သူ မရှိတဲ့ အချိန် ဘယ်သူ့ ကို အားကိုးကြမလဲ တဲ့။

အဖြေ က ရှင်းရှင်း လေးပါ။
“စနစ်ကောင်း” တစ်ခု ကို အားကိုးချင် ပါတယ်။

“အားကိုးချင်” လို့ဘဲ ပြောတာ က “အားကိုးလို့ မရနိုင်သေး” လို့ ဆိုပါတယ်။
ဘယ်လူ ကို မှ ကြည့်နေ အားကိုး နေစရာ မလို တဲ့ ကောင်းမွန် ပြီး အားကိုးရတဲ့ စနစ်ကောင်း လေး တစ်ခု ရ အောင် လားရာတူ ကို ဝိုင်းပြီး တွန်း ပေးကြပါ။
ဒီတစ်ခါထဲ ပါ။
ဒီလို လူ တစ်ယောက် နောက်ထပ် မရနိုင်တော့ လို့ပါ။
သူ မရှိ ရင် ဘယ်သူ ဆိုတဲ့ မေးခွန်းတွေ မေးနေမဲ့ အစား သူမရှိလဲ ရ အောင် ဒီတစ်ခါတော့ ညီညွတ်ပေးကြပါ။

. ပြောကြလေ့ ရှိတဲ့ စကားလိုပါဘဲ။
ဘယ်သူတက်တက် ကောင်း မှာ မဟုတ်တဲ့။ မှန်ပါတယ်။
စနစ်ကောင်း တစ်ခု ကို ရအောင် အပြောင်းအလဲ မလုပ်နိုင်သမျှ တော့ ဘယ်သူ တက်တက် ဘယ်သူလာလာ အများစီးပွါး ကို ဦးတည်ရာကနေ  ကိုယ့်အကျိုး စီးပွါး အတွက် မြင်ရင် ပြောင်းသွားဖို့ များပါတယ်။
အဲဒီလို လူ တွေ ကို ထိန်းနိုင်မဲ့ “စနစ်ကောင်း လေး” အတွက် ပြောင်းလဲနိုင်ဖို့ ဒီ တစ်ကြိမ်လေးထဲပါ။
မသေချာနိုင်မဲ့ နောင်တစ်ချိန် ဆိုတာ ကို မမျှော်လင့်ကြပါနဲ့။

အခု လောလောဆယ် ဒေါ်အောင်ဆန်းစုကြည် နဲ့သူ့ပါတီ က ဘဲ ဒီလို စနစ်ကောင်း ကိုရ အောင် လုပ်နေတာ ဆိုတာ ငြင်းလိုကြပါသလား။
.ငြင်းချင်လဲ ဘယ်သူခေါင်းဆောင် တဲ့ ဘယ်ပါတီ က တော့ ဘယ်လို စနစ်ကောင်း ကို ပြောင်းနိုင်အောင်လုပ်ပေးမှာ လို့ “ယုတ္တိရှိရှိ” ပြောပြပေးပါ။
ကျွန်မတို့ အဲဒီမှာ ဝင်ပြီး ပြိုင်တူ တွန်းပေး ပါ့မယ်။

အပြင်က နေ ဝေဖန်ရေး လုပ်ရတာ အင်မတန် လွယ်တာ သိကြမှာပါ။
ဘယ်သူက တရားတဲ့ ဘက်က ရပ်မှာလဲ၊ ဘယ်သူ က မတရားမှု တွေ လုပ်နေလဲ ဆိုတာ အသိသာကြီး မြင်နိုင်ပါတယ်။

.လောကကြီး က အပြစ်ကင်း တဲ့ အကောင်းဆုံး တစ်ခု ကို ဘယ်တော့ မှ မပေးတာမို့
အပြစ်အနာတွေ ထဲ က အဖြူစင် အရိုးသား ဆုံး ကို မြင်ပြီး အချိန်မှီ လက်ထဲ ရယူနိုင်ကြပါစေ။

လူပေါ်မှာ အားကိုးပြီး  နေနေ ရတဲ့ ဘဝမျိုး ကို စိတ်ပျက်လွန်းလို့ ပါ အရပ်ကတို့ ရယ်။

ဒီတစ်ခါထဲပါ။ နောက်ဆုံး အခွင့်အရေးပါ။

DASSK

About မြစပဲရိုး

Khin Latt has written 240 post in this Website..

   Send article as PDF