ကျနော်ရိုက်ပြီး ကြိုက်ခဲ့သောပုံများ အမှတ် တစ် ( ဓါတ်ပုံပိုစ်)

ကျနော်ရိုက်ပြီး ကြိုက်ခဲ့သောပုံများ  အမှတ် တစ် ( ဓါတ်ပုံပိုစ်)

 

ကျနော်ရိုက်ခဲ့တဲ့ ပုံများထဲမှာ ကျနော်ကိုယ်တိုင် နှစ်သက်တဲ့ပုံလေးတွေရှိပါတယ်။

ဟိုးအရင်ကတော့ ဆရာ့ ဆရာတွေရိုက်တဲ့ ပုံတွေကိုကျနော့် တို့ကြည့်ပြီး

မှတ်ရ သဘောကျ ခဲ့ ရပါတယ်။

ကိုယ်တိုင်ရိုက်တော့ မယ်ဆိုချိန်မှာ အစကတော့ ကိုယ်ရိုက်ချင်သလိုရိုက်ရာကနေ

သူများဝေဖန်တာကိုနားထောင်ပြီး ကိုယ်မသိတာကို ကိုယ့်ထက်သိသူထံမှာ

မေးရ မြန်းရ တပြည့် ခံရပါတယ်။

ဒါပေမယ့် လည်း ပြည့် စုံလုံလောက်တဲ့ အနေအထား

တတ်ကျွမ်းတဲ့အနေအထား ကို ရောက်မလာသေးတာကတော့ အမှန်ပါဘဲ။

အခုထိလည်း သင်ယူနေရဆဲ ဖြစ်ပါတယ်။

အတတ်ပညာတစ်ခုဆိုတာ သင်ယူ လေ လေ ပိုခက်ခဲလေ

လို့ ကျနော်စိတ်မှာ ခံယူလို့ ထားပါတယ်။

အခုပုံလေးတွေက ပြည့်စုံ ခြင်းတော့ မရှိသေးပါဘူး။

ဒါပေမယ့် ကျနော်နှစ်သက်ခဲ့တဲ့ပုံလေးတွေဖြစ်ပါတယ်။

1 မင်းကွန်းပုထိုးတော်ကြီးရှေ့ ဆင်နဲ့အလှူလှည့်လာတာ (ကိုစိန်သော့ Mလုလင် တို့နဲ့သွားတုန်းက)
1 မင်းကွန်းပုထိုးတော်ကြီးရှေ့
ဆင်နဲ့အလှူလှည့်လာတာ
(ကိုစိန်သော့ Mလုလင် တို့နဲ့သွားတုန်းက)
2 မေတ္တာ
2 မေတ္တာ
3 အာရုဏ်တက် ချိန်
3 အာရုဏ်တက် ချိန်
4 သဘာဝအခင်းအကျင်း
4 သဘာဝအခင်းအကျင်း
5 အဟောင်းအသစ်  ဖြစ်တည်ခြင်း
5 အဟောင်းအသစ်
ဖြစ်တည်ခြင်း
6 ပြာလွင်သော တိမ်များဖြင့် အလှဆင်ခြင်း
6 ပြာလွင်သော တိမ်များဖြင့် အလှဆင်ခြင်း
7 ရောင်စုံနံနက်ခင်း
7  အတားအဆီး
8 အေးအေးလူလူ
8 အေးအေးလူလူ
9 ပြေးလာတဲ့လှိူင်း  (ခင်မောင်တိုး)
9 ပြေးလာတဲ့လှိူင်း
(ခင်မောင်တိုး)
10 အရောင်စုံ ညနေခင်း
10 အရောင်စုံ ညနေခင်း
11 မျှဉ်းကွေးများ ဖြင့်  အလှဆင်ခြင်း
11 မျှဉ်းကွေးများ ဖြင့်
အလှဆင်ခြင်း

 

ဆက်လက်ဖော်ပြပါမည်

 

ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ

4-7-2014

 

12 comments

  • မြစပဲရိုး

    July 5, 2015 at 1:57 pm

    . တော်တော်များများ ကို မှတ်မိပါတယ် ကပေါက်ကြီး။
    ” အဟောင်းအသစ် ဖြစ်တည်ခြင်း” ကတော့ မြင်လိုက်ရတာ ဆန်း တယ်။
    .နွားလေး တွေ ခမျာ ပိန်ရှာတယ်။ သူတို့ သခင် တွေ တောင် ဝ အောင် မစားရမှတော့။

    • ကိုလတ်ရေ

      အဟောင်းအသစ်ဖြစ်တည်ခြင်းက စစ်ကိုင်းတောင်ရိုးက ဆွမ်းဦးပုညရှင် ဘုရားအရှေ့ဘက်က
      စကားပင်အိုြဲကီးပါ။
      နောက်တစ်ပုံရှိပါသေးတယ် အဲဒီပုံက တင်ဘူးတယ်။

      သစ်ကိုင်းအကွေးကြားကနေ အောက်က စေတီလေးကိုရိုက်ထားတာ။

      နွားလေးတွေက ရှမ်းလေးကျွန်းမှာ ။

      မြန်မာနွားတွေက အများအားဖြင့် ဒီလို ခပ်ပိန်ပိန်လေးတွေပါဘဲ။.

      သခင်မဝ တာကတော့ မပြောပါနဲ့တော့။
      ရှာရဖွေရခက်တာတစ်မျိုး။
      အုပ်ချုပ်သူနှိပ်စက်တာတစ်မျုးိ့
      သူ့အစွယ်အပွားက မိုက်ကြေးခွဲတာတစ်မျုးိ။
      ရာသီဥတု နှိပ်စက်တာ တစ်မျုးိ။
      ဆိုတော့
      အမျိုးမျိုးပါဘဲ။

  • Alinsett @ Maung Thura

    July 5, 2015 at 5:12 pm

    နံပါတ် ၁ဝ လို ပုံမျိုး အပြင်မှာ တစ်ခါမှ မမြင်ဖူးဘူး။
    ကျနော်ပဲ အပြင် သေချာ မရောက် မပေါက် မသိ မမြင်နိုင်လို့များလား

  • အလင်းဆက်ရေ
    နံပါတ် 10 နဲ့ 11 ကချောင်းသာမှာ မထင်မှတ်ဘဲရခဲ့တဲ့ပုံလေးတွေပါ။

    ဒီပုံလေးတွေအားလုံး က ကင်နွန် A2200 ကင်မရာအသေးနဲ့ ရိုက်ထားတဲ့ပုံတွေပါ
    Light room ဆော့ဖ်ဝဲထဲမှာထည့်ပြီး နံမယ်ထိုးတယ် အလင်းအမှောင်ချိန်တယ်
    အပြင်လောက မှာလည်း ဒီလိုတိမ်မျုးိတွေ့ချင်ရင် ပင်လယ်ပြင်နဲ့ နီးတဲ့နေရာကိုသွားရင်တွေ့နိုင်ပါတယ်။

    • Alinsett @ Maung Thura

      July 6, 2015 at 2:23 am

      ကျနော် ရခိုင်ပြည်ထဲက ပင်လယ်ပြင်တဆက်တည်း
      .ရေပတ်လည်ဝိုင်းထားတဲ့ ကျွန်းကလေးမှာာာ
      ငါးနှစ်လောက် နေခဲ့/တံငါ လုပ်ခဲ့ဖူးပါတယ်။

      အဲ့ဒီကျွန်းကလေးဟာ. . .
      ငပလီကမ်းခြေနဲ့ ဘာမှ မကွာရေးချမကွာတဲ့
      သဘာဝကျကျ ကျွန်းကလေးး

      ပင်လယ်ပြင်ကြီးရဲ့ တဖက်. . .
      .တောင်ဘက်အရပ်ဆီမှာ . . .
      တိမ်တွေ အရောင်အရိပ်ဆန်းပြားစွာ
      .မြင်ဖူးပါရဲ့။
      အခု မြင်ရတဲ့ပုံစံ အရောင်တော့ မမြင်ရေးချ
      မမြင်ဖူးခဲ့. . .
      .မြင်ရကံ မပါခဲ့သမျှ
      အခု လေးပေါက် ပြလို့ မြင်ရပြီ

  • Mike

    July 6, 2015 at 4:06 pm

    .ကိုယ်တွေရိုက်ရင် ဘယ်တော့မှအဲ့လောက်မလှ…အားလုံးကြိုက်

  • aye.kk

    July 7, 2015 at 6:15 pm

    ကိုပေါက်ရေ
    ပုံတွေအားလုံးလှလိုက်တာ၊
    ပုံအားလုံးကိုနှစ်သက်လို့saveထားလိုက်ပြီ၊ခွင့်ပြုနော်။။

  • တောင်ပေါ်သား

    July 8, 2015 at 4:37 pm

    နံပတ် ၄ က မျက်စိထဲကို လင်းသွားတာပဲ ၊

  • 2012 အောက်တိုဘာလ အောင်ပန်းကို ရောက်တုန်းက ရိုက်ထားတာပါ

    မြင်ကွင်းက တပြန့်တပြောကြီး အဲဘက်က ပုံတွေ ကျနော်ထက်အများကြီးလှအောင်ရိုက်ထားကြတာတွေ ရှိတယ်

Leave a Reply