အန ္တရာယ်နံပါတ်-၈

sofiadimpleAugust 26, 20101min420

အန ္တရာယ်နံပါတ်-၈

ဒီနေ့တော့ နောက်ဆုံးနံပါတ်ကို ရောက်လာပါပြီ။ ဒီအန ္တရာယ်ကပြောထားတာကတော့ သစ်တုံးကြီးဟာ ရေထဲမှာမျောလာရင်းနဲ့ တဖြည်းဖြည်း ဆွေးမြေ့ပုပ်ပွပြီး ပျက်စီးသွားရပြီဆိုရင်လည်း သူဦးတည်တဲ့သမုဒ္ဒရာထဲကို ရောက်မှာမဟုတ်ဘူးလို့ပြောထားပါတယ်။ ဒါက လည်းကြုံတွေ့ရမယ့် အန ္တရာယ်တစ်ခုဖြစ်တာကြောင့် သိဖို့လိုအပ်ပါတယ်နော်။

ကဲဒါလေးကို ဒို့ခန္ဓာနဲ့ယှဉ်ပြီးစဉ်းစားကြရအောင်ပါ။ တကယ်တော့ ဒါဟာဘာကိုဆိုလိုသလဲဆိုရင် ကိုယ်ကျင့်တရားကိုပါပဲ။ အင်း..တကယ်တော့ ဘဝကို မြှင့်တင်ပေးနိုင်သောအရာသည် ဓမ္မနှင့်ဆိုင်သော ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာ ဖြူစင်မြင့်မြတ်ခြင်းပဲမဟုတ်ပါ လား။ ငွေကြေးဥစ္စာ၊ရာထူးဂုဏ်သိမ်အဆောင်အယောင် စတဲ့ ရုပ်ပိုင်းဆိုင်ရာ ကြီးမြင့်မှုတွေ ဘယ်သို့ပင် ကြီးကျယ်နေပါစေ ၊ကိုယ်ကျင့်သိက္ခာ ပိုင်းဆိုင်ရာမှာမဖြူစင်၊မမြင့်မြတ်ဘူးဆိုရင်ဘဝတန်ဖိုးမှာအနိမ့်ဆုံးအဆင့်မှာရောက်နေပြီလို့သာသတ်မှတ်လိုက်ပေတော့။အင်းဒီကိုယ်ကျင့် တရားပျက်စီးခြင်းကလည်းလေ လောကဓံတွေ အပေါ်မှာစိတ်ဓါတ်ကြံ့ခိုင်မှုနဲ့ အများကြီးပတ်သက်နေတယ်နော်။ လူရယ်လို့ ဖြစ်လာမှတော့ လောကဓံ(၈)ပါးက အလှည့်ကျတိုက်နေတာ ခံကြရမှာပဲလေ။ အင်း ဒီဒဏ်တွေမခံနိုင်ရာကနေပဲ ကိုယ်ကျင့်တရား တွေ ပျက်စီး သွားကြရ တာပါပဲမလား။ ဆင်းရဲတဲ့လောကဓံနဲ့ ကြုံတော့  ချမ်းသာချင်တယ် ။ချမ်းသာဖို့ ကြိုးစားရာကနေ မလုပ်သင့်တာတွေလုပ်ပြီး ကိုယ်ကျင့်တရား တွေပျက်ရတယ်။ နောက်တစ်ခါ ချမ်းသာတဲ့ လောကဓံနဲ့ကြုံပြန်တော့လည်း မခံနိုင်ပြန်တာကြောင့် ဒီအပေါ် သာယာ နစ်မွန်းလို့ ပျက်စီး ချင်တိုင်း ပျက်စီးကြရပါတယ်။ အင်း…ဒါတွေဟာ သံသရာခရီးမှာ လျှောက်နေကြရတဲ့ ဒို့တွေအနေနဲ့ အထူး သတိထား ဆင်ခြင်ရမယ့် အရာ တွေပဲနော်။ ခုပဲကြည့်လေ ဒို့ နေ့စဉ်လှုပ်ရှားရုန်းကန် နေရတဲ့လူမှုပတ်ဝန်းကျင်မှာ ကိုယ်ကျင့်တရားပျက်စီးစေဖို့ လမ်းပြ တွေက အများကြီး ပါနော်။ ဘယ်နေရာပဲသွားသွား တွေ့လိုက်ရတဲ့ အရက် ဆိုင်တွေက မရေမတွက်နိုင်တော့ပါဘူး။ အင်း လောကကို အလှ ဆင် ပေးနေသော တရားနှစ်ပါး ဖြစ်တဲ့ ရှက်ခြင်း၊ ကြောက်ခြင်းဆိုတာတွေက လည်းတဖြေးဖြေး မှေးမှိန်ပျောက်ကွယ်လာပါပြီ။ ခုများ ဆိုပို ဆိုး သေး။ ဒါတွေက တဖြေးဖြေး ကိလေသာနွံထဲကရုန်းမထွက်နိုင်အောင် ဆွဲချ နေကြပြီမို့ အင်းအသိဉာဏ်လေး နဲ့သတိတရားလေး သာမရှိလို့ ကတော့ သွားပြန် ပေါ့။ ပေါ်လမ်းရယ်လို့မမြင်နိုင်။

တကယ်တော့ ဒီကိုယ်ကျင့်တရားကို သီလနဲ့ထိန်းဖို့ သိထားပြီးဖြစ်တယ်နော်။ သီလပျက်သောသူသည် ကိုယ်ကျင့်တရားပျက်သူနှင့် တူပေသောကြောင့် ကိုယ်ကျင့်တရားကောင်မွန်ဖို့ အခြေခံအုတ်မြစ်သည် ဒီသီလပါပဲလားလို့သိထားပါတယ်။ ဒါကြောင့်လည်း ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲအောင်စောင့်ထိန်းကြရမယ်ဆိုတာကို ဒို့ ဗုဒ္ဓဘာသာဝင်တိုင်းသိပြီးဖြစ်ပါတယ်နော်။ အင်းခုလည်း ဒီသစ်တုံးပမာ တရား တော်ကနေ ကိုယ်ကျင့်တရားရဲ့ အရေးကြီးပုံကို အန ္တရာယ်တစ်ခုအနေနဲ့ ဖော်ပြထားတာကြောင့် ဒို့တော့ ကိုယ်ကျင့်သီလကို အထူးကောင်း မွန်အောင် ကြိုးစားဖို့နဲ့ ကိုယ်ကျင့်တရားပျက်စီးသောသူသည် ကိုယ့်ကိုယ်ကို ဖျက်စီးသူနဲ့တူတယ်ဆိုတာကို ရေထဲမှာဆွေးမြေ့ပုပ်သိုးပျက်စီး ရတဲ့ သစ်တုံးကြီးကိုကြည့်လို့ သင်ခန်းစာယူကြပါစို့လို့ ပြောရင်းနဲ့ပဲ နောက်ဆုံးနံပါတ်လေးနဲ့ နိဂုံးချုပ်လိုက်ပါရစေ။

ဒီသစ်တုံးပမာတရားလေးလည်း ခုမှပဲ အစမှအဆုံးထိ စုံလင်သွားပါပြီ။ ဒါကို ဥပမာယူလို့ ဒို့အားလုံးလည်း ကြုံတွေ့လာနိုင်မယ့်                အန ္တရာယ် (၈)မျိုးကနေ လွတ်နိုင်အောင် ရုန်းထွက်ကြရင်း သံသရာမြစ်ပြင်မှသည် နိဗ္ဗာန်သမုဒ္ဒရာဆီသို့ အမြန်ဆုံး ခရီးနှင်ကြပါစို့လား….

တစ်စုံတစ်ရာလိုအပ်ချက်များရှိပါက ပြုပြင်ပေးကြပါရန်နှင့် အကြံဉာဏ်လေးများလည်း ဝေဌကြပါဦးလို့…..