11021149_1606690429553077_2216506750538284352_n

10256184_1606690382886415_8836933305444452790_n

10998868_1606690366219750_8078163711496899480_n

10348458_1606690239553096_7420745025555351929_n

10991135_1606690506219736_6743211199311733501_n

10481950_1606690349553085_6435249259450433708_n

10432481_1606690332886420_1051782715615680432_n

11009986_1606690516219735_2489707742334383064_n

 

 

– မေ့သွားမှာစိုးလို့ ပြန်လာပြီး မိတ်ဆက်တာ… ရေမြေ့သနင်းပါ… ဖွဘွတ်မှာ ကိုထွဋ်… လမ်းတွေ့ရင် နှုတ်ဆက်ပါနော်…

– ဒါလေးက အဘွား အမွေ မြိတ်ကော်ပြန့်စိမ်းပါ… မြိတ်မှာ ဒေါ်ခင်နုဆိုပြီး ရောင်းပါတယ်…

– လုပ်တတ်လားဆို နိုးပါ… အဒေါ် အဖေ့ ညီမ လာတုန်းက လုပ်စားထားတာပါ…

– မုန့်သား လိပ်တဲ့ အရွက် ကိုယ်တိုင်လုပ်တာပါ… နူးညံ့ပါတယ်… ပါးစပ်ထဲ ထည့် သွားလေးနဲ့ ကိုက်တောင် မကိုက်ရပါဘူး.. တင်ရုံနဲ့ ပြတ်ပါတယ်…

– အစာကတော့ စိမ်းစားဥကို မုန်လာဥတွေ ဂေါ်ဖီတွေ နေရာမှာ သုံးပါတယ်… အချိုပိုလေးအောင်ပါ…

-နောက်တခုက အချဉ်ရည် ၂ မျိုးပါ.. အချို နဲ့ အစပ် (၂ ခုလုံး ထည့်ရပါတယ်… )

-အချိုက ကြက်သွန်ဖြူ နဲ့ လုပ်ပြီး၊ အစပ်က ငရုတ်သီးခြောက်ကို ရေဆေးထောင်းပြီး ပအုန်းရည်နဲ့ လုပ်ပါတယ်…

-အရင်ဆုံး ဆလပ်ခင်းပါတယ်… အချဉ်ရည် ၂ မျိုးလုံး ထည့်ပါတယ်… စိမ်းစားဥကြော် ထည့်ပါတယ်..

-အပေါ်က ဘိုစားပဲ၊ ဘဲဥအချပ်လိုက်ကြော် သေးသေးလေးတွေ ညှပ်ထားတာ ဖြူးပါတယ်… ပဲပင်ပေါက် ရေနွေးဖျော် ထည့်…

-နံနံပင်၊ ကြက်သွန်ဖြူ ဆီချက်၊ ကြက်သား သို့မဟုတ် ဂဏန်း (၂ မျိုးလုံးထည့်လဲ ရ…)

-ပြီးရင် လိပ်ပြီး ကတ်ကြေးလေးနဲ့ ဖြတ်ပြီး စားရုံပါ… အချဉ်ကြိုက်သေးရင် အပေါ်က အချို သို့မဟုတ် အစပ် နှစ်သက်ရာ ထပ်ဆမ်းပြီး စားလို့ရပါတယ်..

-အောက်က ဌက်ပျောရွက်ခံရင် ပိုကောင်းပါတယ်…

 

 

ရေမြေ့သနင်း

About Yae Myae Tha Ninn

Yae Myae Tha Ninn has written 114 post in this Website..

မြိတ်သား၊ မိတဆိုး၊ ကလေးအဖေ၊ သားကောင်းဖခင်ကောင်းခင်ပွန်းကောင်းသားမက်ကောင်း ဖြစ်အောင် ကြိုးစားနေသူ... အောင်မြင်ခြင်း မအောင်မြင်ခြင်းကတော့ အခြေအနေအချိန်အခါအကြောင်းအရာပေါ်မူတည်မှာပဲ...