချက်ခြင်းဘဲ မိုးတွေအုံ့မိုင်းလို့လာပါတယ်။

1 တိမ်တွေအုံ့မိုင်းနေတဲ့ကောင်းကင်

1 တိမ်တွေအုံ့မိုင်းနေတဲ့ကောင်းကင်

2 ရွာတော့မယ်လို့အချက်ပြ မဲမှောင်နေတဲ့ကောင်းကင်

2 ရွာတော့မယ်လို့အချက်ပြ မဲမှောင်နေတဲ့ကောင်းကင်

 

3 ပြိုမလို လို

3 ပြိုမလို လို

ဒါနဲ့ဘဲ ကမန်းကတန်း လေးငါးပုံလောက်ရိုက်ပြီး ပြန်လာခဲ့ပါတယ်။

နောက်နှစ်ရက်လောက်နေတတော့ မူဆယ်က ဓါတ်ပုံရိုက်ဘက် ကောင်လေးက  မော်ဒယ်ရိုက်မယ်

ဦးပေါက်ထွက်ခဲ့ဆိုတာနဲ့ ဓါတ်ပုံရိုက်ဘို့ ထွက်ခဲ့ပါတယ်။

သူနဲ့ချိန်းတာကလဲ ဟိုနေ့က ကျနော်သွားခဲ့တဲ့ လမ်းမှာပါဘဲ။

 

4 ညနေခင်းရဲ့တိမ်ရောင်စုံ

4 ညနေခင်းရဲ့တိမ်ရောင်စုံ

5 တိမ်မိုင်းညိုပြာ

5 တိမ်မိုင်းညိုပြာ

6တိမ်လှိုင်း

6တိမ်လှိုင်း

ကျနော် သူနဲ့ချိန်းတဲ့နေရာကိုသွားနေတုန်းမှာဘဲ ကောင်းကင်ကြီးက အရောင်တွေပြောင်းပြီးလှလို့လာပါတယ်။.

ဒီတော့ ………………………………………………………..

 

ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ

24-6-2015

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1578 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။