. မြ သည် ဒေါ်အောင်ဆန်းစုကြည် ကို ဝေဖန်ရေး လုပ်သူများ ကို ဘာကြောင့် ရန်လို နေလဲ ကွ ကိုယ် အမြဲ မေးပါသည်။
သူ နိုင်လို့ အစိုးရ တက်လုပ်လဲ ကိုယ့် အတွက် အကျိုးအမြတ် ရစရာလဲ အကြောင်း မရှိချေ။
အခြေအနေကောင်းလဲ ရွာပြန်ပြီး စီးပွါးရေး လဲ လုပ်တတ်သူ မဟုတ်။
ကွကိုယ် ပုံမှန် ဒုံရင်း အလုပ် လေး နဲ့ ကျေနပ်နိုင်သူ ဖြစ်သည်။
အမှန်ပြောရရင် လက်ရှိ နေထိုင်ရာ ကို အသားကျပြီး ရွှေပြည် မှာ ပူ လျှင် မျက်နှာ၊ ခြေ၊ လက် များ ဖောရောင်သည့် အခြေဖြစ်ပါသည်။
. မြ သည် ဇီးသီးသည် မဗျိုင်း ဖြစ်နေလေပြီ။
ဒါကို အသာမနေ ဘဲ ကိုယ့်ထမင်းကိုယ်စား အကုသိုလ်ပွါး နေတာ သိပ်တော့ အလုပ်မဟုတ်ပါ။

သိပင်သိငြား လစ်လျု မပြုနိုင်အောင် မြ ရဲ့ စိတ်ဒါဏ်ရာသည်ကြီး လှသည်။
. မြ သိကျွမ်းခဲ့ဘူးသည့် စာသင်ခန်း ကို ကျောခိုင်းခဲ့ရသည့် ကလေးတွေ သည် ယခုအချိန်မှာ မြေးပင်ရလောက်နေပြီ။
သူတို့ သားသမီးလေးများ မှာလဲ စာသင်ဖို့ အခွင့်ရမည် မဟုတ်။
တကယ်တော့ သူတို့သည် ရွှေပြည် မှာ ရှိသည့် ကလေး အများစု ၏ ကိုယ်စားပြု ပုံရိပ်များပင် ဖြစ်ပေမည်။
ကိုယ့်သားသမီးကို စာတတ်အောင် တွန်းပို့ နေချိန် ကမ္ဘာ့ တစ်ဖက် မှာ စာမသင်ရလို့ အစဉ်အဆက် ဘဝ နိမ့်ကျနေတဲ့ သူတွေ အများကြီး ရှိနေသည်။
. မြ စိတ်ထဲ သူတို့ အပေါ် တာဝန်မကျေ သလို အမြဲခံစားရသည်။
တကယ်တော့ သူတို့ အတွက် တိုင်းပြည် ဘဏ္ဍာတွေ ရှိ၏။
သို့သော် သူတို့ အတွက် ပျိုးထောင်ရန် အခွင့်မရ။
ထို ကလေးများ ရဲ့ နိမ့်ကျ လာသော ပမာဏ နှင့် တူညီ သော ကြွယ်ဝမှု များ ပေါ်ပေါက်လာခဲ့ သောကြောင့် ဖြစ်သည်။

ဒါကို မြ လုံးဝ မကျေနပ်ပါ။
သူတပါး ကြွယ်ဝ တာ ကို မနာလို မရှုစိမ့် ဖြစ် လောက်အောင် မြ စိတ်မယုတ်မာပါ။
သို့ပင်သို့ငြား ကိုယ့် ကိုယ်ပိုင် အရည်အချင်းမဟုတ်ဘဲ တိုင်းပြည် ကို အသုံးချပြီး ကြွယ်ဝ မှု များ အတွက်တော့ သဘောထားမကြီးနိုင်ပါ။
ထိုသူများကြောင့် မြတို့ ရဲ့ ကလေးသူငယ်အများစု လမ်းမှား ရောက်ကြသည်။ ဘဝ တုံးရသည်။

ဒီအတွက် ထိုလူတန်းစား ကို မြတို့ ဖယ်ရမည်။
ဖယ်နိုင်ရန် ဦးစီးဦးဆောင် ပြုနိုင်သည့် ခေါင်းဆောင် လဲ ရှိနေသည်။
ဒီအတွက် မြ အားတက် မိသည်။
တစ်ဖက် ကလဲ အကြီး အကျယ် စိုးရိမ်သည်။
. နှစ်ပေါင်းများစွာ အသိပညာမဲ့ အောင် အညွန့်ချိုး ပြီး လှောင်ပိတ်ထားခံရသူတို့ ရဲ့ စိတ်ဓာတ်ရေးရာ များသည် ထင်ထားသည် ထက် ပို၍ ကြောက်စရာကောင်းအောင် နိမ့်ကျနေတော့သည်။
အဆိုးဆုံး မှာ ရွှေပြည်၌  လူတန်းစား အလွှာတိုင်း ၌ “လူသားဆန်သည့် စိတ်ဓာတ်” သည် အများစု မှာ ပျောက်ကွယ်နေ၏။
ထိုအထဲမှာ “ကိုယ်ချင်းစာစိတ်” ဆိုတာလဲ ပါသွားခဲ့သည်။
လူ ကို လူချင်း စာနာ သနားမှု မှာ ပေါ်မလာနိုင်တော့။
ဒါကြောင့် ငါ လုံခြုံ ရင်ပြီးရော၊ ငါ ဝမ်းဝရင်ပြီးရော၊ ငါ သားသမီး စာတတ် ရင်ပြီးရော စိတ်များသာ သူ့ထက်ငါ ထွက်လာနေတော့သည်။
မရှိသူ ကို စားဖို့ သုံးဖို့ စွန့်ကြဲ ပေး လိုက်နိုင်ရင်ဘဲ ဂုဏ်ယူစရာ ဖြစ်ကြသည်။
ထို မရှိဆင်းရဲ သူများ ကို မရှိ ဆင်းရဲ မဖြစ် အောင် ဘယ်လို ပံ့ပိုး သင့်သည် မတွေးတတ် ကြတော့ပေ။
မရှိ ဆင်းရဲ သူများဟာလဲ စားဖို့ တောင်အနိုင်နိုင် ဘဝ နဲ့ မျိုးဆက်များ ကို ပညာဖြင့် မြင့်အောင် မစွမ်းနိုင်တော့။
ဒီလို နဲ့ လူ့အလွှာ သံသရာကြီး မပြတ် လည်နေတော့သည်။

ထို ယခု လာတော့မည့် ရွေးကောက်ပွဲ မှာ ကိုယ်လိုချင်သလို ရလာဒ် ရမည် မမှန်းရဲ ပါ။
.လောလောဆယ် နိုင်လျှင် ဘာဖြစ် မည်နည်း လို့ တွေးသည့် အဆင့် ပင် မရောက် နိုင် အောင် ရှုံးမည် ကို စိုးရိမ် လှပါသည်။
တစ်ဖက် က ရှုံး လျှင် သူတို့ အတွက် ဆင်ပိန် ကျွဲ သာ ဖြစ်ပြီး ဘဝ ပျက်စရာ မရှိ။
တိုင်းပြည် တိုးတက် လျှင် သူတို့ လဲ အနည်း နဲ့ အများ တော့ တက်ဖို့ ပင် ရှိမည်။

သို့သော်
လယ်ရီ ဆိုသည့် ဆရာ့ ဆရာကြီး တစ်ယောက် ဟောကိန်းထုတ်ထားသလို ကိုယ့်ဖက်က ရှုံးပြီး အစိုးရဖွဲ့ ခွင့် မရှိပါက စိတ်ဓာတ်ယုတ်နိမ့်သူများ နေရာ ဆက်ယူမည်။
စနစ် ဆိုး အောက်မှာ လူများ စိတ်ဓာတ်ပိုပျက်လာမည်။
ချမ်းသာ ဆင်းရဲ ပိုပို ကွာလာမည်။
ကမ္ဘာ့အလည် စာရိတ္တအပျက်ဆုံး နိုင်ငံ ဖြစ်လာမည်။
မကောင်းသောစိတ် ရှိသူ သည် မကောင်းသော အလုပ် ကို သာ ဆက်ဆက်ပြီး လုပ်ပေလိမ့်မည်။
အကယ်၍ ကောင်းသောသူ ဖြစ်ပါက ဒီအချိန်သည် မကောင်းမှုများ ကို ရပ်တန်းမှ အရပ်သင့်ဆုံး အချိန်ပင်တည်း။
ဒီအချိန် မှာ မှ မရပ်ကြလျှင် (သို့) သူတို့ ကို ရပ် အောင် အားမထုတ်နိုင်ကြ လျှင် အနာဂါတ်မှာ ကောင်းလာနိုင်ဖို့ အကြောင်း ရှိနိုင်မည်လား။
. မြ တော့ မထင်ပါ။

. မြ အထင် လွဲပါစေသား။

About မြစပဲရိုး

Khin Latt has written 240 post in this Website..