ကိုပေါက်ကြီး ရဲ့ ပို့စ်မှာ သူကြီး မင်း ရဲ့  တရုတ်နာမည်ကို အလာ့ဂျစ် ဖြစ်နေတာ တွေ့လိုက်တော့
စိုင်းခမ်းလိတ် ရေးပြီး စိုင်းထီးဆိုင် ဆိုထားတဲ့ “တရုတ်တန်းဈေးကအဖြစ်အပျက်လေး” အမည်ရှိ သီချင်းလေး က နားထဲတိုးဝင်လာတယ်။

ဒီသီချင်းက သိသူရှားမလားဘဲ။
Youtube  ထဲ မှာ စိုင်းထီးဆိုင် ရဲ့ MTV သီချင်းတွေ အများကြီး ထဲ မှာ ဒီ သီချင်း ကို တစ်ပုဒ်ချင်း အနေနဲ့ မတွေ့ဘူး။
အချစ်သီချင်း မဟုတ်တာ မို့ မင်းသား မင်းသမီး ထည့်ရိုက်လို့ မရတာမို့လားမသိ။
ကိုယ့်အတွက်ကတော့ ငယ်ကထဲ က အကြိုက်ဆုံးတွေထဲ ပါသမို့ ဘယ်တော့မှ မမေ့မဲ့ နားထောင်လို့ ဘယ်တော့မှ မရိုးခဲ့တဲ့ သီချင်းလေး ပါ။
ဒီလောက် ကောင်းတဲ့ အတွေးအခေါ် နဲ့ စာသားမျိုး တွေ ဒီ ခေတ်မှာ မရနိုင်တော့ဘူးထင်ရဲ့။
ဒီသီချင်း ကို စိုင်းခမ်းလိတ် စပ်ချိန်မှာ လူငယ် အရွယ်ပါ။
. ခေတ် ကို မြင်ပြီး လှောင်တဲ့ အကြောင်း ကို ရသ ထည့်ပြီး ပြနိုင်ခဲ့တာမျိုး ဒီနေ့ မျိုးဆက်သစ်တွေ ထဲမှာ တကယ်ဘဲ မထွက်တော့ဘူးလား။

ဒီလို သီချင်းတွေ ခံစားတတ်လွန်းလို့ဘဲ ဒီလို နိုင်ငံရေး တွေ ကို စိတ်ဝင်စားခဲ့သလား။
. နိုင်ငံရေး ကို စိတ်ဝင်စားလို့ဘဲ ဒီလို သီချင်း တွေ ကို နှစ်ခြိုက်လေသလား။
မပြောတတ်။

ဒီနေ့ခေတ်မှာတော့ ထိုထို သောအလားတူ မိန်းမကြီး များ ဈေးထဲ သွားပြီး ကြုံ ရာလူ ကို ကြွားလုံးထုတ် နေဖို့ မလိုတော့။
သူကြီးမင်း အမည်တပ် ထားသော “ဂဋ္ဌုန် ပြာ” ကြီးပေါ်မှာ ပုံမျိုးစုံ အပြိုင်အဆိုင် တင်ပြီး ပြပွဲ လုပ်နေနိုင်ကြပြီ။
တစ်နေ့ တစ်နေ့ တက်တက်လာ တဲ့ မရိုးနိုင်တဲ့ မိုးပျံ ကြွားပွဲ တွေ ကို ဘယ်လို ရှောင်ရမယ် ဆိုတာ အကြံထုတ်မရသေး။
ဒါမျိုးတွေကို ပြုံးလှောင်လှောင်ကြပြီး အနှိမ်ခံ အောက်ခြေ လူထု အတွက် ရပ်တည် ပေးမဲ့ (ဆရာကြီး ဒေါက်တာ) စိုင်းခမ်းလိတ် တို့လို ပညာတတ် အနုပညာသည် ကြီးများ ကို လွမ်းမိပါဘိတော့။

ဒီ သီချင်းက တစ်ပုဒ် ချင်း  ကို ရှာမရလို့ တွေ့လိုက်တဲ့ အခွေလိုက်  ကိုဘဲ တင်လိုက်ပါတယ်။
တတိယ အပုဒ် 00:06:55 မှာ ဒီ သီချင်း ကို သွားပြီး နားထောင်နိုင်ပါတယ်။
တကယ်တော့ တစ်ခွေလုံး ကို ညွန်းချင်ပေမဲ့ အချိန်မရှိလို့။
အခွေ ရဲ့ ခေါင်းစဉ် “လူကြမ်းမင်းသား” သီချင်း ကလဲ အဓိပ္ပါယ်ရှိလွန်းပါတယ်။
“လူကြမ်း ခမြာ ပုံသဏ္ဍာန် မှန်လေလေ လူတွေ ချဉ်လေလေ ဖြစ်ရတယ်”
“ဇာတ်ကြမ်းသမား အဖြစ်ဟာလေ ကောင်းတိုင်းလဲ အကောင်းထင်မခံရဘူး”
အဲဒါက ၉ပုဒ် မြောက်  00:30:12 မှာ သွားနားထောင်နိုင်တယ်။
ကိုယ်ကတော့ မင်းသား ကိုညွန့်ဝင်း တို့ ကိုဝင်းဦး တို့ ထက် လူကြမ်းမင်းသား “ကိုအံ့ကျော်” ကို ပိုကြိုက်သူ မို့ ဒီ သီချင်း က အကြိုက်တွေ့ရပြန်တာပါဘဲ။

-Playlist:
00:00:01 – လိုချင်တာ မိဖုရား၊ ညားတော့ ဘုရင်မ
00:02:53 – ဒီထက်ပိုပြီး မတတ်နိုင်ဘူး
00:06:55 – တရုတ်တန်းဈေးကအဖြစ်အပျက်လေး
00:10:05 – နေရာတိုင်းမှာ
00:14:14 – နံရံ ကိုလက်သီးနဲ့ ထိုးမိတယ်
00:17:59 – ဥတ္တရလေ
00:21:48 – ကလေးချော့တေး
00:26:24 – မင်းကလဲမင်း ငါကလဲငါ
00:30:12 – လူကြမ်းမင်းသား
00:33:02 – အရှုံးနဲ့ အရင်းတည်မယ်
00:36:30 – ငါအရက်သောက်တာ မင်းမကြိုက်ဘူး
00:39:02 – ဒုက္ခနဲ့လူသား
00:43:43 – ဆင်းရဲသားအတွေး
00:47:52 – ခရစ်စမတ် အလွမ်း
00:51:11 – အဖေရောက်တဲ့အခါ ပြန်နှိုးပါ
00:55:18 – မြဲနေတဲ့ တွဲလက်တခု

တရုတ်တန်းဈေးကအဖြစ်အပျက်လေး

* ဂဏန်းခြောက်လုံး ချီပြီးတော့ ချမ်းသာလှတဲ့ ပွဲရုံတစ်ခု က ပွဲကတော်ဆိုလား
* တရုတ်တန်းဈေး ကို ကားကြီးစီးကာလာ
* စိန်တွေ ရွှေတွေ တဖြတ်ဖြတ်
* ကိုယ်နေဟန်က မတ်မတ်
* လေသံက မာဆတ်ဆတ်
* ဖဲဘယ်လောက် ရှုံးကြောင်း ဂုဏ်ယူ သူကြွားနေ
* ယုံချင်ယုံ မယုံချင်နေ
* တကဲ့အဖြစ်အပျက်ပါ ဘုရားစူး ဈေး
* ယုံချင်ယုံ မယုံချင်နေ
* တရုတ်တန်းဈေးကအဖြစ်အပျက်လေး။

* ခုတ်ဖို့ ထစ်ဖို့ ပါးပါးလှီးဖို့ အကွက်ကောင်းစောင့်တဲ့
* မုဆိုးတစ်ပိုင်း မှောင်ခိုသည်
* တစ်ယောက်က တစ်ယောက်ကို မျက်စိမှိတ် အချက်ပေး
* ဘယ်အဆင်က ဘယ်လို လှမှန်း
* ဘယ်အရောင် နဲ့ ဘယ်လိုလိုက်မှန်း
* နဝင်ချို စေတဲ့ စကားလုံး
* အကောင်းသုံးသပ်လို့ တမင်တကာ ချန်ထားသလို
* ယုံချင်ယုံ မယုံချင်နေ
* တကဲ့အဖြစ်အပျက်ပါ ဘုရားစူး ဈေး
* ယုံချင်ယုံ မယုံချင်နေ
* တရုတ်တန်းဈေးကအဖြစ်အပျက်လေး။

* မြှောက်လို့ မြှောက်မှန်း မသိတဲ့ ပွဲကတော်
* တဟဲဟဲ နဲ့ သဘောတွေ့မနှောခွေ့လေတော့
* ထွက်သွားပေါ့လဟယ် အိတ်ထဲ က ရာတန်
* ဘယ်အလှူကုန်တာ ဘယ်လောက်တဲ့
* ဘယ်မင်္ဂလာဆောင် ဘယ်လောက်ဖွဲ့
* ကြုံရာလူ ကို ကြွားရင်း
* ငရုတ်သီး တမတ်ဖိုး ဝယ်မလို့ သူ ဆစ် နေ
* ယုံချင်ယုံ မယုံချင်နေ
* တကဲ့အဖြစ်အပျက်ပါ ဘုရားစူး ဈေး
* ယုံချင်ယုံ မယုံချင်နေ
* တရုတ်တန်းဈေးကအဖြစ်အပျက်လေး။

* ချွေးနဲ့ရင်းပြီး တစ်နှစ်ပါတ်လုံး စိုက်ပျိုးမှရတဲ့
* ငရုတ်သီးရောင်းသူ ခမျာမှာ
* ပစ္စည်းကောင်းမို့ ဈေးကောင်းတောင်းချင်လည်း
* မြန်မြန်ပြန်ချင်တဲ့အရေး မြန်မြန်ကုန်ချင်တဲ့ အရေး
* လေသံ က တုန့်နှေးနှေး
* ဈေးဦးပေါက်မို့ ယူပါ သူ လျှော့ပေး
* ယုံချင်ယုံ မယုံချင်နေ
* တကဲ့အဖြစ်အပျက်ပါ ဘုရားစူး ဈေး
* ယုံချင်ယုံ မယုံချင်နေ
* တရုတ်တန်းဈေးကအဖြစ်အပျက်လေး။

* ပွဲစားကြီး ကတော် ဈေးပေါက် ကအထွက်
* ခွက်ကလေးတစ်ခွက် နဲ့ သူတောင်းစားတစ်ယောက် ကို မြင်တော့
* ချွင် ကနဲလေ တမတ်စိ ပစ်ချသွား
* အဂါင်္စုံ တဲ့လက်နဲ့
* ခန္တာစိုပြေ လက်နဲ့
* ရေသာခိုတဲ့ သကောင့်သား
* ဌေးသထက် ဌေးအောင် သူလေဆုတောင်းပေး
* ယုံချင်ယုံ မယုံချင်နေ
* တကဲ့အဖြစ်အပျက်ပါ ဘုရားစူး ဈေး
* ယုံချင်ယုံ မယုံချင်နေ
* တရုတ်တန်းဈေးကအဖြစ်အပျက်လေး။

* ယုံချင်ယုံ မယုံချင်နေ
* တကဲ့အဖြစ်အပျက်ပါ ဘုရားစူး ဈေး
* ယုံချင်ယုံ မယုံချင်နေ
* တရုတ်တန်းဈေးကအဖြစ်အပျက်လေး။

About မြစပဲရိုး

Khin Latt has written 240 post in this Website..